နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာတီနို နေရာမှာ မာရှေယာနိုကို အစားထိုး ခန့်အပ်မယ့် အင်တာမိုင်ယာမီ | မေဂျာလိဂ်

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်း ကတော့ နည်းပြ ဂျရတ်ဒို မာတီနိုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၂ နှစ် အရွယ် အာဂျင်တီးနားသား နည်းပြကြီးဟာ အတ္တလန္တာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရာထူး ကနေ သူ့သဘောဆန္ဒနဲ့ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မေဂျာလိဂ် လိဂ်ဖလား ချန်ပီယံနဲ့ Supporter Shield ချန်ပီယံ အင်တာမိုင်ယာမီက မာတီနိုရဲ့ နေရာမှာ အာဂျင်တီးနားသားပဲ ဖြစ်တဲ့ မာရှေယာနိုကို အစားထိုး ခန့်အပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဂျားဗီးယား မာရှေယာနို ကတော့ အာဂျင်တီးနား ယူ-၂၃ အသင်းရဲ့ လက်ရှိ နည်းပြလည်း ဖြစ်ပြီး နည်းပြ ဘဝ ပထမဦးဆုံး အကြိမ် အဖြစ် ကလပ် အသင်း တစ်သင်းကို စတင် ကိုင်တွယ်တော့မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာတီနိုရဲ့ အသင်းက မေဂျာလိဂ် ဖလား Play-offs မှာတော့ ပထမအဆင့် ကနေပဲ ထွက်ခဲ့ရပါတယ်။
အာဂျင်တီးနား လူငယ် အသင်းနဲ့ အောင်မြင်မှု ရခဲ့တဲ့ မာရှေယာနို

အာဂျင်တီးနား နည်းပြ ဂျရတ်ဒို မာတီနို ကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အင်တာမိုင်ယာမီရဲ့ နည်းပြ အဖြစ် စတင် ကိုင်တွယ်ခံပြီးတော့ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလား ဖြစ်တဲ့ ၂၀၂၃ လိဂ်ဖလားနဲ့ ၂၀၂၄ Supporter’s Shield ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာတီနိုရဲ့ အသင်းက မေဂျာလိဂ် ဖလား Play-offs မှာတော့ ပထမအဆင့် ကနေပဲ ထွက်ခဲ့ရပါတယ်။ အဲဒီနောက် မာတီနိုက ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ ရာထူး ကနေ နှုတ်ထွက်သွားကြောင်း အင်တာမိုင်ယာမီ က နိုဝင်ဘာ ၂၂ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ မာတီနိုရဲ့ နေရာမှာ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ် တို့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂျားမီးယား မာရှေရာနိုကို သုံးနှစ်စာချုပ်နဲ့ ခန့်အပ်မှာလည်း ဖြစ်ပါတယ်။ ဒီသတင်း အတည်ပြုချက်ကို ရက်ပိုင်း အတွင်း ကြေညာမယ်လို့ သိရပြီး နာမည်ကျော် အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက လူမှုကွန်ရက် X မှာ ရေးသား ဖော်ပြထားပါတယ်။

လက်ရှိမှာ အသက် ၄၀ အရွယ်သာ ရှိသေးတဲ့ လူငယ် နည်းပြ ဂျားဗီးယား မာရှေရာနို ကတော့ ပါရီ အိုလံပစ်မှာ အာဂျင်တီးနားကို ကွာတားဖိုင်နယ် အဆင့်ထိ ပို့ဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ ကိုရင်သီယန် အသင်းနဲ့ အတူ ကစားသမားဘဝကို စတင်ခဲ့တဲ့ မာရှေယာနိုဟာ ၂၀၀၆ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အတွက် စတင် ကစားပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းမှာ ရုန်းကန်ခဲ့ရတဲ့ အာဂျင်တီးနားသားက လစ်ဗာပူးလ် မှာတော့ ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ် အထိ ခြေစွမ်းပြ ကစားပြီး ၂၀၁၀ မှာတော့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘာစီလိုနာ မှာတော့ ၈ နှစ်တာ ကာလ အတွင်း ပွဲပေါင်း ၃၃၄ ပွဲ ကစားခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ နေဝင်ချိန် ကိုတော့ တရုတ်ကလပ် ဟီဘေးနဲ့ အာဂျင်တီးနား ကလပ် အက်စတူဒီရန်တေးစ် တို့မှာ အဆုံးသတ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်