နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ဂျီးရီးယားကို အနိုင်ယူပြီး အာဖရိကဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အိမ်ရှင် အိုင်ဗရီကို့စ်

နိုင်ဂျီးရီးယား ၁-၂ အိုင်ဗရီကို့စ်

အာဖရိကဖလား ပြိုင်ပွဲ ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး အာရှဖလားလိုပဲ အိမ်ရှင် နိုင်ငံ အသင်း ကပဲ ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားတို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အိုင်ဗရီကို့စ်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို မထိန်းနိုင်ခဲ့တာကြောင့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပြီး အိုင်ဗရီကို့စ် ကတော့ (၃) ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဗိုလ်လုပွဲ ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး နိုင်ဂျီးရီးယား ဘက်မှာ နွာဘီလီ၊ ထရော့စ် အက်ခ်ကောင်၊ ဘက်ဆေး၊ အဂျာရီ၊ အီဝိုဘီ၊ အွန်ရယ်ကာ၊ ဆာနူဆီ၊ အိုင်နာ၊ လွတ်ခ်မန်း၊ ချူကွီဇီ၊ ဗစ်တာ အိုဆင်မ်ဟန် တို့ ပါဝင်ခဲ့ကြပါတယ်။ အိုင်ဗရီကို့စ် ဘက်မှာတော့ ဖိုဖာနာ၊ ကော့ဆူနူ၊ အန်ဒီကာ၊ ကိုနန်၊ အော်ရီရာ၊ ဆာရီ၊ ဖိုဖာနာ၊ ကတ်ဆေး၊ ဂရာဒဲလ်၊ အက်ဒင်ဂရာ၊ ဟော်လာ တို့ ပါဝင်လာခဲ့ပါတယ်။

အာဖရိကဖလား ပြိုင်ပွဲ မှာတော့ အီဂျစ်က ချန်ပီယံ (၇) ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပြီး ကင်မရွန်းက ချန်ပီယံ (၅) ကြိမ်၊ ဂါနာက ချန်ပီယံ (၄) ကြိမ်၊ နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ် တို့က ချန်ပီယံ (၃) ကြိမ် စီ ရရှိထားခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားကို‌ နောက်က လိုက်ကစားပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အိုင်ဗရီကို့စ်

အိမ်ရှင် အားသာချက် ရှိနေခဲ့တဲ့ အိုင်ဗရီကို့စ်ဟာ ပွဲစကတည်းက ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး နိုင်ဂျီးရီးယား ကတော့ တန်ပြန် တိုက်စစ် ကိုပဲ အားကိုးခဲ့ရပါတယ်။ တစ်ကွင်းလုံး လိမ္မော်ရောင်တွေ လွှမ်းခြုံနေခြင်းနဲ့ အတူ အိုင်ဗရီကို့စ်တို့ နိုင်ဂျီးရီးယား ဘက်ကို ကွင်းတစ်ခြမ်းစောင်း ဖိကားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးကန်သွင်းခွင့်လည်း အကြိမ်ကြိမ် ရရှိခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းခဲ့သလို နိုင်ဂျီးရီးယား ဂိုးသမား နွာဘီလီရဲ့ လက်စွမ်းပြမှုကြောင့် အိုင်ဗရီကို့စ်တို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရသွားခဲ့တာက နိုင်ဂျီးရီးယား ဖြစ်ပြီး ပွဲချိန် ၃၈ မိနစ်မှာ အက်ခ်ကောင်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း သွင်းဂိုးတွေ လိုအပ်နေတဲ့ အိုင်ဗရီကို့စ်တို့ တိုက်စစ် တင်ကစားခဲ့ပါတယ်။ အိုင်ဗရီကို့စ် အတွက် ပထမချေပဂိုး ကိုတော့ ဖရန့်ခ် ကတ်ဆေးက ပွဲချိန် ၆၂ မိနစ်မှာ သွင်းယူခဲ့ပြီး အနိုင်ဂိုး ကိုတော့ ဆဘက်ရှန် ဟော်လာက နိုင်ဂျီးရီးယား နောက်ခံလူတွေကို လိုက်လံတားဆီးနေတဲ့ ကြားက လှလှပပ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် အာဖရိကဖလားရဲ့ အိမ်ရှင် အိုင်ဗရီကို့စ်ဟာ အုပ်စု အဆင့်မှာ ၁ ပွဲ နိုင်၊ ၂ ပွဲ ရှုံး ရမှတ် ၃ မှတ်နဲ့ အကောင်းဆုံး တတိယ အဖြစ် ရှုံးထွက်တက်ခဲ့ပါတယ်။ အဲ့နောက် ၁၆ သင်း အဆင့်မှာ ဆီနီဂေါကို ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ် မှာတော့ မာလီကို အချိန်ပိုနဲ့ အနိုင်ယူခဲ့ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ ခြေစွာနေတဲ့ ကွန်ဂို ကို ဟော်လာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲ ရောက်ခဲ့ပြီး ဗိုလ်လုပွဲ မှာလည်း နိုင်ဂျီးရီးယားကို နောက်ကနေ လိုက်ကစားပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ တတိယနေရာလုပွဲ မှာတော့ တောင်အာဖရိက အသင်းက ကွန်ဂိုကို ပင်နယ်တီနဲ့ အနိုင်ယူပြီးတော့ တတိယဆု ရရှိခဲ့ပါတယ်။ အာဖရိကဖလား ကတော့ အိမ်ရှင် အိုင်ဗရီကို့စ် နိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သလို ပြိုင်ပွဲ တလျှောက် ယိုင်နဲ့နဲ့ နဲ့ ဖြတ်သန်းပြီးတော့မှ ချန်ပီယံဆုပါ ကိုင်မြှောက်နိုင်ခဲ့လို့လည်း အံ့အားသင့်ဖွယ်၊ အမှတ်ရဖွယ် ဖြစ်ခဲ့မှာ သေချာပါတယ်။

ပရီးမီးယားလိဂ်
ခရစ္စတယ်ပဲလေ့စ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 1.73
ဂိုးပေါ် 2.50 @ 1.84
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုင်ဗရီကို့စ်ဟာ အာဖရိကဖလားမှာ (၃) ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဖရိကဖလား ပြိုင်ပွဲ မှာတော့ အီဂျစ်က ချန်ပီယံ (၇) ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပြီး ကင်မရွန်းက ချန်ပီယံ (၅) ကြိမ်၊ ဂါနာက ချန်ပီယံ (၄) ကြိမ်၊ နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ် တို့က ချန်ပီယံ (၃) ကြိမ် စီ ရရှိထားခဲ့ကြပါတယ်။

တစ်ဖက်မှာ ရက်ပိုင်းသာခြားပြီး ကစားခဲ့တဲ့ အာရှဖလား ပြိုင်ပွဲ မှာလည်း အိမ်ရှင် အသင်းပဲ ဗိုလ်စွဲခဲ့ပြီး ကာတာတို့ ပြိုင်ပွဲ နှစ်ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ကာတာဟာ ဂျော်ဒန်ကို ပင်နယ်တီ သွင်းဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်