အခုတစ်ခါ မှာတော့ ဒီကနေ့ ညနေပိုင်း အထိ ရရှိထားသမျှ လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာဆာရဲ့ ပစ်မှတ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားမယ့် မန်စီးတီး
လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား အသစ်တွေ ဆက်တိုက် ခေါ်ယူနေတဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပြန်ပြီး စိတ်ဝင်စားနေကြောင်းလို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ဘက်ကတော့ ပေါ်တူဂီ ကွင်းလယ်လူကို အသင်းမှာ ဆက်ထိန်းထားဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလား တစ်လုံးသာ ရရှိခဲ့သလို ချန်ပီယံလိဂ် မှာလည်း ရှုံးထွက်အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ မန်စီးတီးတို့ လာမယ့် ရာသီမှာ အောင်မြင်မှု ပြန်လည် ရရှိဖို့ အတွက် အတိုင်းအတာ တစ်ခု အထိ ငွေသုံးစွဲပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်းက လက်ရှိ အပြောင်းအရွှေ့မှာ အာလင်း ဟာလန်း၊ အဲလ်ဗာရက်စ်နဲ့ ကယ်ဗင် ဖီးလစ် တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပြီး တစ်ဖက် မှာလည်း ဖာနန်ဒင်ဟို၊ စတာလင်၊ ဂါဘရီရယ် ဂျေဆုစ် တို့ကိုလည်း လက်လွှတ်ထားရပါတယ်။
ဒါ့အပြင် ပြည်ပ ကလပ်တွေက စိတ်ဝင်စားနေတဲ့ မန်စီးတီးရဲ့ ဘယ်ကစားသမားကို မဆို အသင်း ဘက်က လုံးဝ ထွက်ခွင့်ပြုဖို့ အစီအစဉ် မရှိဘူးလို့လည်း သိရပါတယ်။ တစ်နည်းအားဖြင့် ဘာနာဒိုဆေးလ်ဗားကို ဘာစီလိုနာ အသင်းထံ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တာနဲ့ အတူတူပါပဲ။ မနှစ်က ဂွာဒီယိုလာဟာ ဘာနာဒို ဆေးလ်ဗားကို လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရခဲ့ပေမယ့်လည်း ဘာစီလိုနာ ဘက်က ငွေကြေး မလုံလောက်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ဖူးပါတယ်။ ဒါ့အပြင် ဘာနာဒို ဆေးလ်ဗား အနေနဲ့ နည်းပြ ဂွာဒီယိုလာရဲ့ နည်းစနစ်နဲ့ ကစားကွက် အောက်မှာ အသားကျနေတာကြောင့် လာမယ့် ရာသီ မန်စီးတီး အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။
ဒီယောင်ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ နောက်ဆုံးရက် အထိ စောင့်မယ့် တန်ဟက်ဂ်
ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ အဓိက ပစ်မှတ် ကွင်းလယ် ကစားသမား ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ နောက်ဆုံးနေ့ အထိ စောင့်ဆိုင်းသွားဖို့ ရှိနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် နယ်သာလန် ကြယ်ပွင့် ကတော့ ဘာစီလိုနာ ဘက်က လုပ်ခ လစာ ကြွေးကျန် ပေါင် ၁၇ သန်းကို မရှင်းပေးသေးသ၍ လာလီဂါ ကလပ် ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဖရန်ကီ ဒီယောင် အနေနဲ့ ဘာစီလိုနာနဲ့ အတူ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်နိုင်ငံကို လိုက်ပါသွားပါတယ်။ ဘာဆာတို့ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲ အဖြစ် ဒေးဗစ် ဘက်ခမ်းရဲ့ အမေရိကန် မေဂျာလိဂ် ကလပ် အင်တာ မီယာမီနဲ့ လာမယ့် ဗုဒ္ဓဟူးနေမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကစားသမားနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း မှာတော့ ဖရန်ကီ ဒီယောင်ဟာ တန်ဟက်ဂ်နဲ့ အဆက်မပြတ် ဆွေးနွေးနေသလို ဆရာဟောင်း ရှိရာ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီယောင်နဲ့ သူ့ရဲ့ အေးဂျင့် အလီဒါဆန် တို့ နှစ်ဦးစလုံး ကတော့ ယူနိုက်တက် ဘက်က လူသိရှင်ကြား ထုတ်ဖော် ပြောကြားမှုတွေကြောင့် ဘာစီလိုနာကို လစာ ကြွေးကျန် တောင်းနေရတဲ့ အချိန်မျိုးမှာ အားနည်းချက် ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက် ပရိသတ် အများစု ကတော့ ဘာစီလိုနာ မှာပဲ ဆက်နေချင်ကြောင်း ထုတ်ဖော် ပြောကြားထားတဲ့ ဖရန်ကီ ဒီယောင်ကို ကလပ် ဘက်က ဘာကြောင့် ကြိုးပမ်းနေသေးတာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ် အပါအဝင် ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် အဓိက ဆွေးနွေး ညှိနှိုင်းနေတဲ့ အမှုဆောင် အရာရှိချုပ် ရစ်ချက်ဒ် အာနိုးလ်နဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မူတော့ဂ် တို့ကတော့ ဒီယောင် ဘယ်လို ဗျူဟာခင်းနေသလဲ ဆိုတာ သဘောပေါက်ကြတယ်လို့ Mirror က ဆက်လက် ဖော်ပြပါတယ်။ အကယ်၍ ယူနိုက်တက်တို့ ဒီယောင်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ပေါင် ၇၁ သန်းနဲ့ အပိုဆုကြေး များစွာ ပေးချေရဖို့ ရှိနေပါတယ်။
တီကိုဟာ ကြုံဖူးသမျှထဲမှာ အရည်အသွေး အမြင့်ဆုံး အစုအဖွဲ့ ရှိနေတဲ့ အသင်းလို့ ချီးကျူးခဲ့တဲ့ ဝစ်ဆဲလ်
အက်တလက်တီကိုမက်ဒရစ်ဟာ အရည်အသွေး ရှိတဲ့ ကစားသမားတွေ အများကြီနဲ့ စုဖွဲ့ထားတဲ့ အသင်း ဖြစ်ကြောင်း ကစားသမားသစ် အက်ဆဲလ် ဝစ်ဆဲလ်က ချီးကျူး ပြောဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ဘယ်ဂျီယံ လက်ရွေးစင် အက်ဆဲလ် ဝစ်ဆဲလ် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။
ဝစ်ဆဲလ်က “အရည်အသွး ရှိတဲ့သူတွေ အများကြီးနဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော် ကစားသမားတွေ အများကြီး ပြောဖို့ လိုမယ်ထင်တယ်။ ကိုကီ၊ ဂျာအို(ဖီးလစ်)၊ (အန်တွန်) ဂရစ်ဇ်မ်း၊ ယန်းနစ်ခ် (ကာရက်စ်ကို)၊ (မားသီးယက်စ်) ကွန်ဟာ တို့ပေါ့ဗျာ။ နောက်ပြီးတော့ အစုအဖွဲ့ တစ်ခုမှာ အရည်အသွေး ရှိတဲ့ သူတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့သူ၊ အမြဲတမ်း ကြိးစားချင်နေတဲ့ ကစားသမားတွေ ရှိဖို့က အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူဟာ အသင်း အများကြီးနဲ့ ဖြတ်သန်းဖူးပေမယ့် ဒီအစုအဖွဲ့ဟာ ကျွန်တော့်ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်လုံး ကြုံဖူးသမျှတွေ ထဲမှာ အရည်အသွေး အမြင့်ဆုံးလို့ ဝစ်ဆဲလ်က ဆိုခဲ့ပါသေးတယ်။ နောက်ဆုံး မှာတော့ ဘယ်ဂျီယံ ကွင်းလယ်လူက အက်တလက်တီကို မက်ဒရစ်မှာ နိုင်ငံ့လက်ရွေးစင်တွေ အများကြီး ရှိပြီး ဒီမှာ ရှိနေရတာ ဂုဏ်ယူသလို ဒီအစုအဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာစေရမယ်လို့ ကတိပေးသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.