နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နူနိုရဲ့ စပါးနဲ့ သွင်းဂိုး အများကို ရွေးချယ်တာ မမှားဘူးနိုင်ဘူး | ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် -တော့တင်ဟမ်ဟော့စပါး (ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် –  တော့တင်ဟမ်ဟော့စပါး

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးကို ခက်ခက်ခဲခဲ အနိုင်ယူပြီး  အဖိုးတန် ၃ မှတ် ရရှိခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ အခုတစ်ပတ် မှာတော့နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုရဲ့ အသင်းဟောင်း ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီသား နည်းပြတွေရဲ့အားပြိုင်မှု ဖြစ်သလို ဝုဗ်ကို အတိုင်းအတာ တစ်ခု အထိ ရောက်ရှိအောင် တည်ဆောက်ခဲ့တဲ့ နူနိုဆန်တိုရဲ့ စပါး နည်းပြ ဖြစ်ပြီး ၂ လ အကြာ အသင်းဟောင်းနဲ့ ပြန်ပြီး ရင်ဆိုင်ရတဲ့ ပွဲဖြစ်နေလို့လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ဒါပေမယ့်လက်စတာစီးတီးလိုအဘက်ဘက်ကတောင့်တင်းနေတဲ့အသင်းကိုခြေရည်တူကစားပြီးတစ်ဂိုးတည်းနဲ့ကပ်ရှုံးခဲ့တာဟာပရီးမီးယားလိဂ်အတွေ့အကြုံလုံးဝမရှိသေးတဲ့လူငယ်နည်းပြတစ်ဦးအတွက်စိတ်ပျက်စရာအခြေအနေလို့တော့မထင်ပါဘူး။
ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်စတာစီးတီးကို ၁ ဂိုးတည်းနဲ့ ကပ်ရှုံးထားတဲ့ ဝုဗ်

လက်ရှိ အခြေအနေအရ စပါးတို့ ပရီးမီးယားလိဂ် ချန်ပီယံကိုအနိုင်ရခဲ့လို့ ဆန်တိုရော အသင်းသားတွေပါ ဖိအားတချို့လျော့ချနိုင်ခဲ့ပေမယ့် ဝုဗ် ကတော့ လက်စတာစီးတီးရဲ့ ကင်းပါဝါမှာ ၁-၀ ရလဒ်နဲ့ ရှုံးပွဲတွေ့ထားပါတယ်။ လက်စတာစီးတီးလို အဘက်ဘက်က တောင့်တင်းနေတဲ့ အသင်းကို ခြေရည်တူ ကစားပြီး တစ်ဂိုး တည်းနဲ့ ကပ်ရှုံးခဲ့တာဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ လူငယ်နည်းပြ တစ်ဦး အတွက် စိတ်ပျက်စရာ အခြေအနေလို့တော့ မထင်ပါဘူး။ အသက် ၄၅ နှစ်အရွယ် ဘရူနိုလာဂါဟာ ဘင်ဖီကာ အတွက် ၂၀၁၈/၂၀၁၉ ဘောလုံးရာသီက ပေါ်တူဂီ အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့ပြီး ရွှေရောင် အနာဂတ်တွေ ပိုင်ဆိုင်ထားတဲ့ နည်းပြ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဝုဗ်ဟာ ပေါ်တူဂီ ကစားသမားတွေ အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ပေါ်တူဂီ နည်းပြနဲ့ ထွက်ခွာသွားချိန်မှာ ပေါ်တူဂီ နည်းပြနဲ့ပဲ ပြန်ပြီး အစားထိုး ခဲ့သလို ပေါ်တူဂီ ဂိုးသမား ပက်ထရီဆီယို ရိုမားကို ပြောင်းသွားချိန် မှာလည်း အိုလံပီယာကော့စ်က ပေါ်တူဂီ ဂိုးသမား ဂျိုဆေး ဆားကိုပဲ အရခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ပေါ်တူဂီ ကြယ်ပွင့် ထရင်ကာအို ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ ဝမ်းသာစရာက ပြီးခဲ့တဲ့ တစ်ရာသီလုံး အနားယူခဲ့ရတဲ့ အဓိက တိုက်စစ်မှူး ရာအူးလ် ဂျင်မီနက်ဇ် ပွဲထွက်လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝုဗ်မှာ ထရင်ကာအို၊ ထရာအိုရေး၊ မော်တင်ဟို၊ ရူဘင်နားဗက်စ်၊ ဆီမီဒို၊ ကော်နာကိုဒီ၊ ဆာအိစ်၊ ဒန်ဒွန်ကာ၊ မာကယ် တို့လို ကစားသမားတွေလည်း ပိုင်ဆိုင်ထားလို့ တော်ရုံ ပြိုင်ဘက်တိုင်းကို ယှဉ်ကစားနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေတာ သိပ်တော့ မဆန်းပါဘူး။ ပက်ဒရို နီတို၊ ဘိုလီ၊ ဂျွန်နီ၊ ပိုဒန့်စ် တို့သာ ဒဏ်ရာက ပြန်ပြီး သက်သာလာရင် လက်ရှိထက် ပိုပြီး တောင့်တင်းတဲ့ လူစာရင်းနဲ့ ပြိုင်ဘက်တိုင်း အတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရတဲ့ အသင်း အဖြစ် မကြာခင်မှာ ပြန်လည် မြင်တွေ့ရဖို့ ရှိနေပါတယ်။

