ဖီအိုရင်တီးနား – ဂျူဗင်တပ်စ်
အခုတစ်ပတ် တနင်္ဂနွေနေ့မှာတော့ စီးရီးအေ ပွဲစဉ် (၃၃) ကို ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပြီး ဂျူဗင်တပ်စ်တို့ ဖီအိုရင်တီးနား အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဓိကကစားသမား အစုံအလင် ပြန်ကစားနိုင်ပြီ ဖြစ်လို့ ဖီအိုရင်တီနားတို့ ကစားပုံပြန်ကောင်းလာတယ် ဆိုပေမယ့် တည်ငြိမ်မှုတော့ မရှိသေးလို့ အခုပွဲ အတွက် အနိုင် ၃ မှတ်က ဂျူဗင်တပ်စ် အတွက်ပဲ ဖြစ်သွားဖို့ များနေပါတယ်။
ဖီအိုရင်တီးနား စီးရီးအေ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဟဲလက်စ် ဗီရိုနာနဲ့ ပွဲမှာ အဓိကကစားသမား အစုံအလင်နဲ့အတူ တိုက်စစ် ခြေစွမ်းပြပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဆာဘီးယား တိုက်စစ်မှူး လူငယ်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့နေရပြီး ဗလာဟိုဗစ် အနေနဲ့ ဖီအိုရင်တီးနား အတွက် ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားတို့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာမှာ ရှိနေလို့ စိတ်တော့မချရသေးပါဘူး။ ဖီအိုရင်တီးနားရဲ့ အဓိကအားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး တိုက်စစ်က ဂိုးတွေ ရနေသလောက် ခံစစ်ကလည်း ဂိုးတွေ ပြန်ပေးနေခဲ့ရတာ တွေ့ရပါတယ်။ ဖီအိုရင်တီးနား ခံစစ်မှာ မီလန်ကိုဗစ်၊ ကာစီးရက်စ်တို့လို ကစားသမားတွေ ရှိနေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁၁ ဂိုး အထိ ပေးထားရတာကတော့ မဖြစ်သင့်ပါဘူး။ အခုပွဲမှာလည်း အနိုင်ရဖို့ တိုက်စစ် အားပြုကစားလာမယ့် ဂျူဗင်တပ်စ်ကြောင့် ဖီအိုရင်တီးနားခံစစ်က အမှားတွေ များသွားနိုင်ပါတယ်။
ဂျူဗင်တပ်စ် ကတော့ အတ္တလန္တာနဲ့ ပွဲရဲ့ ခြေချော်ခဲ့မှုကို အကောင်းဆုံး ပြန်လည် ပြင်ဆင်ပြီး ပါးမားနဲ့ ပွဲမှာ ဂိုးပြတ်နိုင်ပွဲ ပြန်ရှာထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ရော်နယ်ဒိုရဲ့ ပုံစံကောင်းတစ်ခုကို မမြင်တွေ့ရသေးသလို တိုက်စစ်ကစားသမားတွေ လည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီဘာလား ပြန်လည် ပါဝင်လာမှုက ပီယာလို အတွက် ခွန်အားတစ်ရပ် ဖြစ်ခဲ့ပေမယ့် လက်ရှိပြသနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်မယ့် ဖြေဆေး တစ်ခွက်တော့ မဖြစ်လာသေးတာ တွေ့ရပါတယ်။ တောင်ပံက ကွာဒွာဒို ကတော့ ကစားခဲ့သမျှ ပွဲစဉ်တိုင်းမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိုရာတာ ဦးဆောင်တဲ့ တိုက်စစ်ရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေက ကွာဒွာဒိုရဲ့ ကြိုးစားမှုတွေကို အဓိပ္ပာယ်မဲ့နေစေခဲ့ပါတယ်။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အမှားခံလို့ မရတဲ့ အခြေအနေမှာ ရောက်နေလို့ ဖီအိုရင်တီးနား ဆီကနေ ကျိန်းသေပေါက် အနိုင် ၃ မှတ်ရဖို့ပဲ အားထုတ်လာပါလိမ့်မယ်။ အခုပွဲမှာတော့ ဂျူဗင်တပ်စ် တောင်ပံကစားသမား ခီယေဆာ တံကောက်ကျော ဒဏ်ရာရနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဖီအိုရင်တီးနားတို့ ဒီရာသီ ပထမအကျော့တုန်းက တစ်ယောက်လျော့ ဂျူဗင်တပ်စ်ကို အလိုင်းရန့်ဇ် ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ယူထားပါတယ်။ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု အများစုမှာတော့ ဂျူဗင်တပ်စ်ကို အသာရခဲ့ခြင်း မရှိပဲ ၄ ပွဲသာ နောက်ဆုံး တွေ့ဆုံမှု ၂၅ ကြိမ်မှာ ဆိုရင် ၄ ကြိမ်သာ အနိုင်ရခဲ့ပြီး၊ ၁၅ ကြိမ်အထိ ရှုံးနိမ့်ထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဖီအိုရင်တီးနား vs ဂျူဗင်တပ်စ် | 1X2 ဂျူဗင်တပ်စ် @ 1.56 | |
ဧပြီလ ၂၅ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၇၅ ဆ နဲ့ ဧည့်သည် အသင်းအတွက် ၁.၅၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဖီအိုရင်တီးနားရဲ့ အသင်းလိုက် ဟန်ချက် တည်ငြိမ်မှု မရှိသေးတာကို ဂျူဗင်တပ်စ်တို့ အခွင့်အရေးယူရမယ့် အချိန်ပါ။ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲဝင်နေလို့ ရမှတ် လိုအပ်ချက် အတွက် အသည်းအသန် ကစားနေတဲ့ ဂျူဗင်တပ်စ်ကိုပဲ ကြိုက်ပါတယ်။ Old Lady တို့ ဖီအိုရင်တီးနားနဲ့ ပထမအကျော့ ရှုံးပွဲကို ကျိန်းသေပေါက် လက်စားချေပါလိမ့်မယ်။ ဂိုးလည်းများသွားနိုင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.