နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဖွန်ဆို ဒေးဗီးစ်ကို အလွတ်နဲ့ ဆွဲစိဦးမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကတော့ ဘေယန်မြူးနစ်ရဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို လာမယ့် ၂၀၂၅/၂၀၂၆ ဘောလုံးရာသီမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ကနေဒါ ခံစစ် ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ဘက်ကတော့ အယ်လ်ဖွန်ဆို ဒေးဗီးစ်လို ထိပ်တန်း အဆင့် ရှိတဲ့ ကစားသမားကောင်း တစ်ဦးကို အလွတ်နဲ့ လက်လွှတ်လိုခြင်း မရှိတာကြောင့် စာချုပ်သစ် ကမ်းလှမ်းထားခဲ့တာပါ။ ဒါပေမယ့်လည်း ကစားသမား ဖြစ်သူ ကတော့ စာချုပ်သစ် ကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်း မရှိပဲ လက်ရှိအချိန်ထိ တုန့်ပြန်ထားခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဂျာမန် ဘီလူးတို့ဟာ ဒေးဗီးစ်ကို အလွတ်နဲ့ အသင်းပြောင်းခွင့်ပေးရဖို့ များသွားခဲ့ပြီလို့လည်း ပြောလို့ ရပါတယ်။ ဒီလို ဒေးဗီးစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်က သူတို့ အသင်းရဲ့ ထုံးစံအတိုင်း အလွတ်နဲ့ ဆွဲစိဖို့ စဉ်းစားလာခဲ့ပြီး အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုတင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းတွေ ကိုတော့ စပိန် အခြေစိုက် ခိုင်မာတဲ့ သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ ASက ဖော်ပြခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ ဒေးဗီးစ် ကို အလွတ်ကြေးနဲ့ ခေါ်ယူသွားဖို့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ပြီ ဖြစ်ကြောင်းလည်း‌ ဖော်ပြခဲ့ပါတယ်။ 

အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပါးပါးနပ်နပ် ကစားတတ်တဲ့ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ကီလီယန် အမ်ဘာပေး ကိုတောင် ပီအက်စ်ဂျီ ဆီကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဂုန်းဆင်းထားနိုင်တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေး အပြောင်းအရွှေ့ တစ်ခုတည်း မဟုတ်ပဲ ယခင်ကလည်း အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အာလာဘာ တို့လို ကစားသမားကောင်းတွေ ကိုလည်း အလွတ် နဲ့ပဲ ခေါ်ယူနိုင်ခဲ့တဲ့ အစဉ်အလာ ရှိထားပါသေးတယ်။

လက်ရှိမှာ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတာကြောင့် အစောပိုင်းမှာ လာလီဂါ ကလပ်က ဈေးနည်းနည်းနဲ့ ခေါ်ယူဖို စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လာလီဂါ ကလပ်က သူတို့ အသင်းရဲ့ ထုံစံ အတိုင်း စာချုပ်သက်တမ်း ကုန်ဆုံးသွားမှ အလွတ်နဲ့ ခေါ်ယူမယ့် လမ်းစဉ် ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လာလီဂါ ချန်ပီယံ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်မှာ ဖာလန်း မန်ဒီနဲ့ ဖာရန် ဂါစီယာ တို့ ရှိနေပြီး မန်ဒီကို စာချုပ်သက်တမ်း တိုးမြှင့်ထားပါတယ်။ အကယ်၍ ဒေးဗီးစ် ကိုသာ ခေါ်ယူနိုင်ခဲ့မယ် ဆိုတော့ သူတို့ရဲ့ လူငယ် ထုတ်ကုန် ဖာရန် ဂါစီယာ ကိုတော့ တခြား တစ်သင်းထံ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ အစောပိုင်းမှာ ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ညာခြမ်း ခံစစ်မှာ ရှိတဲ့ ကာဗာဟယ် နေရာကို ရေရှည် အတွက် အစားထိုးဖို့ စဉ်းစားနေပြီး လစ်ဗာပူးလ်က ထရန့် အလက်ဇန္တား အာနိုးလ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အာနိုးလ် ဘက်ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ချဉ်းကပ်မှုကို စိတ်ဝင်စားမှု မရှိပဲ ပရီးမီးယားလိဂ် ကလပ်မှာပဲ ဆက်နေချင်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်