မန်ချက်စတာစီးတီး – ဘန်လေ
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးတို့ အခုတစ်ပတ် စနေနေ့ မှာတော့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဘန်လေကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်း အတွက် ကတော့ လက်ရှိ ခြေစွမ်း အရရော၊ အစဉ်အလာအရပါအမြဲတမ်းလိုလို အပြတ်အသတ် အသာရခဲ့တဲ့ ဘန်လေနဲ့ တွေ့ဆုံနေတာ ဖြစ်လို့ အရင်လို ဂိုးပြတ် ရလဒ်နဲ့ အလွယ်တကူ ၃ မှတ် ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ ၂-၂ ရလဒ်နဲ့ သရေကျခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ဒီတစ်ပတ် မှာတော့ ၃ မှတ် အပြည့် ပြန်ယူဖို့ မျှော်လင့်နေပါလိမ့်မယ်။ မန်စီးတီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့သလို အိမ်ကွင်း နောက်ဆုံး ၄ ပွဲ မှာလည်း ပေးဂိုး လုံးဝ မရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၂ မှတ် အကွာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးရဲ့ လက်ရှိ ခြေစွမ်းကို သုံးသပ်ရမယ် ဆိုရင် တောင်ပံ တိုက်စစ်၊ ကွင်းလယ် တန်ပြန် တိုက်စစ် အားကောင်းပြီး ခံစစ် ကလည်း တည်ကန်ဘောတွေ ရှင်းလင်းတဲ့ အပိုင်းမှာ စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားအများအပြားရှိနေပြီးတိုက်စစ်ကဂိုးသွင်းသေချာမှုက၈၅ရာခိုင်နှုန်းနဲ့အထက်ရှိနေခဲ့တာတွေ့ရပါတယ်။ ခံစစ်၊ တိုက်စစ် မျှတအောင် ကစားနိုင်ပေမယ့် ပြိုင်ဘက် အသင်းက ခံစစ် အလွန်အကျွံ ကစားရင်တော့ ဂိုးရဖို့ ရုန်းကန်ရတတ်တာ ကတော့ မန်စီးတီးရဲ့ အားနည်းချက် တစ်ခု ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ရတတ်ပြီး သွင်းဂိုး အများစု ကိုတော့ ဒုတိယပိုင်း ပွဲချိန်တွေမှာ မြင်တွေ့ရသလို ဂိုးအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းဟာ ဒုတိယပိုင်းမှာ သွင်းယူထားတာ တွေ့ရပါတယ်။ နောက်ဆုံး သတင်းတွေအရ မန်စီးတီးရဲ့ အဓိက ဂိုးသမား အီဒါဆန်နဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီဆုစ်တို့ လက်ရွေးစင်အသင်း ပွဲစဉ်ကြောင့် ပါဝင်လာနိုင်ဖို့ မရှိသလို ဂွန်ဒိုအန်နဲ့ ဇင်ချန်ကို တို့လည်း ဒဏ်ရာ ပြသနာတွေကြောင့် လွဲချော်ဖို့ များနေပါတယ်။
ဘန်လေ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲလုံး နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ရှောင်ဒိုက်ချ်ရဲ့ အသင်းက ရလဒ်တွေ ဆိုးရွားနေပေမယ့် ခြေစွမ်းပိုင်း တိုးတက်လာတာ မြင်တွေ့နေရပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ လက်စတာစီးတီးနဲ့ နော့ဝှစ်ချ်ကို သရေ ကစားနိုင်ခဲ့ပါတယ်။တိုက်စစ်ထက်ခံစစ်ကအရင်လိုကစားပုံသေသပ်လာသလို ကွင်းလယ်ပိုင်းရဲ့ ခံစစ်ကိုဆင်းကူနိုင်မှုကအားသာချက်တစ်ခုဖြစ်လာတာတွေ့ရပါတယ်။ တန်ပြန် တိုက်စစ် ကစားပုံ မဆိုးသလို Set piece တွေ ကနေ ဂိုးရယူနိုင်စွမ်း ရှိနေပြီး အမြင့်ဘော ကစားတာလည်း ကောင်းမွန်လာတဲ့ ဘန်လေတို့ အဆုံးသတ်ပိုင်း မှာတော့ လိုအပ်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ပြိုင်ဘက် အသင်းရဲ့ တောင်ပံ ကနေ တန်ပြန် တိုက်စစ်ဆင်မှုကို ထိန်းချုပ်ရာမှာ အားနည်းချက်တွေ ရှိနေပြီး အဝေးကွင်း စွမ်းဆောင်ရည် ကတော့ နောက်ဆုံး ၃ပွဲမှာ ၁ပွဲ ပျှမ်းမျှ ၂ဂိုး ပေးထားရတဲ့ အထိ ဆိုးရွားနေတာ တွေ့ရပါတယ်။ အခုပွဲ မှာတော့ ဘန်လေရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဘန်မီး ကိုဗစ် ၁၉ ကူးစက်ခံထားရလို့ လွဲချော်မှာ ဖြစ်သလို ဒေးလ်စတီဖင်လည်း ပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု၈၉ကြိမ်မှာမန်စီးတီးက၄၃ကြိမ်အနိုင်ရပြီးဘန်လေက၂၆ကြိမ်အနိုင်ရထားပါတယ်။ အကြိမ် ၂၀ ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး မန်စီးတီး အနေနဲ့ ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲက ၅ ဂိုး ပြတ်နဲ့ အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ ဘန်လေနဲ့ကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာပျမ်းမျှတစ်ပွဲ၂ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့အစဉ်အလာရှိပြီးပြိုင်ပွဲစုံနောက်ဆုံး၈ပွဲလုံးအရေးနိမ့်ထားခဲ့သလိုပေးဂိုးကတော့ဂိုး၃၀အထိခွင့်ပြုပေးထားခဲ့ရပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
မန်ချက်စတာစီးတီး – ဘန်လေ | အချိန်ပြည့် ဂိုးပေါင်း ၃ ဂိုးနဲ့ အထက် @ ၂.၀၅ ဆ | |
အောက်တိုဘာလ ၁၆ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀) |
1X2 မှာတော့ အိမ်ရှင် မန်စီးတီး အတွက် ၁.၁၃ ဆနဲ့ သရေ အတွက် ၈.၇၅ ဆနဲ့ ဘန်လေ အတွက် ၁၄.၀၀ ဆ ကြေး ဖွင့်လှစ်ထားပါတယ်။ ဘန်လေဟာ မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံချိန်တိုင်းမှာ ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ အစဉ်အလာ ဆိုး ရှိသလို အခု ပွဲမှာလည်း ရုန်းထွက်ဖို့ ခက်ခဲနေဦးမှာ သေချာပါတယ်။ လက်တလော ခံစစ် ကစားပုံ တိုးတက်လာတယ် ဆိုပေမယ့် မန်စီးတီးရဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ ဘန်လေမှာ လုံလောက်တဲ့ အင်အား မရှိပါဘူး။ ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားဖို့ ရှိနေတဲ့ မန်စီးတီးတို့ လူစုံပါဝင်လာဖို့ မသေချာပေမယ့် အနိုင်ရဖို့တော့ သေချာနေတဲ့ ပွဲဖြစ်ပါတယ်။ ထုံးစံအတိုင်း မန်စီးတီးတို့ ၃ ဂိုး အနည်းဆုံး သွင်းနိုင်ဖို့ မျှော်လင့်ရတာကြောင့် ၂.၀၅ ဆ ရမယ့် ဂိုးပေါ် ၃.၅ ကိုပါ ရွေးချယ်သင့်ပါတယ်။
ခန့်မှန်းရလဒ် (၃-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.