အင်တာမီလန် ၂ – ၁ ဆာဆူအိုလို
တစ်ဖက်မှာ ကစားနေခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့ နာပိုလီကို ၂-၁ နဲ့ အနိုင်ရခဲ့သလိုပဲ အင်တာမီလန် ကလည်း ဆာဆူအိုလို ကို ၂-၁ ရလဒ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။ အင်တာမီလန်တို့ အခုပွဲမှာ အနိုင်ရခဲ့တယ် ဆိုပေမယ့် ပွဲချိန်ပြည့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၃ အမှတ် အပြည့်ရခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဖိအားကင်းကင်းနဲ့ ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပြန်ပါတယ်။
အင်တာမီလန်တို့ ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ လူကာကူနဲ့ လော်တာရိုး မာတီနက်ဇ်ကို တွဲကစားစေပြီး ကွင်းလယ် မှာတော့ ဟာကီမီ၊ ဘာရယ်လာ၊ ခရစ္စတီယန် အဲရစ်ခ်ဆင်၊ ဂတ်လီယာဒီနီ၊ အက်ရှ်လေယန်း တို့ကို ထားကာ နောက်တန်းမှာတော့ ဆစ်ခ်နေး၊ ဒီဗရစ်ဂျ်၊ ဒါမီယန် ဂိုးမှာ ဟန်ဒါနိုဗစ်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆာဆူအိုလို ဘက်မှာတော့ ဘာရက်ဒီ၊ ကာပူတိုတို့ ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိပဲ ဂျူရီချစ်၊ လိုပက်ဇ်၊ ဘိုဂ်နာ၊ ချီရီချက်စ်၊ ရက်စ်ပါဒိုရီတို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲစတာနဲ့ နှစ်သင်းစလုံး ခပ်သွက်သွက် ကစားခဲ့ကြပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပြီး ပွဲချိန် ၁၀ မိနစ်မှာတော့ အင်တာတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ အက်ရှ်လေယန်း ဂိုးဧရိယာထဲကို ဖြတ်တင်ပေးတဲ့ ဘောလုံးကို ရိုမယ်လူ လူကာကူက အမိအရ ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ လူကာကူ အတွက် ၂၁ ဂိုးမြောက် စီးရီးအေ သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဆာဆူအိုလို တို့ ချေပဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ဟန်ဒါနိုဗစ် ကာကွယ်သွားခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၀ ရလဒ် ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆာဆူအိုလိုတို့ အင်တာမီလန် ဘက်ကို ပိုမို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာက အင်တာမီလန်ပဲ ဖြစ်ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန် ၆၇ မိနစ်မှာ ပထမဂိုး သွင်းယူပေးခဲ့တဲ့ လူကာကူ က လှလှပပ ဖန်တီးပေးရာကနေ မာတီနက်ဇ်က အမှားအယွင်းမရှိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာတော့ ဧည့်သည်တို့ ချေပဂိုး ၁ ဂိုးပြန်ရခဲ့ပြီး ထရာအိုရေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အိမ်ရှင်တို့ ဒီနေ့ပွဲမှာ ဧည့်သည် အသင်းဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ဘောလုံးပိုင်ဆိုင်မှုတွေ မပြုလုပ်နိုင်ခဲ့ပေမယ့် လူကာကူ၊ မာတီနက်ဇ်တို့ရဲ့ ပါးနပ်မှုနဲ့အတူ ကွန်တီရဲ့ အသင်းက အဖိုးတန် နိုင်ပွဲ တစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ဧည့်သည်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုမှာလည်း ၁၅ ကြိမ်အထိ ရှိခဲ့ပေမယ့် အင်တာမီလန်က ဂိုးပေါက် ၂ ကြိမ်တည့်ရာကနေ သွင်းဂိုး ၂ ဂိုး အပိုင်ရှာဖွေနိုင်သွားတာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် အင်တာမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက အသင်းကို ၁၁ မှတ်အထိ ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ ဆာဆူအိုလိုကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
အင်တာမီလန်တို့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ ကက်ဂလီယာရီနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ ရှိနေပြီး ဆာဆူအိုလို တော့ ဘန်နီဗန်တိုနဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.