နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – ညနေခင်း သတင်းများ (၂၇/၁၀/၂၀၂၂)

အောက်တိုဘာ ၂၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ကနေ ထွက်ရပြီးနောက် မက်ဆီရဲ့ နာမည်ကို အော်ဟစ် သီကြွေးခဲ့တဲ့ ဘာဆာ ပရိသတ်များ

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေ ကတော့ အသင်း ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရပြီးနောက် မက်ဆီရဲ့ နာမည်ကို သီကြွေးခဲ့ကြပါတယ်။ ဘာစီလိုနာ အသင်းဟာ ဘေယန်မြူးနစ်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ဆင်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ပြီးခဲ့တဲ့နှစ် ကလည်း ထွက်ခဲ့ရတာကြောင့် ၂ နှစ် ဆက်တိုက် ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ် ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ လီယွန်နယ် မက်ဆီ ထွက်သွားပြီးနောက် ၂ နှစ် ဆက်တိုက် ယူရိုပါလိဂ်ဆီ ဆင်းကစားခဲ့ရတာ ဖြစ်ပြီး မက်ဆီကို လာလီဂါရဲ့ စည်းမျဉ်းကြောင့် စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့လို့ မနှစ် နွေရာသီမှာ ထွက်ခွာခွင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ ယူရိုပါလိဂ်ကို ၂ နှစ် ဆက်တိုက် ဆင်းခဲ့ရပြီး ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး ဒီပွဲမှာ ဂိုးပေါက်တောင် တည့်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီကလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာ

ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့တဲ့ မက်ဆီနဲ့ ပြင်သစ်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေပြီး ၁၁ ဂိုး သွင်းယူကာ ၁၂ ဂိုးဖန်တီးထားကာ ဘာစီလိုနာ ပရိသတ်တွေ ကတော့ မက်ဆီကို အသင်းထံ ပြန်လည် ခေါ်ယူပေးဖို့ အလိုရှိနေကြပါတယ်။

မက်ဆီ ကတော့ လက်ရှိအချိန်မှာ သူ့အနာဂတ်ကို ဆုံးဖြတ်မှာ မဟုတ်ဘဲ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှသာ ဆုံးဖြတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ပီအက်စ်ဂျီ ကလည်း မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။


အုပ်စုတွင်း အခက်အခဲကြောင့် ချန်ပီယံလိဂ်က ထွက်ရတာပါလို့ ဆင်ခြေပေးလာပြန်တဲ့ ဇာဗ

ဘာစီလိုနာ နည်းပြ ဇာဗီက ချန်ပီယံလိဂ် ကနေ ၂ နှစ် ဆက်တိုက် ထွက်ခဲ့ရပြီးနောက် အုပ်စုတွင်းမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ ဟာ ဘေယန်မြူးနစ်နဲ့ မကစားခင်ကတည်းက အင်တာမီလန်ရဲ့ နိုင်ပွဲကြောင့် ယူရိုပါလိဂ် ဆင်းရဖို့ သေချာခဲ့တာပါ။
လာလီဂါ ကလပ်ဟာ ယူရိုပါလိဂ်ကို ၂ နှစ် ဆက်တိုက် ဆင်းခဲ့ရပြီး ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ အ‌ရေးနိမ့်ခဲ့ပြီး ဒီပွဲမှာ ဂိုးပေါက်တောင် တည့်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ဇာဗီ ကတော့ အုပ်စုတွင်းရဲ့ အင်အား တောင့်တင်းမှုကို ပြောသွားခဲ့တာပါ။

လာလီဂါ
ကာဒပ်ဇ်
အက်တလက်တီကို
ဂိုး‌အောက် 2.00 @ 2.23
ဂိုး‌ပေါ်် 1.00 @ 2.23
စုစုပေါင်းဂိုးအရေအတွက် 4-6 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဇာဗီက “ကျွန်တော်တို့ အမှန်တကယ် ဖြစ်တဲ့ အရာကို ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ တဖြည်းဖြည်း တိုးတက်လာရမှာ ဖြစ်ပြီး ဒီနေ့မှာဆိုရင် ကောင်းမွန်တဲ့ အရာတွေ ရှိပါတယ်။ မြူးနစ်မှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။”

