အက်တလက်တီကိုမက်ဒရစ် ၁-၀ ရီးရဲယ်မက်ဒရစ်
ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီ ပွဲစဉ် မှာတော့ အက်တလက်တီကိုမက်ဒရစ်တို့ ရီးရဲယ်မက်ဒရစ်ကို ယန်းနစ်ခ် ကာရက်စ်ကိုရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အက်တလက်တီကိုတို့ ၂၀၁၆ ခုနှစ် နောက်ပိုင်း ရီးရဲယ်ကို မက်ဒရစ်ဒါဘီမှာ ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့ခြင်း ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ ပိုမို နီးစပ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အက်တလက်တီကို မက်ဒရစ်တို့ အဆင့် ၄ နေရာ သေချာရေး အတွက် လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ကတော့ လာလီဂါ ချန်ပီယံ ဖြစ်ထားသလို အရေးကြီးတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ ကျန်သေးတာကြောင့်လည်း အဓိက ကစားသမား အများစုကို အနားပေးထားခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှာ ကော်ရီယာ၊ ကွန်ဟာ တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာ ကွန်ဒေါ့ဘီယာ၊ ကိုကီ၊ ကာရက်စ်ကို၊ ယော်ရန်းတေး၊ ခံစစ်မှာ ဆာဗစ်၊ ဂျင်မီနက်ဇ်၊ မန်ဒါဗာ၊ ဗာဆယ်လစ်ဂျ်ကို၊ ဂိုးမှာတော့ ယန်အိုဘလက်ခ်ပဲ ပွဲထွက်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ တိုက်စစ်မှာ ရိုဒရီဂို၊ လူကာယိုဗစ်နဲ့ အဆန်စီရို တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ ကာမာဗင်ဂါ၊ ခရူးစ်နဲ့ ကတ်စီမီယိုတို့နဲ့ ခင်းကျင်းခဲ့ပါတယ်။ ခံစစ်မှာလည်း မီလီတောင် တစ်ဦးတည်းသာ ပါဝင်လာခဲ့ပြီး နာချို၊ ဗယ်လီဟို၊ လူးကပ်စ် ဗက်စကွက်ဇ် တို့ကို နေရာ ပေးခဲ့သလို ဂိုးမှာလည်း ကော့တွာစ် အစား အန်ဒရီ လူနင်ကို ပွဲထွက်စေခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှု အပိုင်းမှာတော့ ရီးရဲယ်မက်ဒရစ်တို့ အသာရခဲ့ပေမယ့် အက်တလက်တီကို မက်ဒရစ် ကတော့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဓိက ကတော့ အရန် အများစုနဲ့ ပွဲထွက်ခဲ့တဲ့ ရီးရဲယ် ခံစစ်က လျော့ရဲနေခဲ့ပြီး အက်တလက်တီကို တို့ စိတ်ကြိုက် ထိုးဖောက်ခွင့်ရခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကတော့ ပွဲချိန် မိနစ် ၄၀ မှာ ရရှိခဲ့ပြီး မားသီးယက်စ် ကွန်ဟာ ကြောင့် ရတဲ့ ပင်နယ်တီကို တောင်ပံ ကစားသမား ကာရက်စ်ကိုက အမှားအယွင်း မရှိ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ရီးရဲယ်တို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားကွက် အချိတ်အဆက် မမိခဲ့တာကြောင့် ဒုတိယပိုင်း မှာတော့ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရပါတယ်။ ဗယ်ဗာဒီ၊ ဗင်နီးစီးယပ်စ်၊ မိုဒရစ်၊ ဖာလန်း မန်ဒီတို့ ဝင်ရောက်လာချိန်မှာ ကစားအား ပိုကောင်းခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ အက်တလက်တီကိုကို အရှုံးပေးခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်
မက်ဒရစ် ဒါဘီ ပေမယ့် ရမှတ် လိုအပ်ချက်က အရေးမကြီးတော့တာကြောင့် ရီးရဲယ်မက်ဒရစ်တို့ သိသိသာသာ ကစားအား လျှော့ထားခဲ့ပြီး သရေ တစ်မှတ် လောက် ရရုံလောက်ပဲ အဓိကထားခဲ့ပုံပေါ်ပါတယ်။ အပေါ်ပြောခဲ့သလိုပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် အဓိက ကစားသမား ဒဏ်ရာမရသွားဖို့နဲ့ ပွဲမပန်းဖို့ အန်ဆယ်လော့တီ အနေနဲ့ ပွဲထွက်လူစာရင်းကို ကြီးကြီးမားမား ပြောင်းလဲမှု ပြလုပ်ခဲ့တာပါ။ ဒါပေမယ့် အရန် ကစားသမားတွေရဲ့ စိတ်မချရမှုက မက်ထရိုပိုလီတာနို ကနေ သရေ တစ်မှတ်တောင် မရပဲ ပြန်ခဲ့ရသလို ၆ နှစ်နီးပါး ထိန်းလာခဲ့တဲ့ မက်ဒရစ်ဒါဘီ စံချိန်ကောင်း တစ်ခုလည်း ကျိုုးပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃၅ ကြိမ်မြောက် လာလီဂါ ချန်ပီယံဆုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်တာကြောင့် ဒီရှုံးပွဲဟာ ရီးရဲယ်မက်ဒရစ် အတွက် သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။ ဒီနိုင်ပွဲဟာ အက်တလက်တီကို မက်ဒရစ် အတွက် ကတော့ သက်ရောက်မှု ကြီးမားခဲ့ပြီး လာလီဂါ အဆင့် ၄ နေရာ အတွက် အတိုင်းအတာ တစ်ခု အထိ အာမခံချက် ရရှိသွားခဲ့ပါတယ်။ လက်တလော အဆင့် ၅ နေရာက ဘက်တစ်ကို ၆ မှတ် ဖြတ်ထားနိုင်တဲ့ အတွက် အက်တလက်တီကိုတို့ လက်ကျန် ၃ ပွဲမှာ ၃ မှတ် ရရုံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် သေချာပေါက် ရရှိတော့မှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.