နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်ယောက်အထုတ်ခံ၊ ကိုယ့်ဂိုးကိုယ်သွင်းပြီး အိမ်ကွင်း ၄ ပွဲဆက်ရှုံးတဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် ၀ – ၁ ဘန်လေ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ အန်းမရိတ်စ်မှာ ဘန်လေကို တိုက်စစ်မှူး အော်ဘာမီယန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု နဲ့အတူ ၀-၁ ရလဒ်နဲ့ အရေးနိမ့့်ခဲ ရပါတယ်။  အာဆင်နယ်တို့ ဒီရာသီ ၇ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့ပြီး အိမ်ကွင်း လေးပွဲဆက် ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်သလို အခု အခြေအနေဟာ ၁၉၅၉ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်း ရှုံးပွဲ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲ တစ်ပွဲ ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိလာတဲ့ ဘန်လေ

ဒီပွဲမတိုင်ခင်က ဘန်လေတို့ အာဆင်နယ်ထက် ပိုပြီး ခြေစွမ်းဆိုးရွားခဲ့လို့ ဂန်းနားတို့ နိုင်ပွဲ ပြန်လည် ရှာတွေ့နိုင်မယ် ထင်ခဲ့ပေမယ့် အဓိကကစားသမားတွေရဲ့ မထင်မှတ်တဲ့ အခြေအနေတွေမှာ အမှားတွေ ဆက်တိုက်ပြုလုပ်ခဲ့မှုကြောင့် ပရီးမီးယားလိဂ် အိမ်ကွင်း ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ အာတေးတား အနေနဲ့ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ အတွက် အသင်းမှာ ရှိသမျှ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဘန်လေမှာလည်း ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး တစ်ဖက်နဲ့ တစ်ဖက် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိလို့ ဂိုးမရှိသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက ပိုကြမ်းလာခဲ့ပြီး နှစ်ဖက်ကစားသမားအချင်းချင်း ပြသနာတွေ ရှိလာခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာတော့ အာဆင်နယ် အသင်းခေါင်းဆောင် ဂရန်းနစ် ရှာကာအနေနဲ့ မလုပ်သင့်တဲ့ အမှားကြောင့် အနီကတ် ပြသခံခဲ့ရပါတယ်။ ရှာကာအနေနဲ့ ဘန်လေကစားသမား အက်ရှ်လေဝက်စ်ဝုဒ်ရဲ့ လည်ပင်းကို ညှစ်ပြီး ရန်ရှာမိခဲ့တာ ကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး အာဆင်နယ် ကစားသမားဘဝ တတိယအကြိမ်မြောက် အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဘယ်လာရင်၊ မိုဟာမက်အယ်နီနီ တို့ အဝါကတ်ပြားတွေ ထပ်မံပြသခံခဲ့ရပြီး အာဆင်နယ်တို့ ရှုံးနိမ့်စေမယ့် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ ခွင့်ပြုပေးခဲ့ရပါတယ်။ ပိုပြီး ရင်နာဖို့ကောင်းသွားစေတာက ဒီဂိုးကို ပြိုင်ဘက်ကစားသမား တစ်ဦးက သွင်းယူခဲ့တာ မဟုတ်ပဲ အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး ပီရာအန်းမရစ်ခ် အော်ဘာမီယန်းက ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ကစားသမားတစ်ယောက် မလျော့ခင်အထိ အကောင်းဆုံး ပုံစံမှာ ရှိခဲ့ပေမယ့် ရှာကာ ထုတ်ပယ်ခံရတဲ့ အချိန်မှာ ကစားပုံတော်တော်လေး ပျက်ယွင်းသွားပြီး နောက်ထပ် ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲ တစ်ပွဲ ပိုင်ဆိုင်ခဲ့ရတာ
ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ ဘန်လေတို့ အဝေးကွင်းမှာ ကစားသမားတွေ အားလုံး တာဝန်ကျေခဲ့ပြီးတော့ အာဆင်နယ် ကစားသမားတွေ ကတော့ တာဝန်မကျေတဲ့ အပြင် တာဝန်မဲ့တဲ့ လုပ်ရပ်တွေပါ လုပ်မိခဲ့လို့ အရှုံးနဲ့ ထိုက်တန်တာထက် ပိုခဲ့ပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမား ရှာကာ ကတော့ အသက်ကြီးလာပေမယ့် မရင့်ကျက်သေးပါဘူး။ အခုလို ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်မိတာဟာ နှစ်ပိုင်းအတွင်းမှာဆိုရင် မှတ်မှတ်ရရ ၂ ကြိမ် ရှိပါပြီ။ အသင်းရဲ့ ရလဒ်တွေ ဆိုးနေတဲ့ အချိန်မှာ ရှာကာရဲ့ အပြုအမူဟာ နည်းပြ အာတေးတားပြောသလို လက်ခံနိုင်စရာ မရှိပါဘူး။ နောက်ထပ် တာဝန်ရှိတာက နည်းပြ အာတေးတားပါ။ အာတေးတား ရဲ့ အသင်းက လက်ရှိ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တစ်နေရာမှာ စွမ်းဆောင်ရည် မကောင်းသလို ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက တစ်ပွဲရှုံးလေ တစ်ပွဲ ပိုပြီး စိတ်ဓာတ်ပိုကျလေ ဖြစ်နေသလိုပါ ပဲ။ အခုဆိုရင် တန်းဆင်းဇုန်နဲ့ ၅ မှတ်ပဲ ကွာဟတဲ့ အဆင့်မှာ ရောက်ရှိနေပြီး လာမယ့်ရက်မှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ လက်ခံကစားရဦးမှာ ဖြစ်လို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးတို့လို အသင်းတွေနဲ့ ကစားရမှာ ဖြစ်လို့ အာတေးတားရဲ့ အာဆင်နယ်ကို ပိုပြီး ဒုက္ခရောက်စေဦးမှာ အမှန်ပါပဲ။
 

လာမယ့်ပွဲစဉ်များ

လာမယ့် ကြဿပတေးနေ့မှာ အာဆင်နယ်တို့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး တနဂ်နွေနေ့မှာတော့ အဲဗာတန်အသင်းနဲ့ ကစားရဖို့ ရှိပါတယ်။ ဘန်လေ အသင်းကတော့ အက်စတွန်ဗီလာ၊ ဝုဗ် အသင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်