နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဓိက ကစားသမား အများစု မပါပဲ ရာနီယေးရီရဲ့ ၀က်ဖို့ဒ်ကို ရင်ဆိုင်ရမယ့် လစ်ဗာပူးလ် |ဝက်ဖို့ဒ် – လစ်ဗာပူးလ်(ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်ဖို့ဒ် – လစ်ဗာပူးလ်

နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ရပ်နားထားခဲ့တဲ့ ဥရောပ အမှတ်ပေးပြိုင်ပွဲတွေ အခုတစ်ပတ်မှာ ပြန်လည် စတင်ဖို့ ရှိနေပြီး စနေနေ့ ပရီးမီးယားလိဂ် အစောဆုံး ပွဲစဉ် အဖြစ် ဝက်ဖို့ဒ်နဲ့ လစ်ဗာပူးလ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နည်းပြသစ် ရာနီယေးရီနဲ့ အတူ ရလဒ်ကောင်းတွေ ပြန်လည်ရှာဖွေဖို့ ကြိုးစားမယ့် ဝက်ဖို့ဒ် အနေနဲ့ ကလော့ပ်ရဲ့ အသင်းကို အိမ်ကွင်းမှာ ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲဆို စောင့်ကြည့်ရပါမယ်။

 
ဒီနှစ်မှ တန်းပြန်တက်လာတဲ့ ဝက်ဖို့ဒ်တို့ ရာသီ အစ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲ မှာ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၄ ပွဲ၊ ရမှတ် ၇မှတ် ရရှိပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ဇစ်ကိုမူးနော့ဇ်ကို ထုတ်ပယ်ပြီး တချိန်က ပရီးမီးယားလိဂ် နာမည်ကြီး နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ရာနီယေးရီနဲ့ အစားထိုးထားတဲ့ ဝက်ဖို့ဒ်တို့ အသင်းရဲ့ ရလဒ်ပိုင်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် တည်ငြိမ်နိုင်ဖို့ လိုလားနေတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က လက်စတာစီးတီး အသင်းကို မထင်မှတ်တဲ့ အနေအထား ကနေ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရာနီယေးရီ ကတော့ အရင်ဆုံး ရမှတ် ၄၀ ရရှိရေးနဲ့ တန်းပြန်မဆင်းရရေးကိုပဲ ဦးတည်ချက် ထားသွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။ အခုပွဲ မှာတော့ အီတလီ လူမျိုး နည်းပြကြီး အနေနဲ့ ခံစစ် ကစားပုံကို ကျိန်းသေပေါက် ပြင်ဆင်လာနိုင်ပြီး အစ်မေလာဆား၊ ဒန်းနစ် တို့ရဲ့ လျင်မြင်တဲ့ တောင်ပံ တွေက တဆင့် တန်ပြန်တိုက်စစ်နဲ့ လစ်ဗာပူးလ် နောက်တန်းကို ခြိမ်းခြောက်ဖို့ ကြိုးစားမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် ခံစစ်က ကာဘာဆီလီ၊ ဆိုင်ရာရဲလ်တာ တို့အပြင် အီတီဘို၊ ဂျော်ရွှာကင်း ဒဏ်ရာပြသနာကြောင့် လွဲချော်မှာ ဖြစ်တာကြောင့် ထင်သလောက်တော့ အသင်းလိုက် ကစားအား ကောင်းနိုင်ဖို့ မရှိပါဘူး။ နည်းပြ ဘယ်လောက်ပဲ ကောင်းကောင်း အချိန်တိုတွင်း ရလဒ်ကောင်းတွေ ပြန်ရဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ဝက်ဖို့ဒ်တို့ ဧည့်သည် လစ်ဗာပူးလ် ဆီကနေ အမြင့်ဆုံး သရေ တစ်မှတ် ရဖို့ပဲ အဓိက မျှော်လင့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ်မှာတစ်ပွဲ၁ဂိုးနှုန်းလောက်ပေးနေရတဲ့ဝက်ဖို့ဒ်ရဲ့ခံစစ်ကိုတစ်ပွဲ၃ဂိုးနှုန်းရထားတဲ့လစ်ဗာပူးလ်တိုက်စစ်ကဒီပွဲမှာဘယ်လောက်အထိပညာပေးနိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
၀က်ဖို့ဒ်တို့ရမှတ် ၄၀ ရရှိပြီး တန်းမဆင်းရရေး ကိုပဲ ဦးတည် ကြိုးပမ်း သွားမယ်လို့ပြောကြားထားတဲ့ ရာနီယေးရီ

