နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင်ဟာ ရှုံးပွဲမရှိ စံချိန်ကို စိတ်မဝင်စားခဲ့ဘူး ဆိုတဲ့ ဂရန်းနစ် ချာကာ | ယူရိုပါလိဂ်

လေဗာကူဆင် ကွင်းလယ်လူ ဂရန်းနစ် ချာကာက သူတို့ အသင်း အနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှုံးပွဲ မတိုင်ခင် ရှုံးပွဲ မရှိ ရာသီ အဖြစ်နဲ့ ရာသီသိမ်းဖို့ စိတ်မဝင်စားခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင် အသင်းဟာ ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အတ္တလန္တာကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့််ခဲ့ပြီးနောက် ၅၁ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်လည်း ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီပွဲမတိုင်ခင် ပွဲပေါင်း ၅၁ ပွဲဆက် ရှုံးပွဲ မရှိထားသလို ပူပူနွေးနွေး ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားတာကြောင့် အားလုံးက လေဗာကူဆင်ပဲ ချန်ပီယံ ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ အတ္တလန္တာရဲ့ မာကျောကျစ်လျစ်တဲ့ ခံစစ်၊ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကြောင့် လေဗာကူဆင်တို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လေဗာကူဆင်ရဲ့ ကစားပုံက တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး အကြိမ်ကြိမ် လူပေးမှားမှုတွေနဲ့ တိုက်စစ် ကလည်း အတ္တလန္တာ နောက်တန်းရဲ့ ထိန်းချုပ်မှု အောက်မှာ အသက် ကင်းမဲ့ခဲ့ပါတယ်။ ယူရိုပါလိဂ်ဟာ အတ္တလန္တာရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရရှိတဲ့ ဥရောပဖလား ဖြစ်သလို ဒုတိယအကြိမ်မြောက် ဆုဖလား ဖြစ်ပါတယ်။ အတ္တလန္တာဟာ ၁၉၆၂/၆၃ မှာ ကိုပါအီတလီယာ ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဆုဖလား ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂတ်စ်ပီရီနီ အတွက်လည်း ပထမဦးဆုံး အကြိမ် ဆုဖလား ရရှိမှု ဖြစ်ပါတယ်။


ပူပူနွေနွေး ဘွန်ဒက်စ်လီဂါ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ထားတဲ့ လေဗာကူဆင်ဟာ ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် လာမယ့် ရက်မှာတော့ ပိုကယ်ဖလား ဗိုလ်လုပွဲကို ဆက်လက် အာရုံစိုက်ရဦးမှာ ဖြစ်ပါတယ်။
ရှုံးပွဲ မရှိစံချိန်ကို စိတ်မဝင်စားခဲ့ဘူး ဆိုတဲ့ လေဗာကူဆင်

ပွဲအပြီးမှာတော့ ချာကာက လေဗာကူဆင် အသင်း အနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် ရှုံးပွဲ မရှိ စံချိန်ကို ထိန်းသိမ်းဖို့ အတွက်တော့ စိတ်မဝင်စားခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ချာကာက “ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ ရှုံးပွဲ မရှိ စံချိန်ကို စိတ်မဝင်စားပါဘူး။ အစကတည်းက ကျွန်တော်တို့ အဲဒါစံချိန်ကို ဂရုမစိုက်ပါဘူး။ ဒါက ပြိုင်ပွဲ တစ်ခု ဖြစ်ပြီး ကံမကောင်းစွာနဲ့ ဗိုလ်လုပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒါ ဘောလုံးရဲ့ သဘောတရားပါပဲ။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော် မနေ့က ပြောခဲ့ပါသေးတယ်။ အတ္တလန္တာကို ချီးကျူးပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ချာကာဟာ ၂၀၁၈/၁၉ ဘောလုံးရာသီက အာဆင်နယ်နဲ့ အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် အဲ့ဒီ အချိန်တုန်းကလည်း ချဲလ်ဆီးကို ဂိုးပြတ် ရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပါတယ်။

ပူပူနွေနွေး ဘွန်ဒက်စ်လီဂါ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ထားတဲ့ လေဗာကူဆင်ဟာ ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် လာမယ့် ရက်မှာတော့ ပိုကယ်ဖလား ဗိုလ်လုပွဲကို ဆက်လက် အာရုံစိုက်ရဦးမှာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပိုကယ်ဖလား ဗိုလ်လုပွဲမှာ အောက်တန်း အသင်း တစ်သင်း ဖြစ်တဲ့ ကိုင်ဇန်စလော့တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ကိုတော့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ် မှာတော့ ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် နောက်ထပ် တစ်ကြိမ် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ၁၉၈၇/၈၈ ခုနှစ်မှာ ယူရိုပါလိဂ် ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး ပိုကယ်ဖလား မှာလည်း ၁၉၉၃/၉၃ ခုနှစ်က တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်