နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဂိုးပြတ်နိုင်ပွဲနဲ့ သရဲနီတို့ ပြန်လာပြီဆိုတာ ကြေညာလိုက်တဲ့ ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၀ ချန်ပီယံလိဂ် ရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ဆက်လက် ကစားခဲ့ပြီးတဲ့နောက် အုပ်စု (H)က နာမည်ကြီး မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ နိုင်ပွဲအသီးသီးရရှိသွားခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ပီယံလိဂ် နှစ်ပွဲကစားပြီးချိန်မှာ ယူနိုက်တက်က နှစ်ပွဲဆက် နိုင်ပွဲရသွားခဲ့သလို ပီအက်စ်ဂျီ ဟာလည်း အဝေးကွင်းမှာ အဖိုးတန် အနိုင် ၃မှတ် စတင်ရရှိခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ ‌အခြေအနေ ကောင်းသွားတယ်လို့ ဆိုရမှာပါ။

ယူနိုက်တက်၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်နဲ့ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားတို့ ပါ၀င်နေတဲ့ အုပ်စု(H)ဟာ မသိမသာ အုပ်စု ကြပ်နေ ခဲ့တယ်ဆိုတာ သိထားမိကြမှာပါ။ မနှစ်က ချန်ပီယံလိဂ် မှာဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ဗိုလ်လုပွဲ တက်ခဲ့တဲ့ ပီအက်စ်ဂျီ တို့ ပါဝင်နေလို့ မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲမယ်လို့ ထင်ခဲ့ရပေမယ့် အဖွင့်ပွဲမှာ ပြင်သစ်မြေ အထိ သွားကန်ရပေမယ့် ၁-၂နဲ့ ပီအက်စ်ဂျီကို အနိုင်ရခဲ့ပါတယ်။ အခုဒုတိယပွဲမှာလည်း ယူနိုက်တက်တို့ အံ့အားသင့်စရာ ကောင်းလောက်အောင်ကို ခြေစွမ်းပြပြီး လိုက်ပ်ဇစ်ကို အိုးထရက်ဖို့ဒ်မှာ ၅ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ် အတွက်လည်း ချန်ပီယံလိဂ်သွင်းဂိုး ၁၀ ဂိုးပြည့်ခဲ့ပါတယ်။
လူစားဝင်ကစားသမားဖြစ်ခဲ့ပေမယ့် ၁၆ မိနစ်အတွင်း ဟက်ထရစ်သွင်းခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် အတွက် သွင်းဂိုးတွေကို‌တော့ ပထမပိုင်းမှာ မေဆင်ဂရင်းဝုဒ်၊ ဒုတိယပိုင်းမှာ‌တော့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ မာစီရယ်တို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ လူစား၀င်လာပြီးမှ ဟက်ထရစ်သွင်းသွားခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုတော့ အထူးတလည် ချီးကျူးရမှာပါ။ ပွဲချိန် ၆၃မိနစ်မှာ မေဆင်ဂရင်းဝုဒ်အစား လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က ၇၄မိနစ်၊ ၇၈မိနစ်နဲ့ မိနစ်၉၀‌တို့မှာ ဂိုးတွေ သွင်းယူပေးခဲ့လို့ မန်ချက်စတာယူနိုက်တက် သမိုင်းမှာ လူစား၀င်ရာကနေ ဟက်ထရစ်သွင်း ယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား မှတ်တမ်း၀င်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်မှုမျိုးကို လက်ရှိ အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကိုယ်တိုင် ၁၉၉၉ခုနှစ်က စွမ်းဆောင် ထားခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ် အတွက်လည်း ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုးပြည့်ခဲ့ပါတယ်။

