နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကို ဝီလီယမ်စ်ကို အရစ်ကျနဲ့ ခေါ်ချင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက် ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဘီလ်ဘာအို တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါဟာ နည်းပြသစ် ဟန်ဆီဖလစ်ခ် လက်ထက်မှာ ဘာစီလိုနာရဲ့ ပထမဦးဆုံး တန်ကြေးမြင့် ခေါ်ယူမှုလည်း ဖြစ်လာနိုင်ပါတယ်။

လာလီဂါ ကလပ်ဟာ အသင်းကို ၂ နှစ်ကျော် အကြာ ကိုင်တွယ်ခဲ့တဲ့ ဂန္တဝင်ကစားသမား ဇာဗီနဲ့ လမ်းခွဲခဲ့ပြီးနောက် ဂျာမန် နာမည်ကြီး နည်းပြ ဟန်ဆီဖလစ်ခ်ကို ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရခဲ့တဲ့ ဟန်ဆီဖလစ်ခ်ကို ဘာစီလိုနာက ၂ နှစ် စာချုပ်ချုပ်ဆိုထားပြီး နည်းပြသစ်နဲ့ အတူ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဖလစ်ခ်က ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်၊ ပိုကယ်ဖလား၊ ဥရောပစူပါဖလား၊ ဂျာမန် စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာတော့ အားရစရာ စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့ အနေနဲ့ ဂျာမနီ လက်ရွေးစင် အသင်း သမိုင်းမှာ ထုတ်ပယ်ခံရတဲ့ ပထမဦးဆုံး နည်းပြ ဖြစ်ခဲ့တဲ့ အထိ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဘာစီလိုနာရဲ့ နည်းပြ တာဝန်ကို ရယူပြီးချိန်မှာတော့ သူ့ရဲ့ အနာဂတ် အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားသူ ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ခ်ဟာ တန်ကြေးမြင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ထက် ဘာစီလိုနာရဲ့ လာမားစီးယား အကယ်ဒမီထွက် လူငယ်ကစားသမားတွေ ကိုသာ အဓိက အသုံးပြုမယ်လို့ ကတိပေးထားတာပါ။ ဒါပေမယ့် အခု ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဟန်ဆီဖလစ်က အသင်းရဲ့ အကယ်ဒမီ ကြယ်ပွင့်တွေ အပြင် ထိပ်တန်း ကစားသမား တချို့ကို ခေါ်ယူ အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် လက်ရွေးစင် ကစားသမားလေးက လာလီဂါ ပြိုင်ဘက် ဘီလ်ဘာအိုရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ လျင်မြန်တဲ့ တောင်ပံတိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိ ဘီလ်ဘာအို မှာတော့ အကို ဖြစ်တဲ့ အင်နာကီ ဝီလီယမ်စ်နဲ့ အတူတူ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီကစားသမားက ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက် စလုံးမှာ အဆင်ပြေပြေ ကစားနိုင်စွမ်း ရှိသလို ဘက်စကေး ကလပ် အတွက် ပြိုင်ပွဲစုံ ၁၂၂ ပွဲမှာ ဂိုး ၂၀ သွင်းပြီး ဖန်တီးမှုလည်း ၂၄ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ 

နာမည်ကြီး စပိန် သတင်းထောက် အိုင်ဗန် အန်တိုနီယိုရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ကို သူတို့ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကြွေးမြီထူးနေတဲ့ လာလီဂါ ကလပ်က ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အရစ်ကျနဲ့ ပေးချေဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အစောပိုင်းမှာတော့ ဒီစပိန် ကြယ်ပွင့်လေးကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကလည်း ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်