သတင်းတွေ အရတော့ လစ်ဗာပူးလ် ဘက်က အဓိက ကစားသမား ၆ ဦးလောက်အထိ ဒီပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ အလီဆွန်၊ ဖာဘင်ဟိုတို့ ပါဝင်လာဖို့ မသေချာသေးတဲ့ အပြင် ဒဏ်ရာ ပြသနာ အသီးသီး ရှိနေတဲ့ အော်ရီဂီ၊ ဟာဗေး အဲလီယော့တ်၊ သီယာဂို အဲလ်ကန်တာယာ၊ အလက်ဇန္တား အာနိုးလ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် နောက်ဆုံး တွေ့ဆုံခဲ့စဉ်ကလိုမျိုး ဝက်ဖို့ဒ်တို့ လစ်ဗာပူးလ်ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်မလား ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။ မဖြစ်နိုင်ပါဘူး။ လစ်ဗာပူးလ် အနေနဲ့ ကွင်းလယ်ပိုင်းမှာ အားနည်းကောင်း အားနည်းနေနိုင်ပေမယ့် ဂိုးသွင်းအား ပြန်ကောင်းလာတဲ့ မိုဟာမက်ဆာလာ၊ ဖေမီနို၊ ဆာဒီယို မာနေး တို့ရဲ့ တိုက်စစ်၊ ဗန်ဒိုက်ချ် ပါဝင်နေတဲ့ ခံစစ်က ဝက်ဖို့ဒ်ကို အဘက်ဘက်က အသားစီးနဲ့ ကစားနိုင်ဆဲပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်တို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း ဆိုတဲ့ စံချိန်ကောင်းကို အတတ်နိုင်ဆုံး ဆက်ပြီး ထိန်းထားဖို့ ကြိုးစားလာပါလိမ့််မယ်။ဒီနှစ် ပရီးမီးယားလိဂ်မှာ တစ်ပွဲ ၁ ဂိုးနှုန်းလောက် ပေးနေရတဲ့ ဝက်ဖို့ဒ်ရဲ့ ခံစစ်ကို တစ်ပွဲ ၃ ဂိုးနှုန်းရထားတဲ့ လစ်ဗာပူးလ် တိုက်စစ်ကဘယ်လောက်အထိ ပညာပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက လစ်ဗာပူးလ်တို့ ဒီပွဲ ပြီးရင် အက်တလက်တီကို မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ အာဆင်နယ် တို့နဲ့ တောက်လျောက် ပွဲကြပ်တွေ ကစားရမှာ ဖြစ်လို့ ကလော့ပ်ရဲ့ အသင်းက အခုပွဲမှာ အနိုင်ရရုံလောက်ပဲ ထိန်းကစားသွားမယ့် သဘော ရှိနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သွင်းဂိုးတွေ အများကြီး မြင်ရဖို့ မသေချာဘူးလို့ ပြောချင်တာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်မှာ  လစ်ဗာပူးလ်တို့ ဝက်ဖို့ဒ်ကို ၇ ကြိမ် အထိ အနိုင်ရခဲ့ပြီး ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ ဝက်ဖို့ဒ် အိမ်ကွင်းက နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ၃ ဂိုးပြတ် ရှုံးပြီး အသဲခွဲခံခဲ့ရတယ် ဆိုပေမယ့် အစဉ်အလာ အရတော့ ဝက်ဖို့ဒ်ဟာ လစ်ဗာပူးလ် အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တော့ မဟုတ်တာ သေချာပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်ဖို့ဒ် – လစ်ဗာပူးလ် 1X2 ဧည့်သည် @ ၁.၃၃ ဆ
အောက်တိုဘာလ၁၆ ရက် , ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၂.၆၂ ဆ၊ ဧည့်သည် အတွက် ၂.၈၀ ဆနဲ့ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ ပွဲတိုင်းမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်လေ့ ရှိသလို အနိုင်ရတဲ့ အသင်းက ပေးဂိုး မရှိခဲ့တာ ကလည်း ထူးခြားချက် တစ်ခုပါပဲ။ အထက်မှာ ပြောခဲ့တဲ့ အတိုင်း ရာနီယေးရီဟာ နည်းစနစ် ကြွယ်ဝပြီး ပရီးမီးယားလိဂ် ကြောကိုနပ်နေတဲ့ နည်းပြ ဖြစ်ပေမယ့် အဘက်ဘက်က အသာရနေတဲ့ လစ်ဗာပူးလ်ကို အသင်းကို ယှဉ်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ လစ်ဗာပူးလ်တို့ အဓိက ကစားသမား အများစု မပါလာသည့် တိုင်အောင်တော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ အလုံအလောက် ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုကို ကလော့ပ်ရဲ့ အသင်းက ကျိန်းသေပေါက် အဆုံးသတ်ပါလိမ့်မယ်။ လက်ရှိ လူစာရင်းအရတော့ သွင်းဂိုး အများ ကို မမျှော်လင့်ထားချင်သေးပါဘူး။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်