ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ အခုနှစ် ဘောလုံးရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီးတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ဘာစီလိုနာ ကလည်း အာနိုးလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ အသက် ၂၆ နှစ် အရွယ် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားကို ဆက်ထိန်းထားချင်ပေမယ့်လည်း လုပ်ခလစာ အပိုင်းမှာ ညှိနှိုင်းဖို့ အဆင်မပြေ ဖြစ်နေတာပါ။ ဒီအခြေအနေမှာ လစ်ဗာပူးလ် တာဝန်ရှိသူတွေ အနေနဲ့ အာနိုးလ်ကို လက်မလွှတ်ချင်ပဲ လက်လွှတ်ရဖို့ ရှိနေတာ ဖြစ်ပြီး အင်္ဂလန်သား အနေနဲ့ ဘယ်အသင်းကို ရောက်ရှိမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်ဟာ လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ လက်ရှိမှာလည်း လစ်ဗာပူးလ်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေသူပါ။ ဒါပေမယ့်လည်း လက်ရှိမှာ အာနိုးလ်က လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေတဲ့ အပြင် လစ်ဗာပူးလ် ဘက်ကလည်း အသင်းရဲ့ အဓိက ကစားသမား ၃ ဦးကို စာချုပ်သက်တမ်း တိုးဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အာနိုးလ် အပြင် မိုဟာမက် ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေကို လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်လျက် ရှိပြီးတော့ အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ကာဗာဟယ် အနေနဲ့ လက်ရှိမှာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာ ACL ရရှိနေတာကြောင့် ကျိန်းသေပေါက် ရာသီကုန်အထိ အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမား လိုအပ်ချက် ရှိနေပေမယ့်လည်း အာနိုးလ် အတွက် ပြောင်းရွှေ့ကြေး အသုံးပြုလိုခြင်း မရှိပဲ စာချုပ်သက်တမ်းကုန်မှသာ ခေါ်ယူဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။
အခုလိုမျိုး ရီးရဲလ်မက်ဒရစ်က အာနိုးလ်ကို ခေါ်ယူဖို့ ချင့်ချိန်နေချိန်မှာ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ ကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာက အာနိုးလ်ကို စိတ်ဝင်စားနေပြီး သူတို့လည်းပဲ လစ်ဗာပူးလ်နဲ့ အာနိုးလ် တို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း သိရပါတယ်။
အာနိုးလ်ဟာ လစ်ဗာပူးလ် အတွက် ၂၀၁၆ ခုနှစ် ကနေ လက်ရှိ အချိန်ထိ ပွဲပေါင်း ၃၂၈ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူထားသလို အဓိက ဆုဖလား အောင်မြင်မှု အားလုံး ရရှိထားသူ ဖြစ်ပါတယ်။ အာနိုးလ် အနေနဲ့ ဒီရာသီ မှာလည်း လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.