နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂါဘွန်း အဖွင့်လှခဲ့ပြီး နိုင်ပွဲ ကိုယ်စီ ပျောက်ဆုံးခဲ့ကြတဲ့ အဲလ်ဂျီးရီးယားနဲ့ အီဂျစ် | အာဖရိကနိုင်ငံများ ဖလား ပွဲပြီးရလဒ်များ (၁၂/၁/၂၀၂၂)

အာဖရိကနိုင်ငံများဖလား အုပ်စု ပွဲစဉ် (၁) | ပွဲပြီးရလဒ်များ

အာဖရိကနိုင်ငံများဖလား အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားနေခဲ့ပြီး ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့အတူ မထင်မှတ်ထားတဲ့ ရလဒ်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ အဲလ်ဂျီးယားတို့ ပြိုင်ပွဲရဲ့ အသင်းငယ် တစ်သင်း ဖြစ်တဲ့ ဆီယာရာ လီယွန်နီနဲ့ ဂိုးမရှိ သရေကျခဲ့သလို အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ အီဂျစ် ကတော့ နိုင်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဟာ အရင်နှစ်တွေ ကထက် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် သဘော ရှိနေပြီး အသင်းငယ်တွေရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှု တွေကြောင့် အဖွင့် ပွဲစဉ်မှာ ထဲက နာမည်ကြီး အသင်းတွေ အားလုံး နီးပါး ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဒေါ့မွန်
SC ဖရိုင်းဘတ်
1X2 ဒေါ့မွန် @ 1.52
ဒေါ့မွန် အာရှ ဟန်းဒီးကပ် -1.25 @ 2.14
ဂိုးအောက် 3.00 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွန်မရိုစ် ၀-၁ ဂါဘွန်း

ဂါဘွန်း ကတော့ အသင်းခေါင်းဆောင် ပျဲအမ်းမရစ်ခ် အော်ဘာမီယန်း မပါခဲ့သလို အားရစရာ ခြေစွမ်း မရှိခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုနဲ့ ဂါနာတို့ ပါဝင်နေတဲ့ အုပ်စုမှာ အားအနည်းဆုံး အသင်းတွေ ဖြစ်လို့ အားရစရာ ခြေစွမ်းမျိုး မတွေ့ခဲ့ရပဲ ပွဲချိန် ၁၆ မိနစ်မှာ ဘူပန်ဇာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်သာ ဂါဘွန်းတို့ အဖွင့်လှသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် ကွန်မရိုစ် ကတောင် ဂါဘွန်းထက် ခြေစွမ်း အနည်းငယ် ပိုသာခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု၊ အခွင့်အရေး ဖန်တီးနိုင်မှု အပိုင်းတွေမှာ အသာရခဲ့တာ တွေ့ရပါတယ်။ ဂါဘွန်း ကတော့ ဂိုးပေါက် တည့်မှု ၂ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုး ရခဲ့လို့ ကံကောင်းခဲ့တယ်ပဲ ဆိုရပါမယ်။ အာဖရိကနိုင်ငံများဖလား အုပ်စု အဖွင့် ပွဲစဉ်ကို အနိုင် ၃ မှတ်နဲ့ စတင် ဖွင့်လှစ်နိုင်ခဲ့တဲ့ ဂါဘွန်းတို့ အုပ်စု (C)ကို ဦးဆောင်နေပြီး ကွန်မိုရိုစ် ကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။


အဲလ်ဂျီးရီးယား ၀-၀ ဆီယာရာ လီယွန်နီ

အုပ်စု (E)ရဲ့ အဖွင့် ပွဲစဉ် မှာတော့ အာဖရိကနိုင်ငံများဖလား လက်ရှိ ချန်ပီယံ အဲလ်ဂျီးရီးယားတို့ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၁၀၀ ကျော်မှာ ရှိနေတဲ့ ဆီယာရာ လီယွန်နီနဲ့ ကစားခဲ့ရပေမယ့် မထင်မှတ်ပဲ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲလ်ဂျီးရီးယားတို့ ပြိုင်ဘက် အသင်း ဘက်ကို ပွဲချိန်ပြည့် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဆလီမန်နီ၊ ရီယက်ဇ် မားရက်ဇ်တို့ ဦးဆောင်လာတဲ့ တိုက်စစ်က အဆုံးသတ် လိုအပ်ချက်တွေ ရှိခဲ့လို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဆီယာရာ လီယွန်နီ ဂိုးသမား မိုဟာမက် ကာမာရာရဲ့ အံ့မခန်း လက်စွမ်းပြမှု တွေက လက်ရှိ ချန်ပီယံ တို့ကို နိုင်ပွဲနဲ့ ဝေးစေခဲ့တာ ဖြစ်ပါတယ်။ အဓိက ကာကွယ်မှု ၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တဲ့ ကာမာရာ အနေနဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ ရပါတယ်။ အဲလ်ဂျီးရီးယားနဲ့ ဆီယာရာ လီယွန်နီတို့ ၁ မှတ်စီ ခွဲယူခဲ့ကြရပေမယ့် အိုင်ဗရီကို့စ်နဲ့ အီကွေတိုရီရယ် ဂင်နီယာ ပွဲစဉ် မကစားရသေးလို့ အုပ်စု (E)ရဲ့ ထိပ်ဆုံးမှာ ယာယီ ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။


