နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာမှာ အမြဲတမ်း နေသွားဖို့ အစီအစဉ် မရှိတဲ့ ပီဒရီ၊ ရက်တီဂီကို စိတ်ဝင်စားလာတဲ့ အက်တလက်တီကိုမက်ဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာမှာ အမြဲတမ်း နေသွားဖို့ အစီအစဉ် မရှိတဲ့ ပီဒရီ၊ ရက်တီဂီကို စိတ်ဝင်စားလာတဲ့ အက်တလက်တီကိုမက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာဆာမှာ တစ်သက်လုံး နေသွားဖို့ အစီအစဉ် မရှိတဲ့ ပီဒရီ

ပရီးမီးယားလိဂ်နဲ့ ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ပီဒရီ ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူက သူ့ အနေနဲ့ လက်ရှိ ကလပ်မှာ ပျော်ရွှင်နေပေမယ့် ဘာဆာ မှာပဲ အမြဲတမ်း နေသွားဖို့တော့ မသတ်မှတ်ထားကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပက်ဒရီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကပဲ လာလီဂါ ထိပ်သီး ကလပ်နဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားခဲ့ပြီး စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို ၁ ဘီလျံ အထိ တန်ကြေး ရှိနေသူပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် ၃ ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ပီဒရီကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သတ်လို့ ပီဒရီက “အခုချိန်မှာ ဆိုရင်တော့ နိုးပါ။ ကျနော် အခု ဘာဆာမှာ ရှိနေသလို ဒီမှာ နှစ်ပေါင်းများစွာ နေချင်ပါတယ်။ လာလီဂါကို ချစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာကမှတော့ တစ်သမတ်ထဲ ရှိမနေပါဘူး။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်၊။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 လီဗာပူးလ် @ 5.00
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 2.00
ဂိုးပေါ် 3.00 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ် ကနေ အလောတကြီး မထွက်ခွာခဲ့သင့်ကြောင်း နောင်တရစွာ ဖွင့်ဟလိုက်တဲ့ နစ္စတယ်ရွိုင်း

ပီအက်စ်ဗွီ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ရူ့ဒ် ဗန်နစ္စတယ်ရွိုင်းက သူ့ အနေနဲ့ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ် ကနေ အလောတကြီး မထွက်ခွာခဲ့သင့်ဘူးလို့ နောင်တရစွာ ပြန်လည် ဖွင့်ဟလာခဲ့ပါတယ်။ နစ္စတယ်ရွိုင်းက အင်တာဗျူး တစ်ခုမှာ ယူနိုက်တက် အသင်းဖော်ဟောင်း ဂယ်ရီ နဗီးလ်ကို အခုလိုပဲ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

“(မန်ဝဲလ်) ပယ်လီဂရီနီ လက်ထက်တုန်းကပေါ့။ သူတို့ ဘန်ဇီမာ၊ ရော်နယ်ဒိုနဲ့ ကာကာ ကို ခေါ်လိုက်တယ်။ အဲ့တော့ ကျနော့် အတွက် နေရာ မရှိတော့ဘူးဗျာ။”

“ဒါကို ကျနော် နားလည်ပါတယ်။ လက်လည်း လက်ခံပါတယ်။ ကျနော်က ၃၃ နှစ် ရှိပြီလေ။ ပြီးတော့ ၂၀၁၀ ကမ္ဘာ့ဖလား ကိုလည်း သွားကန်ချင်သေးတော့ ဟမ်းဘတ်ကို ပြောင်းလိုက်မိတယ်။ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ချလိုက်မိတယ် လို့ပဲ ပြောရမှာပေါ့။”

“ကျနော် ရီးရဲလ်မက်ဒရစ်ကို မစွန့်ခွာခဲ့သင့်ဘူး။ ကျနော့် မိသာစု အတွက်လည်း စွန့်ခွာဖို့ အချိန်ကောင်း မဟုတ်ခဲ့ဘူး။” လို့ နစ္စတယ်ရွိုင်းက ရင်ဖွင့်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၆ နှစ် အရွယ် နယ်သာလန် နည်းပြဟာ ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘတ်၊ မာလာဂါ အသင်းတွေမှာ ကစားခဲ့ပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့တဲ့ နစ္စတယ်ရွိုင်းက လာလီဂါ ကလပ် မှာတော့ ၄ ရာသီ အတွင်း ပွဲပေါင်း ၇၀ နီးပါးသာ ကစားနိုင်ခဲ့ပြီး ဂိုး ၅၀ နီးပါးတော့ သွင်းနိုင်ခဲ့ပါတယ်။ အဲ့နောက် နယ်သာလန်သားက ဂျာမန် ကလပ် ဟမ်းဘတ်နဲ့ စပိန် ကလပ် မာလာဂါ တို့မှာ တစ်ရာသီစီ ကစားပြီး အပြီးတိုင် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။


ရက်တီဂီကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ အက်တလက်တီကိုလည်း ပါဝင်လာ

အီတလီ Sky Sportsရဲ့ ဖော်ပြချက်အရ အီတလီ တိုက်စစ်မှူး မက်တေယို ရက်တီဂီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်လည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။
အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ အက်တလက်တီကို မက်ဒရစ်

အီတလီ Sky Sportsရဲ့ ဖော်ပြချက်အရ အီတလီ တိုက်စစ်မှူး မက်တေယို ရက်တီဂီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်လည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။

လက်ရှိ အာဂျင်တီးနား ကလပ် တိုက်ဂရီမှာ အငှားနဲ့ ကစားနေတဲ့ ဘိုကာဂျူနီယာ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ယူရို ခြေစစ်ပွဲ ၂ ပွဲဆက်တိုက် ဂိုးသွင်းပြီး ဥရောပ ထိပ်သီး ကလပ်တွေကို သတိထားမိစေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် အီတလီ လက်ရွေးစင်ကို စီးရီးအေ ကလပ် အင်တာမီလန် ကလည်း တော်တော်လေး စိတ်ဝင်စားနေခဲ့တာကြောင့် ဘယ်အသင်းကို ရောက်သွားမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

တိုက်ဂရီမှာ ၈ ပွဲ ကစားပြီး ၆ ဂိုး သွင်းထားတဲ့ ဒီကစားသမားကို ဘိုကာဂျူနီယာက လာမယ့် ဇွန်လမှာ ယူရို ၂ သန်းခွဲနဲ့ ပြန်လည် ခေါ်ယူခွင့် ရှိနေသလို အကယ်၍ အသင်း ပြောင်းခဲ့မယ် ဆိုရင်လည်း ပြောင်းရွှေ့ကြေးရဲ့ ၅၀% ကိုလည်း ဘိုကာဂျူနီယာက ရရှိမှာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်ရဲ့ နောက်ထပ် တိုက်စစ် ပစ်မှတ် ကတော့ ချဲလ်ဆီးမှာ အဆင်မပြေဖြစ်နေပြီး စပိန်ကို ပြန်ချင်နေတဲ့ ဂါဘွန်း တိုက်စစ်မှူး ပီယာ အမ်းမရစ်ခ် အော်ဘာမီယန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက ဆီမြွန်နီရဲ့ အသင်းက လိုက်နေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်