နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်ရော ဘာဆာပါ ပွဲကြပ်နေတဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များ၊ ဒီပိုင်းကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရီးရဲလ်ရော ဘာဆာပါ ပွဲကြပ်နေတဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များ၊ ဒီပိုင်းကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်ရော ဘာဆာပါ ပွဲကြပ်နေတဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များ

ကိုပါဒယ်ရေး ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မနေ့က ထုတ်ပြန်ခဲ့ရာ မှာတော့ မက်ဒရစ် ဒါဘီ ဆင်နွှဲရဖို့ ဖြစ်လာခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး ဒါဟာ ကာလို အန်ဆယ်လော့တီရဲ့ အသင်း အတွက်တော့ နောက်ထပ် ပွဲကြပ် တစ်ပွဲ ထပ်မံ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ အဆင့်မှာ ဗီလာရီးရဲလ်ကို အကြိတ်အနယ် ကစားပြီးမှ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
အတ္တလန်တာ
1X2 ဂျူဗင်တပ်စ် @ 3.15
ဂျူဗင်တပ်စ် အာရှ အကျောပေး -0.50 @ 2.29
ဂိုး‌အောက် 2.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ ကလည်း လက်တလော ပုံစံကောင်းရနေတဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အိုဆာဆူနာက ဆီဗီလာ၊ ဗလင်စီယာ ကတော့ ဘီလ်ဘာအို တို့နဲ့ တွေ့ဆုံနေပြီး ဘာဆာနဲ့ ရီးရဲလ် တို့က ပွဲအကြပ်ဆုံး ဖြစ်နေပါတယ်။ ဒီပွဲတွေ ကိုတော့ အခုလ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

စပိန်ရဲ့ အရေးပါတဲ့ ဆုဖလား တစ်လုံး ဖြစ်တဲ့ ကိုပါဒယ်ရေးဖလား မှာတော့ အောက်တန်းက အသင်းငယ်တွေ ခြေစွမ်းပြတတ်ပေမယ့် လက်ရှိ မှာတော့ လာလီဂါ ကလပ်တွေပဲ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီဘက် နှစ်တွေ မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ဟာ ကိုပါဒယ်ရေးဖလားကို ဘက်တစ်၊ ဗလင်စီယာ၊ ဆိုစီဒက်၊ ဘီလ်ဘာအို တို့နဲ့ အကြိတ်အနယ် ယှဉ်လုနေခဲ့ရတာ ဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်ကို အပြီးသတ် ရောက်ရှိသွားတဲ့ ဒီပိုင်း

ဘာစီလိုနာ တောင်ပံကစားသမား မမ်းဖစ် ဒီပိုင်းဟာ လာလီဂါ ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ယာအို ဖီးလစ်က ချဲလ်ဆီးကို အငှားနဲ့ ထွက်ခွာသွားခဲ့တာကြောင့် တိုက်စစ်ပိုင်း အတွက် ကစားသမား ရှာဖွေနေခဲ့တဲ့ အေတီကိုက ဒီပိုင်းကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီအပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ကာရက်စ်ကိုကို ဘာဆာထံ ပြန်လည် ရောင်းချပေးဖွယ် ရှိနေပါတယ်။

အက်တလက်တီကို မက်ဒရစ်က ဒီပိုင်းကို ခေါ်ယူဖို့ အတွက် ယူရို ၃ သန်းသာ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။ ဘာဆာ ကတော့ ဒီပိုင်းကို အလွတ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အလွတ်နဲ့ ပြန်ထွက်ခွာခွင့်မပေးပဲ အက်တလက်တီကိုက ကမ်းလှမ်းလာခဲ့ချိန် မှာတော့ ယူရို ၃ သန်း အထိ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မမ်းဖစ် ဒီပိုင်း အတွက် ဘာစီလိုနာကို ယူရို ၃ သန်း ပေးချေခဲ့ရတဲ့ အက်တလက်တီကို မက်ဒရစ်

လက်ရှိမှာ တော့ ဒီပိုင်းက မက်ဒရစ်ကို ရောက်ရှိနေပြီ ဖြစ်သလို ဆေးစစ်မှုလည်း ခံယူပြီးပြီ ဖြစ်ပေမယ့် ဗယ်လာဒိုးလစ်နဲ့ ပွဲကိုတော့ ပရိသတ် အဖြစ်နဲ့သာ ကြည့်ရှုရဖွယ် ရှိနေပါတယ်။

ဒီပိုင်းဟာ နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူ ဖြစ်ပြီး ၄၃ ဂိုး အထိ သွင်းယူထားပါတယ်။ သူ့ထက် ဂိုးပိုသွင်းထားသူ ကတော့ ရော်ဘင် ဗန်ပါစီ ဖြစ်ပြီး ဂိုး ၅၀ အထိ ရရှိထားတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဒီပိုင်းဟာ PSV၊ မန်ချက်စတာယူနိုက်တက်၊ လိုင်ယွန်တို့ မှာလည်း ကစားခဲ့ပါတယ်။


လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံထားရပြီး စာချုပ် ဖျက်သိမ်းခြင်းပါ ခံလိုက်ရတဲ့ ဒန်နီ အဲဗက်စ်

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်း ဒန်နီ အဲဗက်စ်ဟာ အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရမှုကြောင့် စပိန် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရပါတယ်။ အဲလ်ဗက်စ်ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဘာစီလိုနာ မြို့မှာ ရှိတဲ့ နိုက်ကလပ် တစ်ခုမှာ အခုလိုမျိုး ကျူးလွန်ခဲ့တယ်လို့ ဆိုထားပြီး ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီး ထိန်းသိမ်းကာ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ် အရွယ် ဘရာဇီးလ် ကစားသမားကြီးဟာ အခုအချိန်ထိကို ထိန်းသိမ်းခံထားရပြီး ရုံးတင် စစ်ဆေးမယ့် အချိန် ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ အဲလ်ဗက်စ် ဘက်ကတော့ သူ ဘယ်လို အမှားမျိုးမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆန်ထားပြီး အခုလို သူ့ကို စွပ်စွဲခဲ့တဲ့ အမျိုးသမီး ကိုလည်း သူ မသိဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း သူ ဒီလိုမျိုး ထိန်းသိမ်းခံရပြီးနောက် မှာတော့ သူ့ရဲ့ လက်ရှိ ကလပ် ဖြစ်တဲ့ ပူးမက်စ်က ကစားသမားနဲ့ စာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ မက္ကဆီကို ကလပ် အတွက် ၁၃ ပွဲသာ ကစားပေးထားပြီး လက်ရှိ အခြေအနေ အရတော့ ကစားသမားဘဝ အဆုံးသတ်သွားဖို့တောင် များသွားခဲ့ပြီလို့ ပြောလို့ ရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်