“ ဘေယန်မြူးနစ်က ပိုပြီး ကောင်းပါတယ်။ အုပ်စုက အလွန်ရှုပ်ထွေးခဲ့ပြီး ချန်ပီယံလိဂ်မှာ အရာအားလုံးက ကျွန်တော်တို့ အတွက် ဖြစ်ခဲ့တယ်” လို့ ပြောခဲ့တာပါ။ ဘာစီလိုနာ ဟာ ယူရိုပါလိဂ်မှာ အဆိုပါ ပြိုင်ပွဲရဲ့ အုပ်စု ဒုတိယရ အသင်း ဒါမှမဟုတ် ချန်ပီယံလိဂ် ကနေ တတိယ နေရာနဲ့ ဆင်းလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ငွေအများအပြား သုံးခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပဲ ချန်ပီယံလိဂ် အုပ်စုအဆင့် ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။


အခွင့်အရေး အသုံးမချနိုင်ခဲ့လို့ ယူရိုပါလိဂ် ဆင်းကန်ရတော့မယ့် အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကိုမက်ဒရစ် ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့်က တက်နိုင်ဖို့ အတွက် အိမ်ကွင်းမှာ ဂျာမန် ကလပ် လေဗာကူဆင်နဲ့ ကစားခဲ့ရာမှာ ၂ ဂိုးစီ သရေကျခဲ့လို့ ယူရိုပါလိဂ် မှာပဲ ကစားရဖို့ ဖြစ်သွားခဲ့ပါပြီ။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပြီး ဂျာမန် ကလပ်ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် အလွယ်တကူပဲ အနိုင်ရမယ် ထင်မှတ်ခဲ့ရပေမယ့် နောက်က လိုက်ကစားခဲ့ရပြီး အခွင့်အရေး ရချိန်မှာလည်း အသုံးမချနိုင် ဖြစ်ခဲ့ရပါတယ်။

တစ်ဖက် ၂ ဂိုးစီ သရေကျနေချိန် နောက်ဆုံး မိနစ်မှာ အေတီကိုတို့ ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ပါတယ်။ ဒီဂိုးသာ ဝင်ခဲ့မယ် ဆိုရင် အုပ်စု နောက်ဆုံးပွဲမှာ ပေါ်တိုနဲ့ နောက်တဆင့် အတွက် လုရမှာ ဖြစ်ပေမယ့် ကာရက်စ်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမားက ပုတ်ထုတ်သွားခဲ့ပါတယ်။

ပြန်အံထွက်လာတဲ့ ဘောလုံးကို အခြားကစားသမား တစ်ဦးက ခေါင်းတိုက် ဂိုးသွင်းခဲ့ရာ မှာလည်း တိုင်ထိမှန်ခဲ့သလို ထပ်မံ အံထွက်လာတာကို ပိတ်ခဲ့ရာ မှာလည်း လေဗာကူဆင် နောက်ခံလူတွေက ဖျက်ထုတ်သွားခဲ့လို့ ကံဆိုးခဲ့ရပါတယ်။

အေတီကို နည်းပြကြီး ဒီယေဂို ဆီမြွန်နီ ကတော့ ဒီလို စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့် အပြီးမှာ အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရပြီး နောက်တစ်ဆင့် မတက်ရောက်နိုင်ခဲ့တဲ့ အတွက် ကြေကွဲခဲ့ရပါတယ်။ အေတီကို ကစားသမားတွေလည်း အံ့အားသင့်ခဲ့ရပြီး အောင်ပွဲခံဖို့ အတွက်ပြင်ဆင်ထားမှုတွေ ကလည်း အလဟဿ ဖြစ်ခဲ့ရကာ ဒီရာသီ မှာတော့ အုပ်စု အဆင့် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီအုပ်စုမှာ ကလပ် ဘရုဂျက်နဲ့ ပေါ်တို တို့က နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်