နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖရန်ကီဒီယောင်ရဲ့ နောက်ကျဂိုးနဲ့ အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၁-၀ အလာဗက်စ်

မနေ့ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လာလီဂါ ပွဲစဉ် ၂၂ နဲ့ နောက်ဆုံးပွဲမှာတော့ ဘာစီလိုနာတို့ အလာဗက်စ်ကိုဖရန်ကီဒီယောင်ရဲ့ နောက်ကျ သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပြီးပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကိုရပ်တန့်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

လူငယ် ကစားသမားတွေနဲ့ အတူ High Pressing ကစားဟန်ကိုအသားကျဖို့ ကြိုးစားနေတဲ့ ဇာဗီရဲ့ အသင်းကဒီနေ့ပွဲမှာလည်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာလုခ် ဒီယောင်၊ ဖရန်းတောရက်စ်နဲ့ အတူအက်ဇဲလ်ဇူလီကိုတွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ပွဲပယ် ပြစ်ဒဏ် ထိထားတဲ့ ဂရက်ဗီယာနေရာမှာဖရန်ကီဒီယောင်ကိုသုံးခဲ့ပြီးဘူးစကွက်စ်၊ ပက်ဒရီ၊ ခံစစ်မှာအဲလ်ဘာ၊ ဒက်စ်၊ ပီကေး၊ အာရူဟိုနဲ့ ဂိုးမှာတာစတီဂန်တို့ ပါဝင်လာခဲ့ပါတယ်။အလာဗက်စ် ကတော့ ဘာစီလိုနာရဲ့ ကွင်းလယ်နဲ့ တောင်ပံကိုထိန်းချုပ်ပြီးတိုက်စစ် လမ်းကြောင်းတွေကိုတားဆီးဖို့ အတွက် ၄-၅-၁ ကစားကွက်နဲ့ ပြန်လည် တုန့်ပြန်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

အဓိကကစားသမားအများစုနဲ့ လူစုံခဲ့တဲ့ အလာဗက်စ်ဟာခြေစွမ်းမတည်မငြိမ်သေးတဲ့ ပြိုင်ဘက် ဆီကနေအနိမ့်ဆုံးသရေ ၁ မှတ် ရရေး မျှော်လင့်ချက်နဲ့ ကစားလာခဲ့လို့ ဇာဗီတို့ အုပ်စုအတွက် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာတိုက်စစ်မှူးလုခ် ဒီယောင်ရဲ့ မြေမကျ အပြင်းကန်ချက်ဟာဘာစီလိုနာအတွက် ဦးဆောင်ဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပြီးတန်ပြန် တိုက်စစ် ကနေရလာတဲ့ ဘောလုံးကိုအလာဗက်စ် ကွင်းလယ်လူပယ်ရီပွန်စ် အပိုင် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတာစတီဂန် ဆီကိုပဲတည့်တည့် ကန်မိခဲ့လို့ ပထမပိုင်းအပြီးမှာ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ခြေစွမ်းပြန်မှန်ပြီးပုံစံကောင်းရနေတဲ့ဗလင်စီယာကတော့လာလီဂါ၂ပွဲဆက်ရှုံးနိမ့်ခဲ့လို့အမှတ်ပေးဇယားအဆင့်၉နေရာမှာပဲဆက်လက်ရပ်တည်နေခဲ့ပြီးဥရောပဝင်ခွင့်ရဖို့အတွက်ဆိုရင်အခုထက်ပိုပြီးအားစိုက်ရတော့မှာပဲဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယားအဆင့်၁၉ နေရာမှာရပ်တည်နေတဲ့ အလာဗက်စ်

