နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁ ကိုပါအမေရိကဖလား အကောင်းဆုံး ကစားသမားဆုကို ပူးတွဲ ရရှိခဲ့တဲ့ မက်ဆီနဲ့ နေမာ

အာဂျင်တီးနား ကတော့ ၂၀၂၁ ကိုပါအမေရိကဖလားနဲ့ အတူ ၂၈ နှစ်ကြာ နိုင်ငံတကာ ဆုဖလား လက်မဲ့ အိမ်မက်ဆိုးကြီး ကနေ နိုးထနိုင်ခဲ့ပါပြီ။ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား မက်ဆီရဲ့ ခြေစွမ်းနဲ့ စိတ်အားထက်သန်မှု၊ ဂိုးသမား အီမီလီယန်နို မာတီနက်ဇ် တို့ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေဟာ အာဂျင်တီးနားတို့ရဲ့ အောင်ပွဲ အတွက် အဓိကအကျဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အခါးသီးဆုံး ပြိုင်ဘက်တွေ ဖြစ်သလို၊ အိမ်ရှင်လည်း ဖြစ်နေတဲ့ ဘရာဇီးလ်ရဲ့ နာမည်ကျော် မာရာကာနာ ကွင်းကြီးထဲမှာမှ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်လို့ အာဂျင်တိုင်းသား တို့ကတော့ ပြောမပြ နိုင်လောက်အောင်ကို ပျော်ရွှင်နေမှာ သေချာပါတယ်။

အာဂျင်တီးနား ကတော့ ကိုပါအမေရိကဖလား ရသွားပါပြီ။ လီယွန်နယ် မက်ဆီလည်း ကစားသမားဘဝ နိုင်ငံ အသင်းနဲ့ အတူ ပထမဦးဆုံး ချန်ပီယံဆု ကိုင်မြှောက်ခွင့် ရခဲ့ပါပြီ။ ဒါဆိုရင် ပြိုင်ပွဲက ချီးမြှင့်တဲ့ အခြား ဆုတံဆိပ်တွေကို ဘယ်သူတွေ ရခဲ့ကြသလဲ။
 
ရွှေဖိနပ်ဆု

၂၀၂၁ ကိုပါအမေရိကဖလားရဲ့ ရွှေလက်အိတ်ဆုနဲ့ ရရှိနိုင်တဲ့ ဂိုးသမားဟာ အီမီလီယန်နို မာတီနက်ဇ်ပဲ ဖြစ်မယ် ဆိုတာ အားလုံးလည်း ကြိုသိနေပြီးသားပါ။
ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် ၄ ပွဲ ဂိုးမပေးခဲ့ရတဲ့ မာတီနက်ဇ်

ပြိုင်ပွဲတစ်လျှောက် ၄ ဂိုးသွင်းပြီး ဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီ ရရှိသွားပါတယ်။ ကိုလံဘီယာ အသင်းရဲ့ ကစားသမား လူးဝစ်ဒီးရာ့ဇ် လည်း ၄ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးမှု အပိုင်းမှာ ပိုသာခဲ့တဲ့ မက်ဆီက ကိုပါအမေရိကဖလားရဲ့ ရွှေဖိနပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။
 
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု

မက်ဆီ ရပါတယ်။ ထူးခြားချက်က ဘရာဇီးလ်က နေမာလည်း ဒီဆုကို မက်ဆီနဲ့ ပူးတွဲ ရရှိခဲ့ပါတယ်။ မက်ဆီ အနေနဲ့ ၂၀၂၁ ကိုပါအမေရိကဖလားမှာ အာဂျင်တီးနား အသင်း ရခဲ့တဲ့ သွင်းဂိုး စုစုပေါင်း ၁၂ ဂိုးမှာ ၉ ဂိုး ပါဝင် ပတ်သတ်ခဲ့ပြီး နေမာ ကလည်း ၂ ဂိုး သွင်းခဲ့သလို ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ CONMBOL ရဲ့ ထုတ်ပြန်ချက်မှာ ဒီဆုအတွက် တစ်ဦးတည်းကို ရွေးချယ် သတ်မှတ်ဖို့ မဖြစ်နိုင်ခဲ့ကြောင်း။ ဘာကြောင့်လဲ ဆိုတော့ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမား ၂ ဦး ရှိခဲ့လို့ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကစားသမား နှစ်ဦးစလုံးဟာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေ၊ နည်းစနစ်ပိုင်း ကျွမ်းကျင် ပိုင်နိုင်မှုတွေနဲ့ ပါးနပ်မှုတွေကို ထုတ်ဖော် ပြသနိုင်ခဲ့ပြီး ဘောလုံး ခြေထောက်ထဲမှာ မရှိတဲ့အချိန် မှာတောင် ဆုံးဖြတ်ချက်တွေဟာ တိကျပိုင်နိုင်လွန်းခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒီဆုကို ရွေးချယ် သတ်မှတ်ပေးခဲ့သူတွေ ထဲမှာတော့ တစ်ချိန်က နာမည်ကျော် ကစားသမားတွေ ဖြစ်ခဲ့တဲ့ ဘာတစ္စတာ၊ ပမ်ပီဒို၊ အော့စ်ဝဲလ်ဒို အိုလီဗီယာ၊ မာတူရာနာ၊ ပီလပ်ဆို၊ ဘန်နာလက်စ်တို့ ပါဝင်ခဲ့ပါတယ်။

 
ရွှေလက်အိတ်ဆု

၂၀၂၁ ကိုပါအမေရိကဖလားရဲ့ ရွှေလက်အိတ်ဆုနဲ့ ရရှိနိုင်တဲ့ ဂိုးသမားဟာ အီမီလီယန်နို မာတီနက်ဇ်ပဲ ဖြစ်မယ် ဆိုတာ အားလုံးလည်း ကြိုသိနေပြီးသားပါ။ မာတီနက်ဇ်ဟာ ဗိုလ်လုပွဲ အပါအဝင် ၄ ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုလံဘီယာနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီ အဆုံးအဖြတ် ၃ ကြိမ် အထိ ကာကွယ်နိုင်ခဲ့လို့ အာဂျင်တီးနားတို့ရဲ့ သူရဲကောင်း လို့တောင် ချီးကျူး ဂုဏ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် မာတီနက်ဇ်ဟာ ကိုပါအမေရိကဖလားရဲ့ ရွှေလက်အိတ်ဆုကို ပထမဦးဆုံး အကြိမ် ရရှိခဲ့တဲ့ အာဂျင်တီးနား ကစားသမား ဖြစ်လာခဲ့ပါတယ်။
 
ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆု

အာဂျင်တီးနား အတွက် ၃ နှစ်အကြာမှ ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ အနိုင်ဂိုးရှင် ဒီမာရီယာက ရရှိသွားခဲ့ပါတယ်။ တစ်ပွဲလုံး ထူးထူးခြားခြား ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုးကိုတော့ ပါးပါးနပ်နပ်၊ တည်တည်ငြိမ်ငြိမ် သွင်းယူပေးနိုင်ခဲ့ပါတယ်။
 
အသန့်ရှင်းဆုံးဆု

ကိုပါအမေရိကဖလား ဒုတိယဆု ရရှိခဲ့တဲ့ ဘရာဇီးလ် အသင်း ရရှိသွားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်