ကီလီယန် အမ်ဘာပေး ကတော့ လက်ရှိ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရပြီးတော့ ဝေဖန်မှုတွေလည်း ခံနေရသူ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသင်းရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ သူ့ရဲ့ ကစားသမား ဘက်က ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အမ်ဘာပေးဟာ ဒီနွေရာသီမှ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်း အားနည်းမှုတွေနဲ့ ပတ်သတ်လို့ ဝေဖန် ပြောဆိုခံနေရတာပါ။ ဒါပေမယ့်လည်း ကာလို အန်ဆယ်လော့တီ ကတော့ ပြင်သစ် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တြ့ L’Équipé နဲ့ အင်တာဗျူး မှာတော့ ကီလီယန် အမ်ဘာပေးနဲ့ ပတ်သက်ပြီးတော့ ထပ်မံ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ကာလို အန်ဆယ်လော့တီက “အမ်ဘာပေးမှာ ဘာ အတ္တတွေ ဘာ တစ်ကိုယ်ကောင်းဆန်မှုတွေမှ ရှိမနေပါဘူး။ ဒီအသင်းကို ရောက်လာကတည်းက အသင်းမှာ ချက်ချင်း ဆိုသလိုပဲ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျ အသားကျသွားခဲ့သူပါ။ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ထူထောင်ထားနိုင်ပါတယ်။ အမ်ဘာပေးက ဒီအသင်းကို ကောင်းမွန်တဲ့ စိတ်နေ စိတ်ထားတွေ၊ ကောင်းမွန်တဲ့ ခံယူချက်တွေနဲ့ ရောက်လာခဲ့တာပါ။” လို့ ဖြေရှင်း ပြောဆိုသွားခဲ့ပါတယ်။ အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ကစားခဲ့စဉ်က အသင်း အတွင်း လုပ်ပိုင်ခွင့်နဲ့ အာဏာတွေ အတော်လေးရရှိထားသူ အဖြစ် သတင်းတွေ ထွက်ခဲ့သလို အတ္တကြီးသူ၊ တစ်ကိုယ်ကောင်းဆန်သူ ဆိုပြီးတော့လည်း သတင်း တွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေမှာပဲ ပြင်သစ် ထိပ်တန်း တိုက်စစ် ကစားသမား အမ်ဘာပေးကို ပီအက်စ်ဂျီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ဂျူ့ဒ် ဘယ်လင်ဟမ် တိုရဲ့ တိုက်စစ် အစုအဖွဲ့က မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ပြင်သစ်မှာ ဘယ်တောင်ပံနေရာ ကစားခဲ့တဲ့ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ် မှာတော့ ဗင်နီးစီးယပ်စ်က ဘယ်တောင်ပံမှာ ကစားနေလို့ အထောင်တိုက်စစ်မှူး အဖြစ်သာ ကစားနေရသူ ဖြစ်ပါတယ်။ အမ်ဘာပေး အနေနဲ့ ရီးရဲလ်မက်ဒရစ် အတွက် လက်ရှိ သွင်းယူထားတဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၈ ဂိုး မှာလည်း ပင်နယ်တီ သွင်းဂိုး ၃ ဂိုး အထိ ပါဝင်နေခဲ့တာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း နည်းပြ အန်ဆယ်လော့တီက ကတော့ သိပ်မကြာသေးခင်က ဗင်နီးစီးယပ်စ်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ဘရာဇီးလ်သား အနေနဲ့ တောင်ပံ နှစ်ဖက်စလုံးမှာ အပြင် အထောင်တိုက်စစ် မှာလည်း ဖြစ်တာကြောင့် နေရာပြောင်း ကစားစေမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် အမ်ဘာပေး အနေနဲ့ သူအားသန်တဲ့ ဘယ်ခြမ်း ခံစစ်မှာထက် အထောင် တိုက်စစ် အဖြစ်သာ ဆက်လက် ကစားခွင့် ရဖို့တော့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.