နိုင်ဂျီးရီးယား ၁-၀ အီဂျစ်

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးနဲ့ အစဉ်အလာရှိတဲ့ အသင်းကြီးတွေ ဖြစ်တာကြောင့် နာမည်ကြီး ကစားသမားတွေနဲ့ အတူ အဆင့်အတန်း မြင့်မြင့် ယှဉ်ပြိုင်သွားခဲ့ကြတာ တွေ့ရပါတယ်။
အာဖရိကနိုင်ငံများဖလား ၃ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အီဂျစ်

အများစုရဲ့ ကြိုတင်ခန့်မှန်းမှုတွေ အတိုင်း မဖြစ်ခဲ့တဲ့ ပွဲလို့ ဆိုရပါမယ်။ အုပ်စု အဖွင့် ပွဲစဉ် အားလုံး ထဲကမှ အကောင်းဆုံး တွေ့ဆုံမှုလို့ ပြောရမယ့် ဒီပွဲ ကတော့ အမှန်တကယ်လည်း စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးနဲ့ အစဉ်အလာရှိတဲ့ အသင်းကြီးတွေ ဖြစ်တာကြောင့် နာမည်ကြီး ကစားသမားတွေနဲ့ အတူ အဆင့်အတန်း မြင့်မြင့် ယှဉ်ပြိုင်သွားခဲ့ကြတာ တွေ့ရပါတယ်။ အီရန်နာချို၊ အန်ဒီဒီ၊ အွမ်နီရီ၊ ဆီမွန်၊ ဆာနူဆီ၊ ချူကွယ်ဇီတို့ ဦးဆောင်လာတဲ့ နိုင်ဂျီးရီးယားတို့ မိုဟာမက် ဆာလာ၊ ထရက်ဇီဂတ်၊ အယ်နီနီတို့ ပါဝင်ခဲ့တဲ့ အီဂျစ်ထက် ကစားပုံ ပိုကောင်းခဲ့လို့ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ လက်စတာစီးတီး တိုက်စစ်မှူး အီရန်နာချိုက ဘယ်ခြေကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် နိုင်ဂျီးရီးယားတို့ အုပ်စု (D)ကို ဦးဆောင်နိုင်ခဲ့ပြီး အီဂျစ် ကတော့ အုပ်စု အောက်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။


ဆူဒန် ၀-၀ ဂင်နီယာ ဘစ်ဆော

အာဖရိကနိုင်ငံများဖလား ကတော့ လက်ရှိအချိန်ထိ အုပ်စု ပွဲစဉ် စုစုပေါင်း ၉ ပွဲ ကစားပြီးချိန်မှာ ထူးထူးခြားခြားပဲ ကျဉ်းမြောင်းတဲ့ ရလဒ်တွေချည်းပဲ ထွက်ပေါ်ထားခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အုပ်စု (D)က ဆူဒန်နဲ့ ဂင်နီယာ ဘစ်ဆောပွဲ ကလည်း အကြိတ်အနယ် ရှိခဲ့ပေမယ့် ၀-၀ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ ဖီဖာ အဆင့်ရပ်တည်မှု ၁၀၀ ကျော်မှာ ရှိနေတဲ့ အသင်းတွေ ဖြစ်ပေမယ့် ပုံစံကောင်း တွေနဲ့ အတူ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ အဓိက ကတော့ အဆုံးသတ်ပိုင်း အားနည်းချက်တွေက ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ဖို့ ဦးတည်စေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ ၁ မှတ်စီ ခွဲယူခဲ့ကြတဲ့ ၂ သင်းလုံး အုပ်စု (D)ရဲ့ အဆင့် ၂နဲ့ ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်