နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းကျလာတဲ့ ကာဗာဟယ်ကြောင့် ညာနောက်ခံလူ ရှာနေရတဲ့ ရီးရဲလ်မက်ဒရစ်၊ ဂါဗီကို နံပါတ် ၃၀ ပါ ပြန်ဝတ်ခိုင်းလိုက်တဲ့ လာလီဂါ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ခြေစွမ်းကျလာတဲ့ ကာဗာဟယ်ကြောင့် ညာနောက်ခံလူ ရှာနေရတဲ့ ရီးရဲလ်မက်ဒရစ်၊ ဂါဗီကို နံပါတ် ၃၀ ပါ ပြန်ဝတ်ခိုင်းလိုက်တဲ့ လာလီဂါ အဖွဲ့ချုပ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခြေစွမ်းကျလာတဲ့ ကာဗာဟယ်ကြောင့် ညာနောက်ခံလူ ရှာနေရတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ အသင်းရဲ့ ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် အပေါ်မှာ ယုံကြည်မှု နည်းပါးလာပြီလို့ သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် စပိန် နောက်ခံလူဟာ ဒီရာသီမှာ ခြေစွမ်း ကျဆင်းလာပြီး ပွဲစဉ် အများစုမှာ ခက်ခက်ခဲခဲနဲ့ ကစားနေခဲ့ရတာ ဖြစ်ပါတယ်။ 

စပိန် လက်ရွေးစင် အသင်း မှာလည်း မကြာခဏဆိုသလို လူစားလဲလှယ်ခံရမှုတွေ ရှိလာခဲ့သလို အရန်ခုံ မှာလည်း ထိုင်နေခဲ့ရပါတယ်။ ကာဗာဟယ်ရဲ့ ခြေစွမ်းက အသက်အရွယ်ရလာလေ ကျဆင်းလာလေ ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ် အတွက်တော့ ညာနောက်ခံလူ တစ်ယောက် ထပ်ရှာဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဖာလန်း မန်ဒီ၊ နာချို ဖာနန်ဒက်ဇ် တို့က ခံစစ် ညာအစွန်မှာ ကစားနိုင်ပေမယ့်လည်း ဘယ်ခြမ်းမှာ ပိုပြီး အဆင်ပြေပြေ ကစားနိုင်သူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီး ကစားသမား ရိစ်ဂျိမ်းစ်ကို ရီးရဲလ်က ပစ်မှတ်ထားနေပြီး အင်္ဂလန်သားကို လာမယ့် ရာသီမှာ ခေါ်ယူဖို့ အားထုတ်သွားဖွယ် ရှိနေပါတယ်။ 

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အက်စတန် ဗီလာ
1X2 သရေ @ 3.55
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.00 @ 2.33
ဂိုးပေါ် 2.50 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အကယ်ဒမီက ကစားသမားတွေ ကိုတောင် မနိုင်တော့တဲ့ ဟာဇက်

စပိန် သတင်းစာ Relevo ရဲ့ ဖော်ပြချက်အရ အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းခဲ့ရတယ်လို့ သိရတယ်။ ဒါပေမယ့်လည်း လေ့ကျင့်ခန်း အစီအစဉ်မှာ ဟာဇက်က စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်တွေ ကိုသာ ပြသခဲ့ပြီး အကယ်ဒမီ ကစားသမားတွေကို ကျော်ဖြတ်ဖို့တောင် မနည်း ရုန်းကန်နေရတယ် လို့လည်း သိရပါတယ်။ 

ဟာဇက်ကို မြင်တွေ့ရတာက ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေပြီး စိတ်ဓာတ်ပါ ကျဆင်းနေတယ် လို့လည်း Relevo က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံ အတွက်လည်း ရွေးချယ်မခံရတော့တဲ့ ဟာဇက်က ရီးရဲလ်မှာ ပွဲထွက် ကစားခွင့် ပျောက်ဆုံးနေတာ တော်တော်လေး ကြာမြင့်နေသလို လူစားဝင်ခွင့် ရဖို့တောင် ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီနဲ့လည်း စကားမပြောတာ ကြာမြင့်နေပြီ ဖြစ်တဲ့ ဟာဇက်က သူ့ရဲ့ ကစားသမား ဘ၀က ပြီးဆုံးသွားပြီလို့ ပြောရမယ့် အနေအထား ဖြစ်နေခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင် ဟာဇက်ဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲရဖို့က သေချာသလောက် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဟာဇက်ဟာ တချိန်က ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး နာမည်ကျော် နောက်ခံလူတွေကို Dribbles တွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုလည်း ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ချိန် မှာတော့ ဟာဇက်က ခြေစွမ်း လုံးဝ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


ဂါဗီကို နံပါတ် ၃၀ ပါ ပြန်ဝတ်ခိုင်းလိုက်တဲ့ လာလီဂါ

လာလီဂါရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီဟာ ကျောနံပါတ် ၆ ကို ဝတ်ဆင်ခွင့် ရထားရာ ကနေ နံပါတ် ၃၀ ကို ပြောင်းလဲ ဝတ်ဆင်ရတော့မယ်လို့ သိရပါတယ်။
ဂါဗီနဲ့ လူငယ်စာချုပ်သာ ချုပ်ဆိုရတော့မယ့် ဘာစီလိုနာ

လာလီဂါရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီဟာ ကျောနံပါတ် ၆ ကို ဝတ်ဆင်ခွင့် ရထားရာ ကနေ နံပါတ် ၃၀ ကို ပြောင်းလဲ ဝတ်ဆင်ရတော့မယ်လို့ သိရပါတယ်။ ဒါဟာ ဘာဆာနဲ့ ကစားသမားကြားက စာချုပ်ကို လာလီဂါ ဘက်က လက်မခံခဲ့တဲ့နောက်မှာ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာက ဂါဗီကို အသင်းကြီး စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် ဘဏ္ဍာရေး စည်းမျဉ်းတွေကို လိုက်နာမှု မရှိတာကြောင့် အဆိုပါ စာချုပ်ကို ပယ်ချခဲ့တာပါ။ ဒါကြောင့် ဘာစီလိုနာက ဂါဗီနဲ့ လူငယ်စာချုပ်သာ ချုပ်ဆိုရတော့မှာ ဖြစ်ပြီး ရာသီကုန်ရင် အလွတ်နဲ့ပါ ထွက်ခွာခွင့်ပါ ပေးရမယ့် သဘောတူညီချက် ကိုလည်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။ 

ဒီအတွက် ဘာစီလိုနာ ဘက်က အယူခံဝင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဂါဗီကို ဘာစီလိုနာတို့ ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီး ကစားသမားကို မက်လုံးပေး ဆွဲဆောင်နိုင်တဲ့ အသင်းသာ ရှိလာခဲ့ရင် သူတို့ရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားကို လက်လွှတ်ရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်