နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မေးခွန်းထုတ်စရာ ရှိလာတဲ့ Xavi Ballနဲ့ အိမ်ကွင်း ၃ ပွဲဆက် ရှုံးခဲ့တဲ့ ဘာစီလိုနာ | လာလီဂါ ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာ ၀-၁ ရေယို ဗလက်ကာနို

လာလီဂါ ပွဲစဉ် (၂၁) ရဲ့ ပွဲကျန် အဖြစ် ဘာစီလိုနာနဲ့ ရေယိုဗလက်ကာနို တို့ နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဇာဗီရဲ့ အသင်းက ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာတို့ တစ်ပွဲလုံး ဗလက်ကာနိုကို အဘက်ဘက်မှာ အသာရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ရေယိုဗလက်ကာနို ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဘာဆာရဲ့ တိုက်စစ်မှာ ထုံးစံ အတိုင်း အော်ဘာမီယန်း၊ ဖာရန်းတောရက်စ်နဲ့ အူစမန်နီ ဒမ်ဘီလီ တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဘူးစကွက်စ်၊ ဂါဗီ၊ ဒီဂျောင်၊ အဲလ်ဘာ၊ ဂါစီယာ၊ အာရူဟိုနဲ့ ဒက်စ်တို့ ကစားခဲ့ကြပါတယ်။ ဗလက်ကာနို ကလည်း လူစုံခဲ့ပြီး အန်တီကာ၊ အဲလ်ဗာရို ဂါစီယာ၊ လိုပက်ဇ်၊ ပလာဇွန်၊ ကမ်ဆာနာ၊ ကတ်တီနာ၊ မာရက်စ်၊ ဒီမီထရစ်ဗ်စကီး တို့လို အမာခံတွေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၇ မိနစ်မှာပဲ ဗလက်ကာနိုကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ပလာဇွန်ရဲ့ ကွင်းလယ် ကနေ ကန်တင် ပေးပို့လိုက်တာကို အဲလ်ဗာရို ဂါစီယာက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘာစီလိုနာတို့ ဘောလုံးကို တောက်လျောက် ကိုင်ထားပြီး ဗလက်ကာနို ခံစစ်ကို စိန်ပြေနပြေ ထိုးဖောက်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အပါအဝင် တစ်သင်းလုံး အဆုံးသတ် ညံ့နေခဲ့တာကြောင့် သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဂါဗီရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ဘားတန်းထိ ထွက်ခဲ့တာကြောင့်လည်း ဘာစီလိုနာ တို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဇာဗီ အနေနဲ့ လန်းဂ်လတ်၊ ဒီပေး၊ နီကို၊ လုခ် ဒီယောင်၊ အဒမ်မာ ထရာအိုရေးတို့ ထည့်ပြီး အစွမ်းကုန် တိုက်စစ်မြှင့်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လွဲချော်နေဆဲ ဖြစ်သလို ဗလက်ကာနို ဂိုးသမား ဒီမီထရစ်ဗ်စကီးရဲ့ လက်စွမ်းပြမှုတွေကြောင့် ဘာစီလိုနာတို့ ဂိုးပေါက် ပျောက်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဂါဗီကို ဗလက်ကာနို နောက်တန်းက ကတ်တီနာ ဂိုးဧရိယာထဲမှာ တွန်းလှဲခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိလို့ ဘာစီလိုနာ တို့ နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဗလက်ကာနိုက ဆစ်ရဲ့ ကန်ချက် တိုင်ထိခဲ့သလို အူစမန်နီ ဒမ်ဘီလီရဲ့ ကန်ချက်ကို ပြိုင်ဘက် နောက်တန်းက အစွမ်းကုန် ကာကွယ်သွားခဲ့တာကြောင့် ၀-၁ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး ဘာစီလိုနာတို့ နူးကမ့်မှာ ၃ ပွဲဆက် ရှုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် ဘာစီလိုနာတို့ အသာကြီး သာခဲ့တာ တွေ့ရမှာပါ။ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၈ ကြိမ်၊ ဂိုးပေါက်တည့်မှု ၅ ကြိမ်၊ ဒေါင့်ကန်ဘော ၉ ကြိမ် အထိ ရခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးတောင် ပြန်မရခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ ဗလက်ကာနို ကတော့ ဘောလုံး ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းတောင် မပြည့်ခဲ့သလို ဘာစီလိုနာ ဂိုးပေါက်ကို ၃ ကြိမ်သာ ကန်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၁ ကြိမ် ကနေ ၁ ဂိုးရအောင် သွင်းနိုင်ခဲ့တာ ကိုတော့ လေးစားရမှာပါ။ ပွဲအပြီးမှာ ဇာဗီက အသင်းဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး ဘာစီလိုနာ အသင်းကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ ခက်ခဲနေတယ်လို့လည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် မှာ ဖရန့်ဖတ်ကို ရှုံးနိမ့်ပြီးနောက် အိမ်ကွင်း နူးကမ့်မှာ ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာက ဆီဗီလာနဲ့ အမှတ်တူသွားခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။ ရေယို ဗလက်ကာနို ကတော့ ဘာစီလိုနာကို ဒီရာသီ လာလီဂါမှာ နှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့ပြီး လက်ရှိ မှာတော့ ၂ ပွဲဆက် အနိုင်နဲ့ အတူ အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ မေလ ၂ ရက်နေ့မှာ မာယော့ကာနဲ့ လာလီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ရေယိုဗလက်ကာနို ကတော့ မေ ၁ ရက်နေ့မှာ ဆိုစီဒက်စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်