နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ | လာလီဂါ

ဆွီဒင် လူငယ် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ စပိုတင်းလစ္စဘွန်းနဲ့ အတူ အကောင်းဆုံး တောက်ပပြနေသူ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဗစ်တာ ယိုကီးရက်စ် ကိုတော့ လတ်တလောမှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြောင်း သိရပါတယ်။ ဒီအသင်းတွေထဲ မှာတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာလည်း အပါအဝင် ဖြစ်နေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

လာလီဂါ ထိပ်သီး ကလပ်ရဲ့ တိုက်စစ်ပိုင်းမှာ ရောဘတ် လီဝမ်ဒေါစကီးက အကောင်းဆုံး ခြေစွမ်းပြနေပေမယ့်လည်း အသက်အရွယ် ရလာပြီ ဖြစ်ပါတယ်။ ပိုလန် တိုက်စစ်မှူးကြီးက လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၆ နှစ် ရှိနေပြီ ဖြစ်လို့ သူ့ရဲ့ နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ဘာစီလိုနာတို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးက ဒီရာသီမှာ ဘာစီလိုနာ အတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူပေးထားပါတယ်။ လီဝမ်ဒေါစကီးဟာ ၂၀၂၂/၂၃ ဘောလုံး ရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၁၁၂ ပွဲ ကစားပြီး ၇၈ ဂိုး သွင်းယူပေးထားပါတယ်။

ဗစ်တာ ယိုကီးရက်စ် ကတော့ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီး ဒီရာသီ စပိုတင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၂၃ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားသူပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်္ဂလန် အသင်းငယ် ကိုဗင်ထရီ ကနေ စပို့တင်းလစ္စဘွန်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ယိုကီးရက်စ်ဟာ သူရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ သွင်းဂိုး ၄၃ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် အထိတောင် ပြုလုပ်ကာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယိုကီးရက်စ်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဥရောပ ထိပ်တန်း ကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ စပို့တင်းလစ္စဘွန်းမှာသာ ဆက်နေခဲ့ပါတယ်။

လက်ရှိမှာတော့ ယိုကီးယက်စ်ကို အဲလ်နာဆာ ကလည်း ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ပြီး လာမယ့် နွေရာသီ အတွက် အဓိက ပစ်မှတ် တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း ပေါ်တူဂီ မီဒီယာ အချို့က ဖော်ပြနေကြပြီ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုသန်း ၁၀၀ တန် လျော်ကြေး စာချုပ် ချုပ်ဆိုထားပေမယ့်လည်း ဥရောပ ထိပ်သီး ကလပ်တွေ အနေနဲ့ အဆိုပါ ငွေကြေး ပမာဏကို ပေးချေဖို့ အဆင်သင့် ရှိနေကြတယ်လို့လည်း သိရပါတယ်။ စပို့တင်းလစ္စဘွန်းမှာ ဆက်ကစားရင်း ခြေစွမ်းပိုကောင်းလာတဲ့ ယိုကီးယက်စ်ကို အခု ဆိုရင် ဘာစီလိုနာ ကပါ စိတ်ဝင်စားလာခဲ့တာကြောင့် သူ့အနေနဲ့ ၂၀၂၅ ခုနှစ် နွေရာသီ မှာတော့ အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖွယ်တော့ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ယိုကီးရက်စ် အတွက် ပေါ်တူဂီ ကလပ် ဘက်က တောင်းဆိုလာမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ပေးချေရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်