ဗစ်တိုးရီးယား ပလယ်ဇန် – မန်ချက်စတာယူနိုက်တက်
ချန်ပီယံလိဂ် အပြီးမှာတော့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် ၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ယူနိုက်တက် ကတော့ ဗစ်တိုးရီးယား ပလယ်ဇန်ကို ချက်မြေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယား ပလယ်ဇန် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားခြင်းနဲ့ အတူ ရလဒ်တွေ ကောင်းမွန်နေတဲ့ အသင်း ဖြစ်ပါတယ်။ ပလယ်ဇန် အနေနဲ့ အခုနှစ် ယူရိုပါလိဂ် မှာ ရှုံးပွဲ လုံးဝ မရှိသေးသလို အဖွင့် ၃ ပွဲဆက် သရေကျခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ ဒါ့အပြင် ဗစ်တိုးရီးယား ပလယ်ဇန် ဒီရာသီ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးပဲ သူတို့ရဲ့ ဒူးဆန် အရီနာ မှာ ဆိုရင် ပြိုင်ဘက်တိုင်းကို ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်လို့ ယူနိုက်တက်တို့ လွယ်ကူနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာပါပဲ။
ယူနိုက်တက် ကတော့ ဒီနှစ် ယူရိုပါလိဂ်မှာ ဗစ်တိုးရီးယား ပလယ်ဇန် လိုပဲ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့် ၂ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပြီးတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ နိုင်ပွဲတွေ မဖြစ်မနေ ဆက်လက် ရှာဖွေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ လက်တလောမှာ ယူနိုက်တက်က နည်းပြ ရူဘင် အမော်ရင်နဲ့ အတူ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ ရှိထားပြီး စွမ်းဆောင်ရည်ပိုင်းက အားရစရာ မရှိသေးပါဘူး။ ဒီရာသီမှာ ယူနိုက်တက်က အဝေးကွင်း ရှုံးပွဲ ၃ ပွဲ ရှိထားပြီးတော့ ယူရိုပါလိဂ် မှာတော့ အဝေးကွင်းမှာ သရေ ၂ ပွဲ ရှိထားပြီး နိုင်ပွဲ မရသေးပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ အိမ်ရှင် အသင်း ဘက်က ခရစ္စတိုဖီ ကာဘွန်ဂီ၊ ဆိုင်ကိုရာ၊ ဗယ်လန်တာ၊ အဒူ၊ ဒူရိုဆင်မီ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဗစ်တိုးရီးယား ပလယ်ဇန် – ဂျက်ဒလစ်ကာ၊ ဒွာ့ရ်၊ ဟက်ဂျ်ဒါ၊ ဂျမဲလ်ကာ၊ ကာဒူ၊ ကာ့ဗ်၊ ကယ်လ်ဗက်ချ်၊ ဆိုရေး၊ ဆူလက်၊ ဂျီယာကာ၊ ဗီဒရာ
မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဇ်ရာရီ၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ အန်တိုနီ၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ မလာဆီယာ၊ မောင့်၊ ရက်ရှ်ဖို့ဒ်၊ ဇီယက်ခ်ဇီး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဗစ်တိုးရီးယား ပလယ်ဇန် နိုင်ရင် ၅.၀၀ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၄၉ ဆ၊ သရေ ဆိုရင်တော့ ၃.၉၁ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အဝေးကွင်းမှာ လာရောက် ကစားမယ့် ယူနိုက်တက်က တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းရင်ကို ဂိုးပေါ်သမားတွေ ပျော်ရွှင်ရပါပြီ။ ဗစ်တိုးရီးယား ပလယ်ဇန်က လက်ရှိ ရာသီမှာ အိမ်ကွင်း ကစားပုံ ကောင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ နည်းပြသစ် လက်အောက်မှာ ကစားပုံ အသားကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြေးဖွင့်မှုအရနဲ့ အသင်းကြီး အသင်းငယ် အနေအထားမှာ ယူနိုက်တက်တို့ နိုင်ပွဲ ရအောင် ရှာဖွေသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဂိုးတော့ ပြတ်မယ် မထင်ပါဘူး။
ခန့်မှန်းရလဒ်
ဗစ်တိုးရီးယား ပလယ်ဇန် ၁-၂ မန်ချက်စတာယူနိုက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.