နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖာနန်ဒက်စ်ရော ဆန်ချိုကိုပါ ခေါ်ယူဖို့ ကြိုးပမ်းတော့မှာ မဟုတ်တဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

ပီအက်စ်ဂျီ အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျေဒန် ဆန်ချိုတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ 

အခုသီတင်းပတ်အစောပိုင်းမှာ ပြင်သစ် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အသင်း ကနေ ထွက်ခွာသွားတဲ့ ကီလီယန် အမ်ဘာပေးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့ကို ချိတ်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော ပြင်သစ် ကလပ်က ယူနိုက်တက်ရဲ့ ကစားသမား နှစ်ဦးစလုံးကို ခေါ်ယူဖို့ထက် ဖြစ်နိုင်ချေ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ရောင်းချဖို့ အတွက်သာ ဆွေးနွေးသွားတော့မယ်လို့ သိရပါတယ်။ 

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ကာလ အတွင်းမှာ ဖာနန်ဒက်စ်၊ ဆန်ချိုနဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ တို့ကို ခေါ်ယူဖို့ ယူနိုက်တက်ထံ ခပ်ပါးပါး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေက တိုးတက်လာခြင်းတော့ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် ကလပ်ရဲ့ ပူးတွဲ ပိုင်ရှင်သစ် INEOS က ဖာနန်ဒက်စ်ကို အသင်းရဲ့ အနာဂတ် အတွက် အရေးပါတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိချင်နေတာပါ။ ဒီအခြေအနေကို သိတဲ့ ပီအက်စ်ဂျီက အချိန်မဖြုန်းချင်တော့ပဲ တခြား ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက်သာ ဆွေးနွေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ စာချုပ်သက်တမ်း မတိုးမီ အခုနှစ် အစောပိုင်းမှာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အပြင် အခြားသော ကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတဝယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်က လက်ရှိ ယူနိုက်တက်ရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေမှုကို အားရ ကျေနပ်လျက် ရှိပြီး INEOSရဲ့ ကိုင်တွယ်ပုံနဲ့ အပြောင်းအရွှေ့ စျေးကွက် အတွင်း သက်ရောက်မှုတွေကိုလည်း သဘောကျနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းတွေ ကိုတော့ ပရီးမီးယားလိဂ် ကလပ် တာဝန်ရှိတွေ ဘက်က ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်း ငြင်းဆိုထားပါတယ်။
ယူနိုက်တက်မှာပဲ ဆက်နေချင်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဆန်ချို ကတော့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြန်ပြီး အဆင်ပြေသွားပေမယ့် ကလပ် ဘက်ကတော့ ဒီကစားသမားဟာ အသင်းရဲ့ ငွေကြေးပိုင်း အတွက် အထောက်အကူ ပြုမယ့်သူလို့ မှတ်ယူထားတာကြောင့် ဒီနွေရာသီမှာပဲ ရောင်းထုတ်ချင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပီအက်စ်ဂျီက ဖာနန်ဒက်စ်နဲ့ ဆန်ချို တို့ကို သဘောကျပေမယ့်လည်း ရန်းစ် တောင်ပံကစားသမား ဒီဇိုင်းရာ ဒူအီနဲ့ ဘင်ဖီကာ ကွင်းလယ်လူ ယာအို နီးဗက်စ် တို့ကို အဓိက ပစ်မှတ်တွေ အဖြစ် သတ်မှတ်ပြီး ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီက သူတို့ရဲ့ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီ အတွက် ယူနိုက်တက်ရဲ့ ယူရို ၄၅ သန်းထက် မပိုတဲ့ နှုတ်အားဖြင့် ကမ်းလှမ်းမှု များစွာကို ပယ်ချထားကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေ ကိုတော့ ပရီးမီးယားလိဂ် ကလပ် တာဝန်ရှိတွေ ဘက်က ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်း ငြင်းဆိုထားပါတယ်။ 

ပြင်သစ် ကလပ် ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီက မန်ဝဲလ် အူဂါတီကို စပို့တင်းလစ္စဘွန်း ကနေ ယူရို သန်း ၆၀နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး တစ်နှစ် အကြာမှာတော့ ယူရို သန်း ၇၀နဲ့ ပြန်လည် ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်