နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်ဂိတ်က အင်္ဂလန်ရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြ တစ်ဦးပါလို့ ဆိုလိုက်တဲ့ ဟယ်ရီကိန်း | ယူရို ၂၀၂၄

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ မကြာသေးခင်ကမှ နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားတဲ့ ဂါရတ်သ် ဆောက်ဂိတ်ကို အကြီးအကျယ် ချီးကျူးသွားခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ သဘော ဆန္ဒနဲ့သူ ရာထူးက နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။ 

အင်္ဂလန် အက်ဖ်အေဟာ ဆောက်ဂိတ်ကို ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ထွက် နည်းပြ အဖြစ် ဆက်လက် ခန့်အပ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ် ကတော့ သူ ၈ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ အင်္ဂလန် နည်းပြ ရာထူးကို စွန့်လွှတ်သွားခဲ့တာပါ။ ဒီအခြေအနေမှာ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အင်္ဂလန် အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ ဆောက်ဂိတ် ကသာ အကြီးကျယ် အခမ်းနားဆုံး နည်းပြ တစ်ဦး ဖြစ်တယ်လို့ အသိအမှတ်ပြု ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြဟောင်း ဆောက်ဂိတ်နဲ့ ပတ်သက်လို့ ဟယ်ရီကိန်းက အင်တာဗျူး တစ်ခုမှာ အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကိန်းက “နည်းပြကြီးရေ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ နိုင်ငံ အတွက် နည်းပြကြီး လုပ်ဆောင်ပေးခဲ့တဲ့ အရာအားလုံး အတွက် ကျေးဇူးအထူးတင်ပါတယ်။ နည်းပြကြီးက အင်္ဂလန်ရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်လည်း နည်းပြကြီးရဲ့ အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ အတွက် ဝမ်းသာပီတီ ဖြစ်ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

သူ့ လက်ထက်မှာ အင်္ဂလန်က ယူရို ၂၀၂၀နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ အဆင့်တွေ အထိ ရောက်ရှိခဲ့သလို ၂၀၁၈ ကမ္ဘာဖလား မှာလည်း စတုတ္ထနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အင်္ဂလန် အသင်းနဲ့ ၈ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ဆောက်ဂိတ်

ဆက်လက်ပြီး ဟယ်ရီကိန်းက“နည်းပြကြီးက ကျွန်တော်တို့ အသင်းသားတွေကို တစ်နိုင်ငံလုံးနဲ့ ချိတ်ဆက်ဖို့ ကူညီပေးနိုင်ခဲ့တယ်။ မီးမောင်းထိုးပြစရာ ဖြစ်ရပ်တွေ အများကြီး ရှိခဲ့ပြီး ကျွန်တော်တို့ အတူတကွ အမှတ်တရတွေ ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒီအမှတ်တရတွေ ကလည်း အမြဲတမ်း တည်မြဲနေမှာပါ။ နည်းပြကြီးရဲ့ နောက်ထပ် ခြေလှမ်းအသစ်မှာ ကံကောင်းပါစေလို ကျွန်တော် ဆုတောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့တွေလည်း ထပ်တွေ့ကြမယ် ဆိုတာ သေချာပါတယ်။ ကျေးဇူးတင်ပါတယ် နည်းပြကြီးရေ” လို့လည်း ပြောဆိုခဲ့ပါတယ်။

ဂါရက်သ် ဆောက်ဂိတ်ဟာ အင်္ဂလန် ယူ ၂၁ နည်းပြ အဖြစ် စတင် ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မှာတော့ လက်ရွေးစင် အသင်းကြီး နည်းပြ အဖြစ် ပြောင်းလဲ ကိုင်တွယ်ခဲ့တာပါ။ သူ့ လက်ထက်မှာ အင်္ဂလန်က ယူရို ၂၀၂၀နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ အဆင့်တွေ အထိ ရောက်ရှိခဲ့သလို ၂၀၁၈ ကမ္ဘာဖလား မှာလည်း စတုတ္ထနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေအထိ ရှိခဲ့ပေမယ့်လည်း ဆောက်ဂိတ်ဟာ အင်္ဂလန် ဘောလုံးလောက တစ်ခုလုံးက လိုအပ်နေတဲ့ ဆုဖလားတွေ ကိုတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ 

အင်္ဂလန်ဟာ အသင်းမှာ ထိပ်တန်း ကစားသမားတွေ တပုံတပင် ရှိနေခဲ့သည့်တိုင်အောင် ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းက ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဓိက ကတော့ ဆုဖလားတွေကို ခြိမ်းခြောက်နိုင်တဲ့ အဆင့် ရှိခဲ့ပေမယ့် အချိန်တန်ရင်တော့ ဒုတိယနဲ့ပဲ ကျေနပ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ဘောလုံးအဖွဲချုပ်ဟာ ဆောက်ဂိတ် ကိုပဲ အသင်း နည်းပြ အဖြစ် အမြဲတမ်း တာဝန်ပေးချင်ခဲ့တယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်