နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒန်နီ အဲလ်ဗက်စ်ကို ကွာရှင်းခွင့် တောင်းလိုက်တဲ့ ဇနီးသည် ဂျိုအန်နာ၊ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့သွားတဲ့ ဘယ်လာရင် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဒီတစ်ခါ မှာတော့ ဒန်နီ အဲလ်ဗက်စ်ကို ကွာရှင်းခွင့် တောင်းလိုက်တဲ့ ဇနီးသည် ဂျိုအန်နာ၊ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့သွားတဲ့ ဘယ်လာရင် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အဲဗက်စ်ကို ကွာရှင်းခွင့် တောင်းလိုက်တဲ့ ဇနီးသည် ဂျိုအန်နာ ဆန့်ဇ်

လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်း ဒန်နီ အဲဗက်စ်ကို သူ့ရဲ့ ဇနီးဖြစ်သူ ဂျိုအန်နာ ဆန့်ဇ်က ကွာရှင်းခွင့် တောင်းလိုက်တယ်လို့ သိရပါတယ်။ အဲဗက်စ်ဟာ ဘာစီလိုနာမြို့က နိုက်ကလပ် တစ်ခုမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ သူ့ကို အကျဉ်းထောင် အတွင်းမှာ ပို့ဆောင်ထားပြီး စွပ်စွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။ အခုအခါ လက်ရှိ ဇနီးသည် ဖြစ်သူက ရှေ့နေ ကနေ တဆင့် ကွာရှင်းခွင့် တောင်းဆိုခဲ့တာ ဖြစ်ပြီး အဲဗက်စ် အတွက်တော့ စိတ်ပျက်စရာတွေ တစ်ခုပြီး တစ်ခု ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ဂျိုအန်နာ ဆန့်ဇ်ဟာ အင်စတာဂရမ်မှာလည်း အဲဗက်စ်နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အားလုံးကို ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အထဲမှာ မင်္ဂလာဆောင် အခမ်းအနားက ဓာတ်ပုံတွေပါ ပါဝင်ခဲ့တယ်လို့ သိရကာ ဘရာဇီးလ် လက်ရွေးစင် ကစားသမားနဲ့ ရှေ့မဆက်နိုင်တော့ဘူး ဆိုတာကို အတိအလင်း ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်ကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ မတ် ဒိုဟာတီ

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ နောက်ခံလူ မတ် ဒိုဟာတီဟာ စပိန် လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်ကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် ညာနောက်ခံလူဟာ နည်းပြ အန်တိုနီယို ကွန်တီ လက်အောက်မှာ ပွဲကစားချိန် နည်းပါးနေခဲ့သူလည်း ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ် ဘက်တစ်
ဘာစီလိုနာ
1X2 ရီးယဲလ် ဘက်တစ် @ 4.50
ဂိုးပေါ် 3.00 @ 2.47
ဂိုးပေါင်း 0-1 @ 3.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကလည်း ညာအစွန် ခံစစ် ကစားသမား တစ်ဦး လိုအပ်နေခဲ့ချိန်မှာ ဒိုဟာတီကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ BBC ရဲ့ ဖော်ပြချက် မှာတော့ ဒိုဟာတီနဲ့ စပါးတို့ အကြားမှာ နှစ်ဖက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ ကစားသမားဟာ မက်ဒရစ် ကလပ်ဆီ အငှားနဲ့ ပြောင်းခဲ့တယ် လို့ပဲ ဆိုထားပါတယ်။

ဒိုဟာတီဟာ စပါး အတွက် ၇၁ ပွဲ ကစားပေးခဲ့ပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ် ကတော့ လာလီဂါ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရဖို့ အဓိကထား ကြိုးပမ်းနေတာပါ။ အက်တလက်တီကိုမက်ဒရစ်တို့ လက်ကျန် ရာသီဝက်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြလုပ်ခဲ့တာ ဖြစ်ပြီး ခံစစ် အသားပေး အသင်း ဖြစ်တဲ့ တီကို အတွက်တော့ ဒိုဟာတီက အသုံးတည့်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။


စပို့တင်းလစ္စဘွန်းကို ရွေးချယ်လိုက်ပြီ ဖြစ်တဲ့ ဘယ်လာရင်

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ အသင်းပြောင်းခဲ့တဲ့ ဟက်တာ ဘယ်လာရင်

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်လာရင်က သူ့ရဲ့ ငယ်ဘ၀ ကလပ် ဘာစီလိုနာကို တကျော့ပြန် ရောက်ရှိခဲ့ပေမယ့် ပုံမှန် ပွဲထွက် ကစားခွင့်မရခဲ့တာကြောင့် လစ္စဘွန်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ဘာကာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၁ မှာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အာဆင်နယ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာ ပြသနာတွေကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရပြီး လာလီဂါ ကလပ် ဘက်တစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘက်တစ်မှာ ထပ်ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ ဘာစီလိုနာရဲ့ ပြန်လည် ခေါ်ယူခြင်း ခံခဲ့ရပေမယ့် နည်းပြ ဇာဗီရဲ့ ပထမဦးစားပေး ကစားသမား မဟုတ်ခဲ့တာကြောင့် နောက်ဆုံး မှာတော့ ဘယ်လာရင် တစ်ယောက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ကတ်တာလန် ကလပ်မှာ စုစုပေါင်းမှ ၇ ပွဲတည်းသာ ကစားခဲ့ရပြီး အရန်ခုံပေါ်မှာ အချိန်ကုန်နေခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာက အယ်လ်အေ ဂလက်ဇီ ကစားသမား ဂျူလီယန် အာရူဂျိုကို ယူရို ၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘယ်လာရင်ရဲ့ နေရာ အတွက် အစားထိုးခဲ့တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်