နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ ခေတ်သစ် ကြယ်စင်စု ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမား ၄ ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၂၅ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန္တား အာနိုးလ်ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တာပါ။ အာနိုးလ်ဟာ ဒီရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒီအခြေအနေကို လာလီဂါ ထိပ်သီး တို့က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အကယ်၍ အာနိုးလ်နဲ့ လစ်ဗာပူးလ် တို့သာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ၂၀၂၅ ခုနှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီက နာမည်ကျော် ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒါကြောင့် ရီးရဲလ်ဟာ လာမယ့် ၂၀၂၅ နွေရာသီ မှာတော့ ဘက်ဂျက် အင်အား တော်တော်လေး တောင့်တင်းနေတာကြောင့် ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုနိုင်ဖွယ် ရှိနေကြောင်း The Independent က ဖော်ပြခဲ့တာပါ။ တချို့ သတင်းတွေမှာ ဆိုရင် လာလီဂါ ကလပ်ဟာ ဒီကစားသမား ၄ ဦးကို ခေါ်ယူပြီး ကြယ်စင်စု အသင်း အဖြစ် တည်ဆောက်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း ဖော်ပြလျက် ရှိပါတယ်။

တချို့ သတင်းတွေမှာ ဆိုရင် လာလီဂါ ကလပ်ဟာ ဒီကစားသမား ၄ ဦးကို ခေါ်ယူပြီး ကြယ်စင်စု အသင်း အဖြစ် တည်ဆောက်သွားဖို့ ဆန္ဒရှိနေတယ်လို့လည်း ဖော်ပြလျက် ရှိပါတယ်။
လာမယ့် အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းဖို့ ရှိနေတဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်

The Independentရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ် နွေရာသီမှာ အာနိုးလ် အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ၊ အာဆင်နယ် နောက်ခံလူ ဝီလီယမ် ဆလီဘာနဲ့ စပါး နောက်ခံလူ ရိုမဲယို တို့ကိုပါ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမား ၄ ဦး ထဲမှာတော့ လစ်ဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ ဖြစ်နိုင်ချေ အရှိဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့်လည်း လစ်ဗာပူးလ် ကတော့ အာနိုးလ်ကို လက်လွှတ်သွားချင်တဲ့ ပုံစံမျိုး ရှိမနေခဲ့ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စပိန် ကွင်းလယ်လူ ရိုဒရီ ကလည်း မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး မန်စီးတီး ကလည်း သူ့ကို ဒီဘရွန်းနား၊ အာလင်း ဟာလန်း တို့လို မြင့်မားတဲ့ လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် နောက်ခံလူ ဆလီဘာနဲ့ စပါး နောက်ခံလူ ရိုမဲယို တို့ကတော့ သက်ဆိုင်ရာ ကလပ်တွေနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး အသင်းရဲ့ အဓိက ကစားသမားတွေလည်း ဖြစ်နေကြပါတယ်။ ဒါကြောင့် လာလီဂါ ထိပ်သီး တို့ အနေနဲ့ ဒီကစားသမားတွေကို အလွယ်တကူ ခေါ်ယူဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်