ယူနိုက်တက်တို့ရဲ့ ပထမပိုင်း ကစားပုံ အရစရာမရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားသမားတွေ နားလည်မှုရှိရှိ အချိတ်အဆက်မိမိနဲ့ ကစား သွားနိုင်လို့ ၅ဂိုးပြတ် ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်တို့ ၂ပွဲကစား၊ ၂ပွဲနိုင်၊ ရဂိုး ၇ဂိုး၊ ပေးဂိုး ၁ဂိုး၊ ရမှတ် ၆မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း သွားခဲ့ပါတယ်။ နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်က ဒီရာသီ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲပျောက်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်လည်း ပထမဦးဆုံး အိမ်ကွင်းနိုင်ပွဲ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းက လုံး၀အားရစရာ ကောင်းပါတယ်။ အဝေးကွင်းကို လာကစားတဲ့ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ လိုက်ပ်ဇစ်တို့ ဘောလုံးပိုင်ဆိုင်မှု ကလွဲလို့ ဘာမှမရခဲ့ပါဘူး။ ဒီပွဲစဉ် မတိုင်ခင်က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးက ယူနိုက်တက် အပြတ်အသတ်အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့တာကို မယုံကြည်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘာ့ကြောင့် မန်ချက်စတာယူနိုက်တက် ဂိုးပြတ်အနိုင်ရခဲ့သလဲ ဆိုတာ‌တော့ အဖြေသိသွားခဲ့ပါပြီ။ အစောပိုင်း ပွဲစဉ်မှာ ပီအက်စ်ဂျီတို့ အစ်စတန်ဘူလ်ဘဆက်ခ်ရှီးယားကို အနိုင်ရခဲ့လို့ မန်ချက်စတာယူနိုက်တက် တို့ လိုက်ပ်ဇစ် ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်လာခဲ့ပါတယ်။

ဒီအချိန်မှာ ဆိုးလ်ရှား အနေနဲ့ အသင်းရဲ့ လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာခဲ့တာ တွေ့ရ ပါတယ်။ နောက်ထပ် သတိထားမိတဲ့ အချက်တစ်ချက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တိုက်စစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ မာစီရယ်၊ ကာဗာနီတို့ရှိနေတဲ့ တိုက်စစ်က တော်တော်လေးကို စည်းလုံးမှုရှိနေပြီးတော့ ဂိုးမြူးနေပါတယ်။ လိုက်ပ်ဇစ်ကို ၃ဂိုးသွင်းထားတဲ့ အချိန်မှာ ရက်ရှ်ဖို့ဒ် ဟက်ထရစ် ရနိုင့်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ဝေဖန်မှုတွေခံရပြီး ဖိအားတွေ ပိနေတဲ့ မာစီရယ်ကို ပွဲဆက် ဂိုးပေါက်ပြောက်မှု အဆုံးသတ် စေခဲ့ပါ တယ်။ နောက်ဆုံး ဂိုးကိုကြည့်ရင်လည်း ရက်ရှ်ဖို့ဒ် ဂိုးသွင်းဖို့ မာစီရယ်ဖန်တီးပေးခဲ့သလို အခုမှပြောင်းလာတဲ့ ကာဗာနီ ကလည်း နားလည်မှုရှိရှိနဲ့ တစ်ကိုယ်ကောင်း မဆန်တာကို တွေ့ရတာ ဆိုးလ်ရှား အတွက်ကတော့ ပျော်ရွှင်စရာပါပဲ။

လာမယ့် စူပါဆန်းဒေးမှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်တို့ အဘက်ဘက်က အဆင်သင့် ဖြစ်နေတဲ့ ပုံစံမှာ ရှိနေခဲ့ပါပြီ။ ဂိုးမြူးနေတဲ့ တိုက်စစ်၊ ဖန်တီးမှုကောင်းတဲ့ ကွင်းလယ်တို့ ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အတွက် ခံစစ်ပိုင်းက အမှားနည်းဖို့ပဲ လိုအပ်ပါတော့တယ်။ ဒီပုံအတိုင်းသာ ဆက်ကစားနိုင်ရင် မန်ချက်စတာ ယူနိုက်တက်တို့ ရာသီကုန်ရင် ကျိန်းသေပေါက် ချန်ပီယံဆုဖလားတစ်လုံးတော့ ပစ်မလွဲပါပဲ။

ပီအက်စ်ဂျီ ၁ – ၂  မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၅ – ၀  လိုက်ပ်ဇစ်
 

မန်ချက်စတာယူနိုက်တက်ရဲ့ လာမယ့်တစ်ပတ်အတွင်း ကစားရမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက် – အာဆင်နယ် (ပရီးမီးယားလိဂ်)

အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယား – မန်ချက်စတာယူနိုက်တက် (ချန်ပီယံလိဂ်)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်