စပီဇီယာ – နာပိုလီ
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ နာပိုလီတို့ အခုတစ်ပတ် စီးရီးအေ မှာတော့ စပီဇီယာရဲ့ အဲလ်ဘတ်တိုပစ်ကို ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ နာပိုလီတို့ လက်ရှိ စီးရီးအေမှာ အဆင့် ၂ နေရာက အတ္တလန္တာနဲ့ ၂ မှတ်သာ ကွာဟနေတာကြောင့် ထိပ်ဆုံး ၄ နေရာ ဝင်ဖို့ အတွက် လက်ကျန်ပွဲတွေမှာ တတ်နိုင်သလောက် ရမှတ်တွေ ကြိုးစား ရှာဖွေနေတာ တွေ့ရပါတယ်။ နာပိုလီ တို့လိုပဲ စပီဇီယာ ဟာလည်း ရမှတ် လိုအပ်နေပြီး တန်းမဆင်းရရေးအတွက် အားစိုက် ရုန်းကန်နေတဲ့ အသင်းဖြစ်ပါတယ်။
စပီဇီယာတို့ စီးရီးအေ နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ၂ မှတ်ပဲ ရှာဖွေနိုင်ခဲ့လို့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ နေရာကို ပြန်လည် ရောက်ရှိနေပါတယ်။ အဆင့် ၁၈ နေရာက ဘင်နီဗန်တိုနဲ့ ၃ မှတ်ပဲ ကွာဟတော့သလို အခုပွဲမှာသာ ရလဒ်ဆိုးခဲ့မယ် ဆိုရင် အောက်အဆင့်က အသင်းတွေရဲ့ ကျော်တက်တာခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ အခုပွဲပြီးရင် စီးရီးအေ လက်ကျန် ၃ ပွဲအဖြစ် ဆမ်ဒိုးရီးယား၊ တိုရီနို၊ ရိုးမားတို့နဲ့ ကစားဖို့ရှိနေပြီး ပွဲသိပ်မကြပ်ဘူး ဆိုပေမယ့် တန်းမဆင်းချင်ရင်တော့ စပီဇီယာတို့ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်နေပါတယ်။ ထူးခြားချက်က စပီဇီယာတို့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၆ ပွဲဆက် ရှုံးပွဲလုံးဝ မရှိခဲ့သလို အေစီမီလန်၊ ကက်ဂလီယာရီ၊ ခရိုတိုနီတို့ကို အနိုင်ရထားပြီး ပါးမား၊ ဘင်နီဗန်တို၊ အင်တာမီလန် တို့ကိုတော့ သရေကစားထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ အခုပွဲမှာတော့ အားထားရတဲ့ တိုက်စစ်မှူး အန်ဇိုလာ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲဆက် အဝါကတ် ထိခဲ့လို့ ပွဲပယ်ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။
ဂျီနာရို ဂတ်တူဆိုရဲ့ နာပိုလီတို့ ရာသီကုန်ခါနီးမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး အခုလက်ရှိမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ပြန်လည်မျှော်လင့်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စီးရီးအေ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ နာပိုလီတို့ ဆမ်ဒိုးရီးယား၊ လာဇီယို၊ တိုရီနို တို့ကို အနိုင်ကစားပြီး အင်တာမီလန်နဲ့ သရေ၊ ကက်ဂလီယာရီနဲ့ သရေကျထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ကက်ဂလီယာရီကို ဦးဆောင်ဂိုး အစောကြီး သွင်းထားပြီးမှ ပြိုင်ဘက်ရဲ့ အချိန်ပို သွင်းဂိုးကြောင့် အမှတ်လျော့ခဲ့ရတဲ့ နာပိုလီတို့ စပီဇီယာနဲ့ပွဲကနေ ၃ မှတ် ပြန်ယူဖို့ လိုအပ်ပြီး ဒါမှလည်း အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်စစ်ကစားသမား အိုဆီမန် ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်သလို အဓိက ခံစစ်မှူး ကူလီဘာလီလည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အခုနှစ် ဘောလုံးရာသီမှာ စီးရီးအေ ကို တန်းတက်လာတဲ့ စပီဇီယာတို့ နာပိုလီနဲ့ နောက်ဆုံးတွေ့ဆုံမှု ၃ ကြိမ်မှာ ၁ ပွဲ အနိုင်ရပြီး ၂ ပွဲရှုံးထားတဲ့ မှတ်တမ်းရှိပါတယ်။ ဒီရာသီ စီးရီးအေ ပထမအကျော့ ပွဲစဉ်တုန်းက နာပိုလီကွင်းမှာ စပီဇီယာတို့ ၁-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၅၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အခြေအနေချင်း မတူပေမယ့် ကျန်းသေတာတော့ နှစ်သင်းစလုံး ၃ မှတ် အပြည့်ရဖို့ လိုအပ်နေပါတယ်။ ဒါ့ကြောင့် ရေကုန်ရေခမ်း ကစားကြရဦးမယ့် သဘောရှိပြီး အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကို အမှတ်လျှော့နိုင်ခဲ့တဲ့ စပီဇီယာ တို့ကြောင့် နာပိုလီ အမှတ်ထပ်လျော့ဦးမယ် ထင်ပါတယ်။ သရေ ရလဒ်ကိုပဲ သဘောကျပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.