အတ္တလန်တာ – လာဇီယို
ကိုပါအီတလီယာ ဖလား ကွာတားဖိုင်နယ် အဆင့်မှာ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာ မကျေပွဲ ပြန်နွှဲကြရမှာ ဖြစ်ပါတယ်။လာဇီယိုတို့ စီးရီးအေ မှာ ရလဒ်ပိုင်း ပြန်လည် တည်ငြိမ်နေပြီး အသင်းကြီးတွေကိုတောင် အနိုင်ရထားတယ် ဆိုပေမယ့် အတ္တလန်တာကလည်း တစ်ပွဲထက် တစ်ပွဲ တိုက်စစ်ကစားပုံ ပိုကောင်းလာလို့ ဒီတစ်ကြိမ်မှာလည်း အကြိတ်အနယ် ရှိလာဦးမှာ သေချာနေပါတယ်။
အတ္တလန်တာတို့ ပြိုင်ပွဲစုံ ၁၄ ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့ပဲ နောက်ဆုံးခဲ့တဲ့ စီးရီးအေ ၁၀ ပွဲဆက်တိုက် ရလဒ်တွေ ကောင်းထားတာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ စီးရီးအေ မှာ ၁၉ ပွဲကစားပြီး ၁၀ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၃ နေရာက ရိုးမားနဲ့ ၁ မှတ်သာ ကွာဟပါတယ်။ လက်ရှိ တိုက်စစ်မှာ အီလီချစ်၊ ဒူဗန်ဇာပါတာတို့နှစ်ဦး အတွဲအဖက်မိမိနဲ့ ခြေစွမ်းပြနေလို့ အတ္တလန်တာတို့ တစ်ပွဲထက် တစ်ပွဲ တိုက်စစ် ပိုမိုထက်မြတ်လာတာ တွေ့ရပြီး နောက်ဆုံး ၃ ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ ရရှိထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် တစ်ဦး ဖြစ်တဲ့ ဂိုးမက်ဇ်ကို လက်လွှတ်ခဲ့ရပေမယ့်လည်း အတ္တလန်တာတို့ ဂိုးရဖို့ မခက်ခဲတာ ဖြစ်ပါတယ်။ လက်တလော တောင်ပံက ခြေစွမ်းပြကစားသမား ဖြစ်တဲ့ ဂိုဆန် ပွဲပယ်ပြစ်ဒဏ်ထိထားပြီး ဟိတ်ဘိုးဝါး၊ ပါဆာလစ် တို့လည်း ဒဏ်ရာရနေလို့ ကွင်းလယ်ကတော့ အနည်းငယ် အားနည်းလာနိုင်ပါတယ်။ အတ္တလန်တာ တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားလို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။
လာဇီယိုကတော့ စီးရီးအေ မှာ အတ္တလန်တာထက် ကစားပုံ ပိုတည်ငြိမ်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ လာဇီယို တို့ အနိုင်ရခဲ့တဲ့ အသင်းတွေထဲမှာ ခြေစွမ်းကောင်းတဲ့ ရိုးမား၊ ဆာဆူအိုလို တို့လို အသင်းတွေ ပါဝင်နေလို့ အတ္တလန်တာတို့ လျှော့တွက်ရင် မှားပါလိမ့်မယ်။ နောက်တစ်ချက်က လာဇီယိုတို့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် ၃ နေရာက အသင်းနဲ့တောင် ၃ မှတ်ပဲ ကွာဟတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ လာဇီယိုတို့ အတ္တလန်တာကို ခြေရည်တူ ကစားပြီးမှ ရှုံးနိမ့်ထားခဲ့လို့ အခုပွဲ ကျိန်းသေပေါက် လက်စားချေချင်နေပါလိမ့်မယ်။ လာဇီယိုတို့ ဒီရာသီမှာ အိမ်ကွင်း စွမ်းဆောင်ရည် ထက် အဝေးကွင်းစွမ်းဆောင်ရည် ပိုကောင်းနေပြီး ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၃၇ ကြိမ်မှာ လာဇီယိုတို့ ၁၇ ကြိမ် အထိ အနိုင်ရရှိခဲ့ပြီး အတ္တလန်တာကတော့ ၁၁ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ဒီရာသီအတွက် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာတော့ အတ္တလန်တာတို့ကပဲ အနိုင်ရထားပါတယ်။စီးရီးအေ ပထမအကျော့ တွေ့ဆုံမှုမှာ အတ္တလန်တာတို့ ၁-၄ ရလဒ်နဲ့ အနိုင်ရပြီး ပြီးခဲ့တဲ့ ကိုပါအီတလီယာဖလား မှာတော့ ၃-၂ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အတ္တလန်တာ – လာဇီယို | 1X2 အတ္တလန်တာ @ ၁.၇၀ဆ | |
ဇန်နဝါရီလ ၃၁ရက်, ည၈:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၇၀ဆနဲ့ဧည့်သည်အသင်းအတွက် ၄.၃၃ဆ ကြေးဖွင့်ပြီးသရေအတွက် ၄.၂၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ နှစ်သင်းစလုံး တိုက်စစ်အားသန်တဲ့ အသင်းတွေ ဖြစ်လို့ ကျိန်းသေပေါက် နှစ်သင်းပေါင်း သွင်းဂိုးတော့ များပါလိမ့်မယ်။ လာဇီယိုတို့ ခြေစွမ်းပိုမို တည်ငြိမ်နေတယ်ဆိုပေမယ့် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု တိုင်းမှာ အတ္တလန်တာတို့ အသာရခဲ့လို့ အခုပွဲမှာလည်း အိမ်ရှင် ဘက်ကပဲ ရပ်တည်ချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.