ဒုတိယပိုင်းပွဲပြန်စချိန်မှာတောင်ပံပက်ဒရီရဲ့ ဖြတ်တင် ပေးပို့မှုကိုလုခ်ဒီယောင် ပြေးဝင် ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အလာဗက်စ် ဂိုးသမားပက်ချီကိုကြားဖြတ် ဖမ်းယူနိုင်ခဲ့သလိုအိမ်ရှင် အသင်းတိုက်စစ်မှူးဂျိုဆယ်လူရဲ့ ခေါင်းတိုက်ချက် ကောင်းပေမယ့် ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့လို့ ပွဲချိန် မိနစ် ၈၀ ကျော်တဲ့ အထိနှစ်သင်းလုံးဂိုးမရပဲဖြစ်နေခဲ့ပါတယ်။ အဲ့နောက် ဇာဗီအနေနဲ့ လက်ကျန် မိနစ်တွေမှာလိုအပ်နေတဲ့ အနိုင် ၃ မှတ်ကိုရှာဖွေနိုင်ဖို့ ဂျု့တ်ဂလာ၊ နီကိုဂွန်ဇာလက်ဇ် တို့ကိုထည့်ပြီးတိုက်စစ်မြှင့်ခဲ့ပါတယ်။ ဇာဗီရဲ့ လူစားလဲလှယ်မှုမှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီးတောက်လျောက် တိုက်စစ်ဆင်နေရင်းကနေပွဲချိန် ၈၇ မိနစ်မှာတော့ ဘာစီလိုနာတို့ တစ်လုံးတည်းသောအနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ အဲလ်ဘာရဲ့ ဧရိယာထဲပေးပို့မှုကိုဖာရန်းတောရက်စ် ပြန်ချပေးတာကိုအသင့်ရှိနေတဲ့ ဖရန်ကီဒီယောင်ကအသာအယာအဆုံးသတ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီဂိုးကြောင့်ပဲဘာစီလိုနာတို့ ဒီရာသီအတွက် ၉ ပွဲမြောက် နိုင်ပွဲရရှိသွားခဲ့ပြီးလာလီဂါအမှတ်ပေးဇယားအဆင့် ၅ နေရာကိုရောက်လာခြင်းနဲ့ အတူရာသီအကုန်မှာချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးနီးစပ်လာခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာဇာဗီရဲ့ အသင်းကဒမ်ဘီလီ၊ အန်ဆုဖာတီ၊ ဒီပေးတို့လိုအတိုးအလှုပ် ကောင်းတဲ့ ကစားသမားတွေပါဝင်ကစားနိုင်ခြင်းမရှိခဲ့လို့ တိုက်စစ်ပိုင်းအားနည်းခဲ့ပြီးပွဲချိန် တော်တော်များများမှာအလာဗက်စ်ရဲ့ ခံစစ်ကိုကျော်ဖြတ်ဖို့ ခက်ခဲခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၃ မှတ် အပြည့် ယူနိုင်ခဲ့တဲ့ ဘာစီလိုနာတို့ ဥရောပဝင်ခွင့် အတွက် အဓိကယှဉ်ပြိုင်ရမယ့် ဆိုစီဒက်စ်ကိုကျော်ပြီးအဆင့် ၅ နေရာကိုတက်လှမ်းနိုင်ခဲ့လို့ အခုနိုင်ပွဲဟာဇာဗီအတွက်တော့ တော်တော်လေးတန်ဖိုးရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။အလာဗက်စ် ကတော့ တန်းဆင်းဇုန်ထဲကအသင်းပီပီရှိတဲ့ အားနဲ့ အိမ်ကွင်းမှာတတ်နိုင်သမျှ ရုန်းကန်သွားခဲ့ပေမယ့် ပွဲအဖြေပြောင်းလဲနိုင်ပြီးတစ်ကိုယ်တော် စွမ်းဆောင်ရည် ကောင်းတဲ့ ကစားသမားပိုင်ဆိုင်မှုတို့မှာဘာစီလိုနာကိုဘယ်လိုမယှဉ်နိုင်ခဲ့တာကြောင့် အိမ်ကွင်းရှုံးပွဲနဲ့ ကြုံသွားခဲ့ပြန်တာဖြစ်ပါတယ်။ အလာဗက်စ် အနေနဲ့ လာလီဂါ ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနဲ့ အတူတန်းဆင်းဇုန် ဖိအားတွေအောက်မှာဆက်လက် ရုန်းကန် ရဦးမှာလည်းဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာရမှတ် လိုအပ်ချက် အတွက် အမှားခံလို့ မရတဲ့ ပွဲစဉ် အဖြစ် အက်တလက်တီကိုမက်ဒရစ်ကိုနူးကမ့်မှာဧည့်ခံကစားရဦးမှာဖြစ်ပြီးအလာဗက်စ် ကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာအဲလ်ချီရဲ့ အိမ်ကွင်းကိုသွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်