နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆရာဟောင်းနဲ့ တွေ့မှ ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ မက်ဆီ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ပီအက်စ်ဂျီ ၂ – ၀ မန်ချက်စတာစီးတီး

အခုတစ်ပတ် ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် (၂) မှာတော့ ဒီနှစ် အတွက် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း‌တွေ အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပိုချက်တီနိုရဲ့ အသင်းက ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ပီအက်စ်ဂျီတို့ ခန့်မှန်း လူစာရင်း အတိုင်း ပွဲထွက်လာပြီး အားလုံး မျှော်လင့်နေတဲ့ မက်ဆီ၊ အန်ဘာပေး၊ နေမာ MMN တိုက်စစ် အတွဲအဖက်နဲ့ မန်ချက်စတာစီးတီးကို ရင်ဆိုင်လာခဲ့တာ တွေ့ရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်း မှာလည်း ဂွန်ဒိုအန်နဲ့ ဇင်ချန်ကို ကလွဲလို့ လူစုံခဲ့ပြီး ထုံးစံအတိုင်း ပါရီမြေမှာ ပီအက်စ်ဂျီကို အနိုင်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ မန်စီးတီးတို့ ပွဲအစထဲက ပြိုင်ဘက်ကို ဖိအားပေးနေခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရရှိသွားတာက အိမ်ရှင် ပီအက်စ်ဂျီတို့ ဖြစ်ပါတယ်။ အန်ဘာပေး ဧရိယာထိပ် ကနေ ပြန်ချိုးပေးတဲ့ ဘောလုံးကို ဂီယီ က အားပါပါနဲ့ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေ မှာလည်း မန်စီးတီး တို့ပဲ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး အဓိက ကစားသမား မက်ဆီကို ပွဲချိန် မိနစ် ၇၀ လောက်အထိ အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီ ကတော့ မက်ဆီပါပဲ။ မာကင်ညော့စ်၊ ကင်ပမ်ဘီတို့ ထိန်းချုပ်နေတဲ့ ကြားက ပွဲချိန် ၇၄ မိနစ် မှာ အန်ဘာပေး ထိုးပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက သူ့ရဲ့ ဂိုးသွင်းနေကျ ပုံစံအတိုင်း တောက်လျောက် ဆွဲပြေးပြီး မထင်မှတ်တဲ့ အနေအထား ကနေ လှလှပပ ကန်သွင်းသွားခဲ့လို့ ပီအက်စ်ဂျီတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ပိုချက်တီနိုရဲ့ အသင်းက ဂိုးမပေးရဖို့ အဓိကအားပြု ကစားသွားလို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် အုပ်စု (A)ကို ရမှတ် ၄ မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး မန်စီးတီး ကတော့ တတိယ နေရာထိ ဆင်းပေးခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မန်စီးတီး ကတော့ ၂၀၁၈ ခုနှစ်စက်တင်ဘာလ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ပထမဆုံး ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့် စနေနဲ့မှာ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ကစားရဦးမယ့် မန်စီးတီး

လီယွန်နယ် မက်ဆီ အနေနဲ့ပီအက်စ်ဂျီ အတွက် ပထမဦးဆုံး ဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီရဲ့ ၁၂၁ ဂိုးမြောက် ချန်ပီယံလိဂ် သွင်းဂိုး ဖြစ်သလို သူ့ အနေနဲ့အင်္ဂလန် ကလပ်တွေနဲ့ ၃၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၂၇ ဂိုး သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ဂွာဒီယိုလာက မက်ဆီ အခုလို ဂိုးသွင်းနိုင်လို့ ပျော်နေတာ မြင်ရရင် သူလည်း ပျော်ရွှင်ကြောင်း၊ ဘာ့ကြောင့်လဲ ဆိုတော့ ဘာစီလိုနာ မှာတုန်းက မက်ဆီဟာ သူ့ကို‌ ပျော်ရွှင်စေခဲ့လို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီး ကတော့ ၂၀၁၈ ခုနှစ်စက်တင်ဘာလ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ပထမဆုံး ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ လိုင်ယွန်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးတဲ့ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၁၈ ပွဲလုံး ရှုံးပွဲ မရှိအောင် မန်စီးတီးတို့ ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ပီအက်စ်ဂျီ ဘက်ကို ဂိုး‌ပေါက် ကန်သွင်းမှု ၁၈ ကြိမ် ပြုလုပ်ခဲ့ရာမှာ သွင်းဂိုး မရခဲ့ပဲ ပိုချက်တီနိုရဲ့ အသင်း ကတော့ စုစုပေါင်း ဂိုးပေါက် ကန်ချက် ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး ၂ ဂိုး ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
မန်ချက်စတာစီးတီးတို့ လာမယ့် စနေနေ့မှာ လစ်ဗာပူးလ်နဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိ‌ နေပြီး ပီအက်စ်ဂျီ ကတော့ ရန်းစ်နဲ့ လီဂူး၀မ်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်