နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခွင့်အရေး ရတာနဲ့ နေမာကို ခေါ်ယူသွားမယ့် အင်တာမိုင်ယာမီ | မေဂျာလိဂ်

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဂျော့ချ် မားစ် ကတော့ အခွင့်အရေး ရရင် နေမာ ဂျူနီယာကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း ထပ်မံ ပြောကြားလာခဲ့ပါတယ်။ အင်တာမိုင်ယာမီ ကတော့ တစ်ချိန်က နာမည်ကျော် ဘာစီလိုနာရဲ့ MSN တိုက်စစ် အတွဲအဖက်ကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာ ဂျူနီယာ ကတော့ လက်ရှိ ရာသီ အကုန်မှာ အဲလ် ဟီလယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီလို ဒဏ်ရာတွေနဲ့သာ လုံးပန်းနေရတဲ့ ဒီကစားသမားကို အဲလ်ဟီလယ် ဘက်က စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတော့ကြောင်းလည်း သိရပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ အင်တာမိုင်ယာမီက နေမာကို အရ ခေါ်ယူဖို့ အတွက် ပြင်ဆင်နေပြီး အင်တာမိုင်ယာမီ ပူးတွဲ ပိုင်ရှင် ဂျော့ချ် မားစ်က နေမာ ကိုသာ ခေါ်ယူခွင့် ရမယ် ဆိုရင် တုန့်ဆိုင်းနေမှ မဟုတ်ကြောင်း ထပ်မံ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီက နာမည်ကျော် ကစားသမားတွေ ခေါ်ယူနိုင်တာကြောင့် ပရိသတ် အကြိုက် အသင်း တစ်သင်း ဖြစ်နေပြီး ပထမဦးဆုံး မေဂျာလိဂ် ဆုဖလား ရရှိဖို့တော့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
အဲလ်ဟီလယ်နဲ့ အနာဂတ် မသေချာတော့တဲ့ နေမာ

ဂျော့ဂျ် မားစ်က “နေမာ ကိုသာ ခေါ်ယူလို့ ရနိုင်မယ့် အခြေအနေမျိုး ရှိနေဖို့ပါပဲ။ အခု သူက အဲလ်ဟီလယ်ရဲ့ ကစားသမား ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်သေးပါဘူး။ ထိပ်တန်း ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ဖို ဆန္ဒရှိတယ် ဆိုတာတော့ ကျွန်တော် အမြဲတမ်းလိုလို ပြောခဲ့ဖူးပါတယ်။ ကျွန်တော် တို့မှာ ကစားသမား စာရင်းသွင်းတာနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေတယ် ဆိုပေမယ့်လည်း အသုံးစရိတ် ကတော့ ကန့်သက်ချက် မရှိပါဘူး။ နေမာလို ကစားသမားမျိုးကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိလာခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ ဘက်က တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ကစားသမား ကိုယ်တိုင်နဲ့ လိဂ် အပေါ် မှာလည်း မူတည်နေပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအသင်းကို ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတွေနဲ့ တည်ဆောက်သွားဖို့ ဆန္ဒရှိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

မေဂျာလိဂ် ကလပ်ဟာ ဟီဂူအင်၊ မက်တွီဒီ၊ ရှောခရော့စ် တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ခဲ့ဖူးတဲ့ အသင်း ဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ် မှာတော့ လီယွန်နယ် မက်ဆီလို ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ မက်ဆီနဲ့ ရင်းနှီးတဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဆွာရက်ဇ် အပြင် ယော်ဒီ အဲလ်ဘာနဲ့ ဘူးစကွက်စ် တို့ကို ဆက်တိုက် ခေါ်ယူခဲ့ပြန်ပါတယ်။ ဒီလို ခေါ်ယူ အပြီးမှာတော့ အင်တာမိုင်ယာမီက အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ဆုဖလား အဖြစ် လိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို 2024 Supporters Shield ကိုလည်း ထပ်မံ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ ကတော့ မေဂျာလိဂ် မှာ အသင်း တည်ထောင်တာ မကြာသေးပါဘူး။ အင်တာမိုင်ယာမီက နာမည်ကျော် ကစားသမားတွေ ခေါ်ယူနိုင်တာကြောင့် ပရိသတ် အကြိုက် အသင်း တစ်သင်း ဖြစ်နေပြီး ပထမဦးဆုံး မေဂျာလိဂ် ဆုဖလား ရရှိဖို့တော့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်