မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ တစ်ချိန်က နာမည်ကျော် ဘာစီလိုနာရဲ့ MSN တိုက်စစ် အတွဲအဖက်ကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်နေခဲ့တာ ကြာခဲ့ပါပြီ။ လက်ရှိ အသင်းမှာ လီယွန်နယ် မက်ဆီနဲ့ လူးဝစ် ဆွာရက်ဇ်တို့ ရှိနေပြီး ဖြစ်တာကြောင့် အင်တာမိုင်ယာမီက နေမာကို ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေပြီးတော့ ဖြစ်နိုင်ချေလည်း များနေကြောင်း သတင်းတွေ ဖော်ပြလျက် ရှိပါတယ်။
အင်တာမိုင်ယာမီဟာ ဟီဂူအင်၊ မက်တွီဒီ၊ ရှောခရော့စ် တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ခဲ့ဖူးတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့နောက် ၂၀၂၃ ခုနှစ် မှာတော့ မက်ဆီလို GOAT တစ်ဦးကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မက်ဆီနဲ့ ရင်းနှီးတဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဆွာရက်ဇ် အပြင် ယော်ဒီ အဲလ်ဘာနဲ့ ဘူးစကွက်စ် တို့ ဆက်တိုက် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီလို ခေါ်ယူ အပြီးမှာ အင်တာမိုင်ယာမီက အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ဆုဖလား အဖြစ် Leagues Cup ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို 2024 Supporters Shield ဆုဖလား ကိုလည်း ထပ်မံ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
သတင်းတွေ အရ ဆိုရင် မေဂျာလိဂ် ကလပ်က လက်ရှိမှာလည်း မက်ဆီနဲ့ ဆွာရက်ဇ် တိုရဲ့ အသင်းဖော်ဟောင်း ဖြစ်တဲ့ ဘရာဇီးလ် ကြယ်ပွင့် နေမာ ကိုပါ ခေါ်ယူဖို့ အစီအစဉ် ရှိနေပြန်တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်လို့ အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဂျော့ဂျ် မက်စ်က ပြောဆိုလာခဲ့တာ ဖြစ်ပြီး အမှန်တကယ် အကောင်အထည်ဖော်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
ဂျော့ဂျ် မက်စ်က “အဓိက ပြောချင်တာ ကတော့ နေမာ ကိုသာ ခေါ်ယူလို့ ရနိုင်မယ့် အခြေအနေမျိုး ရှိနေဖို့ပါပဲ။ အခု သူက အဲလ်ဟီလာ အသင်းရဲ့ ကစားသမား ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်သေးပါဘူး။ ထိပ်တန်း ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ဖို ဆန္ဒရှိတယ် ဆိုတာတော့ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော် တို့မှာ ကစားသမား စာရင်းသွင်းတာနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေတယ် ဆိုပေမယ့်လည်း ကျွန်တော် တို့ရဲ့ အသုံးစရိတ်က အကန့်အသတ် မရှိပါဘူး။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မက်စ်က“နေမာလို ကစားသမားမျိုးကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိလာခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ ဘက်က တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ကစားသမား ကိုယ်တိုင်နဲ့ လိဂ် အပေါ် မှာလည်း မူတည်နေပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအသင်းကို ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတွေနဲ့ တည်ဆောက်သွားဖို့ ဆန္ဒရှိပါတယ်။” လို့ ဆိုခဲ့ပါတယ်။
ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ ကတော့ မေဂျာလိဂ်မှာ အသင်း တည်ထောင်တာ မကြာသေးပေမယ့် နာမည်ကျော် ကစားသမားတွေ ခေါ်ယူနိုင်တာကြောင့် ပရိသတ် အကြိုက် အသင်း တစ်သင်း ဖြစ်လာပါတယ်။ အင်တာမိုင်ယာမီက အချိန်တိုတွင်း အဓိက ဆုဖလားတွေ ရရှိခဲ့ပေမယ့် အသင်း အတွက် ပထမဦးဆုံး မေဂျာလိဂ် ဆုဖလားနဲ့တော့ လွဲချော်နေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.