နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လွန်ဒေါဆုရှင် အဖြစ် အကြောင်းကြားခံထားရတဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ အနေနဲ့ ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုကို ရရှိမယ်လို့ အကြောင်းကြားခံထားရကြောင်း နာမည်ကျော် Marca သတင်းစာက အတိအလင်း ဖော်ပြလာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ ကိုတော့ လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့ (တနင်္လာနေ့)မှာ ပြင်သစ် နိုင်ငံ၊ ပါရီ မြို့မှာ ကျင်းပဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်လွန်ဒေါဆု အတွက် ဆန်ခါတင် အယောက် ၃၀ စာရင်းကို ထုတ်ပြန်ထားခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက ဆုရရှိဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိ မှာတော့ Marca သတင်းစာက ဘယ်လွန်ဒေါဆုပေးပွဲ ကျင်းပမယ့် ပြင်သစ် ဘောလုံး မဂ္ဂဇင်းက ၂၀၂၄ ခုနှစ် အတွက် ဆုကိုတော့ ဗင်နီးစီးယပ်စ် ဂျူနီယာ ရရှိမယ်လို့ ကစားသမားထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ Nike Store ကလည်း ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု ရရှိမယ့် ဗင်နီးစီးယပ်စ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၎င်းရဲ့ ဓာတ်ပုံတွေကို ရွှေရောင် Theme နဲ့ ပြသဖို့လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဘယ်လွန်ဒေါဆုကို ရီးရဲလ်မက်ဒရစ် ကစားသမားတွေကသာ ကြီးစိုးထားခဲ့ပြီး ပြီးခဲ့တဲ့ ၁၁ နှစ်တာ ကာလ အတွင်း ရီးရဲလ်မက်ဒရစ် ကစားသမားတွေက လွဲလို့ ဘယ်လွန်ဒေါဆုကို ရရှိခဲ့သူတွေထဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ တစ်ဦးတည်းသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု ဆန်ခါတင် အယောက် ၃၀ စာရင်းမှာ လက်ရှိ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ကီလီယန် အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ အန်တိုနီ ရူဒီဂါ၊ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ ဒန်နီ ကာဗာဟယ် အပြင် ကစားသမားဘဝ ကနေ အနားယူသွားခဲ့တဲ့ ကွင်းလယ်လူဟောင်း တိုနီ ခရူးစ်လည်း ပါဝင်နေပါတယ်။ 

အားလုံးထဲ ကမှ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ကတော့ ၂၀၂၄ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေပြီး ဆုရဖို့လည်း သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ကတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီက ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။ ဗင်နီဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ မှာ သွင်းဂိုး ၂၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် အထိ ပြုလုပ်ထားခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ ဒီရာသီ မှာတော့ ရီးရဲလ်မက်ဒရစ် အတွက် ၉ ပွဲ ကစားကာ ၃ ဂိုးသွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်