ဂျူဗင်တပ်စ် – ဂျီနိုအာ
အခုတစ်ပတ် စီးရီးအေ ရဲ့ နောက်ထပ်ပွဲစဉ် အဖြစ် ဂျူဗင်တပ်စ်တို့ ဧပြီလ ၁၁ ရက်နေ့ ၇ နာရီခွဲမှာ ဂျီနိုအာနဲ့ ကစားဖို့ ရှိနေပါတယ်။ စကူဒက်တို ချန်ပီယံဘွဲ့ ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ ပီယာလို ရဲ့ အသင်းအတွက် လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဖို့တော့ ရှိနေပါတယ်။
ဂျူဗင်တပ်စ်တို့ ဘန်နီဗင်တိုကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ၉ နှစ်ဆက်တိုက် မောင်ပိုင်စီးထားခဲ့တဲ့ စီးရီးအေ ချန်ပီယံဆု ကာကွယ်ဖို့ လက်လျှော့ခဲ့ရပြီး ဖြစ်ပါတယ်။ နည်းပြသစ် ပီယာလို လက်အောက်မှာ တစ်ရာသီလုံး အထိုင်ကျဖို့ ခက်ခဲခဲ့တဲ့ ဂျူဗင်တပ်စ် တို့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အကောင်းဆုံး စွမ်းဆောင်ပေးနေပေမယ့်လည်း ချန်ပီယံလိဂ် ကို စောစောစီးစီး လက်ပြခဲ့ရတဲ့ အပြင် စီးရီးအေ မှာလည်း နည်းပြ အဆက်ဆက် ထိန်းခဲ့တဲ့ စံချိန်ကောင်းလည်း ကျိုးပျက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ပီယာလို အနေနဲ့ တတ်နိုင်သမျှ သိက္ခာဆယ်နိုင်ဖို့ ရာသီအကုန်မှာ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာကနေ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ထားပါလိမ့််မယ်။ ဂျူဗင်တပ်စ်တို့ ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ နာပိုလီနဲ့ပွဲ မှာတော့ ရော်နယ်ဒိုနဲ့ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ပေါ်လို ဒီဘားလား တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေတဲ့ ဂျီနိုအာ ကတော့ အထက်မရောက် အောက်မရောက်မို့လို့ ဖိအားကင်းကင်းနဲ့ ကစားနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီအေ ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ ဂျီနိုအာတို့ ပါးမားကို ပွဲစဉ် ၂၈ မှာ အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ပွဲမှာတော့ သရေပြန်ကျခဲ့ပါတယ်။ ဂျီနိုအာတို့ ဒီရာသီမှာ သရေပွဲ ၁၁ ပွဲရှိခဲ့ပြီး ရှုံးပွဲလည်း ၁၁ ပွဲ ရှိထားပါတယ်။ အင်တာမီလန်နဲ့ ရိုးမားတို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ကျန်အသင်းတွေ ကိုတော့ ခြေရည်တူ ကစားနိုင်ပြီး သရေ ၁ မှတ် ခွဲခွဲယူနေတာ တွေ့ရပါတယ်။ လက်ရှိ အသင်းမှာ ကစားသမားတွေ ဒဏ်ရာပြသနာ သိပ်မရှိလို့ ဂျူဗင်တပ်စ်ကို သူတို့ရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်လာပါလိမ့်မယ်။ ဂျီနိုအာရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး ၅ ပွဲ သရေကျကာ ၃ ပွဲသာ အနိုင်ရထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဂျူဗင်တပ်စ်တို့ ဂျီနိုအာနဲ့ တွေ့ဆုံတိုင်းမှာ အလွယ်တကူ အနိုင်ရခဲ့တာ တွေ့ရပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း ကစားခဲ့တဲ့ ၂၃ ကြိမ်မှာ ၁၆ အထိ အနိုင်ရခဲ့ပါတယ်။ ဂျီနိုအာ ကတော့ ရှားရှားပါးပါး နိုင်ပွဲ ၃ ပွဲသာ ပြန်ရခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်စလုံးမှာ ဂျူဗင်တပ်စ်တို့ အနိုင်ရထားပါတယ်။
ဂျူဗင်တပ်စ် – ဂျီနိုအာ
ဂျူဗင်တပ်စ် – ဂျီနိုအာ | အချိန်ပြည့် 1×2 အိမ်ရှင်် @ ၁.၂၅ ဆ | |
ဧပြီလ ၁၁ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀) |
1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၂၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၁.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၆.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်တော့တဲ့ ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ ထပ်ပြီး အတိမ်းအစောင်းခံလို့ မရတော့ပါဘူး။ ဂန္တဝင် ကစားသမားကြီး ပီယာလို အနေနဲ့လည်း နည်းပြထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်နေလို့ လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ နိုင်ပွဲရဖို့ ကြိုးစားမှာပါ။ ဒါ့ကြောင့်် ရည်ရွယ်ချက် ရှိနေတဲ့ ဂျူဗင်တပ်စ်တို့ ဂျီနိုအာ ကို ကျိန်းသေပေါက် အနိုင်ယူပါလိမ့်မယ်။ ခန့်မှန်းရလဒ် ၃-၁ လောက်နဲ့ ပွဲပြီးပါလိမ့်မယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.