 
ဒါပေမယ့် လက်ရှိ ကစားရမယ့် အသင်းက နည်းပြဟောင်း ဆန်တိုရဲ့ စပါး ဖြစ်နေလို့ ဝုဗ်တို့ အိမ်ကွင်း မှာကိုပဲ မရှုံးဖို့ တော်တော်လေး အားစိုက်ရပါလိမ့်မယ်။ အဓိက ကတော့ ဆန်တိုဟာ ဝုဗ်ကို အချိန်ယူပြီး စိတ်တိုင်းကျ တည်ဆောက်ခဲ့တဲ့ အတွက် အသင်းရဲ့ ကစားသမားတွေရဲ့ အထာကိုလည်း လက်ရှိနည်းပြ ဘရူနိုလာဂါထက် ပိုပြီးတောင် သိနေပါလိမ့်မယ်။ မန်စီးတီးနဲ့ ပွဲမှာ နူနို အသုံးပြုခဲ့တဲ့ နည်းစနစ်ဟာ မော်ရင်ဟိုရဲ့ ဟန်နဲ့ ခပ်ဆင်ဆင် တူသယောင် ရှိပေမယ့် တကယ်တော့ လုံးဝမတူတာ တွေ့ရပါတယ်။ မော်ရင်ဟိုဟာ အသင်းကြီးတွေနဲ့ ကစားရင် ခံစစ်ကို သိသိသာသာ ပိတ်ကစားတတ်တဲ့ နည်းပြ ဖြစ်ပေမယ့် နူနို ကတော့ ခံစစ်ကိုပဲ လုံးဝ အားပြုကစားတာ မဟုတ်ပဲ အခွင့်အရေး ရရင် ရသလို ဂိုးသွင်းနိုင်ဖို့ ကြိုးစားပြီး ခံစစ် ကနေ တိုက်စစ်ကို အမြန်ဆုံး ကူးပြောင်းတဲ့ နည်းစနစ်ကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။ လက်ရှိ အချိန်ထိ တိုက်စစ်မှူး ဟယ်ရီကိန်း ဘာလဲ။ ဘယ်လဲ။ ဆိုတာ သေချာ မသိရသေးပေမယ့် ဆွန်ဟောင်မင်ကို အထောင်ထားပြီး ဘက်ဂျ်ဝင်း၊ မော်ရာတို့ရဲ့ တောင်ပံတွေ ကနေ တိုက်စစ်ကို အဓိက ပံ့ပိုးစေပြီး ဂိုးရဖို့ ကြိုးပမ်းတဲ့ နူနိုရဲ့ ဗျူဟာက အလုပ်ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဟယ်ရီကိန်း အပြင် အန်ဒွန်ဘီလီနဲ့ ဒီရာသီ အပြောင်းအရွှေ့ မှာ ခေါ်ထားတဲ့ ရိုမဲယို တို့ ပါဝင်လာရင်တော့ စပါးတို့ ခြေစွမ်း ပိုကောင်းလာနိုင်ပေမယ့် ဒီကစားသမားတွေ ကတော့ အခုလာမယ့် ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၁၄ ကြိမ်မှာတော့ ဝုဗ်တို့ ၄ ကြိမ် အနိုင်ရပြီး စပါးက ၇ ကြိမ် အထိ နိုင်ရထားတာ‌ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ ဝုဗ်တို့ စပါး အိမ်ကွင်းမှာ ၂ ကြိမ် အနိုင်ရခဲ့ပြီး မိုလီနစ် မှာတော့ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝုဗ်ဗာဟန်တန်ဝမ်းဒါးရားစ် -တော့တင်ဟမ်ဟော့စပါး အချိန်ပြည့်၃ ဂိုးနှင့် ၃ ဂိုးနဲ့ အထက်@၂.၂၆ ဆ
ဩဂုတ်လ ၂၂ ရက် ,ည ၇:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၃.၂၀ ဆနဲ့ဧည့်သည်အသင်းအတွက်၂.၃၅ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၂၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲရလဒ်တွေကို ပြန်ကြည့်တော့ နောက်ဆုံး ၁၀ ပွဲမှာ နှစ်သင်းပေါင်း ၃ ဂိုးအောက် ရှိခဲ့တဲ့ ပွဲ ၃ ပွဲသာ ရှိခဲ့တာ တွေ့ရပါတယ်။ တိုက်စစ် အားသားပေး အသင်းတွေ ဖြစ်တဲ့အလျောက် အခုပွဲမှာလည်း အပြန်အလှန် ဂိုးတွေ သွင်းရင်း ပွဲပြီး သွားနိုင်ပါတယ်။ စိတ်ကြိုက် တစ်သင်းကို ရွေးပါဆိုရင်တော့ စပါးကိုပဲ ရွေးချယ်ရမှာပါ။ ခန့်မှန်းရလဒ် ၁-၂ လောက်နဲ့ ပွဲပြီးဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်