ထောင်ထဲမှာပါ ဘောလုံးကစားဖူးသွားတဲ့ အဲလ်ဗတ်စ်၊ ဘာဆာကို အမှီလိုက်နိုင်သေးတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ထောင်ထဲမှာပါ ဘောလုံးကစားဖူးသွားတဲ့ အဲလ်ဗတ်စ်
လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးခံခဲ့ရတဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဒန်နီ အဲလ်ဗတ်စ်ဟာ ထောင်ထဲမှာ သူ့ရဲ့ ပထမဆုံး ဘောလုံးပွဲ ကစားခဲ့တယ်လို့ သိရပါတယ်။
အဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဘာစီလိုနာ နိုက်ကလပ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။ ဒီလိုတွေ ဖြစ်ခဲ့လို့ မက္ကဆီကို ကလပ် ပူးမတ်စ် ကလည်း ဘာစီလိုနာ ကစားသမားဟောင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗတ်စ်ဟာ ဘာစီလိုနာ မြို့ပြင်မှာ ရှိတဲ့ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတာပါ။
အဲလ်ဗတ်စ်ဟာ ထောင်ထဲမှာ နေရတာ တစ်ပတ်ကျော် ရှိလာပြီ ဖြစ်လို့ အယူခံဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သူဟာ ပြန်လွတ်နိုင်ဖို့ စောင့်မျှော်နေရင်းနဲ့ ထောင်ထဲမှာ သူ့ရဲ့ ပထမဆုံး ဘောလုံးပွဲကို ကစားခဲ့တယ်လို့ စပိန် သတင်းစာ မာကာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ပွဲနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ကတော့ အကန့်အသတ်နဲ့သာ ထုတ်ပြန်ခဲ့ပြီး အကျဉ်းသားတွေ ကလည်း လာလီဂါ ကစားသမားဟောင်းကို စိတ်ဝင်တစားနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ ထောင်ထဲမှာရှိတဲ့ သူတွေက အဲလ်ဗတ်စ် ထောင်ကွင်းထဲမှာ ကစားတာကို မြင်ချင်ကြပေမယ့် အများစု ကတော့ မြင်ခွင့် မရနိုင်ဘူးလို့လည်း သိရပါတယ်။
အဲလ်ဗတ်စ် ကတော့ ထောင်ထဲ ကနေ အမြန်ဆုံး ပြန်လွတ်ချင်နေပေမယ့် ဘယ်လောက်ကြာကြာ ဆက်နေရဦးမလဲ ဆိုတာတော့ အခုချိန်ထိ ရေရေရာာ မသိရသေးပါဘူး။
ဘာဆာနဲ့ ၅ မှတ်ကွာလည်း အမှီလိုက်နိုင်သေးတယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်ဆိုဆီဒက်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၅ မှတ် ကွာဟခဲ့ပြီ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် နည်းပြ ကားလို အန်ဆယ်လော့တီ ကတော့ သူတို့ အသင်းက လိုက်မီနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်းဟာ ဒီရာသီမှာ ပုံမှန် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ဆက်တိုက်ကို ရလဒ်တွေ ကျဆင်းနေခဲ့တာပါ။
ကျဉ်းမြောင်းတဲ့ ဂိုးကွာဟချက်တွေနဲ့ အနိုင်ရတာ၊ သရေကျတာတွေကို ဆက်တိုက် မြင်တွေ့နေခဲ့ရပြီး အခုဆို ဘာဆာနဲ့ ၅ မှတ် ကွာသွားခဲ့ပါပြီ။ ဒါပေမယ့် အန်ဆယ်လော့တီက “ ကျနော်တို့ ၅ မှတ် အကွာနဲ့ နောက်မှာ ရှိနေပေမယ့်လည်း လိုက်လို့ ရပါသေးတယ်၊ ဘာဆာက အရမ်းကောင်းနေတယ် ဆိုပေမယ့် ပွဲတွေ အများကြီး ကစားဖို့ ကျန်ပါသေးတယ်၊ အသင်း အနေနဲ့ တိုးတက်ဖို့တော့ လိုအပ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ရီးရဲလ်ဟာ ကမ္ဘာ့ဖလား အပြီးမှာ ခြေစွမ်းပိုင်း ပိုမိုအားနည်းလာခဲ့တာ ဖြစ်ပြီး နိုင်ပွဲ တစ်ပွဲ ရဖို့ကို မနည်း အားထည့် ကစားနေရပါတယ်။ လက်ရှိ မှာတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာ၊ ပွဲထွက် ကစားသမားတွေ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာတွေက သူတို့ အတွက် အဓိက အခက်အခဲတွေ အဖြစ် ရှိနေပါတယ်။
ဒုက္ခတိ ပျားတုပ် ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် ကတော့ ညက ကစားခဲ့တဲ့ ရီးရဲလ်ဆိုဆီဒက်နဲ့ ပွဲမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ အဆင့် ၃ နေရာကို ရောက်ရှိနေပြီး ခြေစွမ်းပြနေတဲ့ ဆိုဆီဒက်က ဘာနေဗျူးမှာ ရီးရဲလ်ဆီက သရေ တစ်မှတ်ရအောင် ယူသွားနိုင်ပြီး အန်ဆယ်လော့တီရဲ့ အသင်းကို အခက်တွေ့စေခဲ့ကာ ဘာစီလိုနာ ကတော့ ကြားထဲ ကနေ အမြတ်ထုတ်နိုင်ခဲ့ပါတယ်။
ကာရင်မ် ဘန်ဇီမာ ခြေစွမ်းကျလာတာ၊ ဗင်နီးစီးယပ်စ် အကောင်းဆုံး ပုံစံ ပျောက်ဆုံးနေတာတွေက ရီးရဲလ်ကို အခုလိုမျိုး ဖြစ်နေစေတာပါ။ ဒါ့အပြင် ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး ဗယ်လ်ဗာဒီ ကလည်း သူ့ရဲ့ ရင်သွေးငယ် မမွေးဖွားခင်မှာပဲ ဆုံးရှုံးလိုက်ရလို့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး ရီးရဲလ်တို့ ပြသနာပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့တောင် ဆိုရပါမယ်။
အခုဆိုရင် ဘာဆာနောက် ၅ မှတ် ကွာဟသွားပြီး လာလီဂါ ဆုဖလား အတွက် ဇာဗီရဲ့ အသင်းက ခြေတလှမ်းမက သာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာကာက ပုံမှန် နိုင်ပွဲတွေ ရနေပြီး ခြေစွမ်း မကောင်းချိန် မှာတောင် နိုင်ပွဲရအောင် ယူပြနေကာ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေ ကစားရတော့မယ့် အချိန် ကလည်း နီးလာပြီမို့ ရီးရဲလ်တို့ ပိုမို အခက်ကြုံလာဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.