မန်ချက်စတာစီးတီး vs ဝက်စ်ဘရွန်း
အခုတစ်ခါမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေ နိုင်ပွဲတွေ တောက်လျောက်ပြန်ရနေတဲ့ မန်ချက်စတာစီးတီးတို့ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေတဲ့ ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ လက်ခံကစားပြီး အားလုံးခန့်မှန်းထားတဲ့ အတိုင်း ဂိုးပြတ်နိုင်ပွဲ ရမရဆိုတာတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ပပ်ဂွာဒီယိုလာ ရဲ့ မန်ချက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးမရှိသရေကျထားခဲ့ တာကလွဲရင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။ မန်ချက်စတာစီးတီးတို့ ဒီရာသီအစမှာ ဆက်တိုက် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပြတ်နိုင်ပွဲတွေ ပြန်ရနေသလို ပေးဂိုးမရှိ စွမ်းဆောင်ထားနိုင်ပါတယ်။ အီဒါဆင် စောင့်ကြပ်နေတဲ့ မန်ချက်စတာစီးတီး ဂိုးပေါက်က ပြိုင်ပွဲစုံ ၆ ပွဲဆက်တိုက် ပေးဂိုးလုံးဝမရှိတာကတော့ အားရစရာကောင်းနေပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ မန်စီးတီးရဲ့ တိုက်စစ်က ဂိုးပေါက် ပျောက်ဆုံးခဲ့ပေမယ့် အသင်းငယ်တွေနဲ့ ကစားခဲ့တဲ့ အစောပိုင်းပွဲတွေမှာ တစ်ပွဲကို ပျမ်းမျှ ၂ ဂိုး နှုန်းလောက် သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၅ ဂိုး အထိ ရရှိထားပါတယ်။ မန်ချက်စတာစီးတီးမှာ လက်တလော အဓိက ကစားသမားတွေ တော်တော်များ ဒဏ်ရာပြသနာကင်းနေပြီး နောက်တန်းက ဂါစီယာနဲ့ တိုက်စစ်က အဂွဲရိုးတို့ နှစ်ဦးပဲ ဒဏ်ရာကြောင့် အခုပွဲမှာ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ကီဗင် ဒီဘရိုင်း၊ ဂျာအိုကန်ဆယ်လို၊ မားရက်ဇ်၊ ရိုဒရီ၊ ဂါဘရီရယ် ဂျီးဆုစ်တို့ ခြေစွမ်းပြနေလို့ အခုပွဲစဉ်မှာ စိတ်ကြိုက် ဂိုးသွင်းလာမယ့် အခြေအနေမှာ ရှိနေပြီး အခုပွဲမှာ ရလဒ်ကောင်းရင် အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ရှိနေလို့ မန်ချက်စတာစီးတီးတို့ အမှားခံမှာ မဟုတ်ပါဘူး။
ဝက်စ်ဘရွန်းတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ကျန် ၄ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ဝက်စ်ဘရွန်းတို့ရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာယူနိုက်တက်၊ ရှက်ဖီးလ်ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်တို့နဲ့ ကစားခဲ့ရလို့ ပွဲကြပ်ခဲ့တယ်လို့ ဆိုနိုင်ပြီး ကစားပုံဆိုးရွားနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်တစ်သင်းတည်းကိုပဲ အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဝက်စ်ဘရွန်းတို့ ခြေစွမ်းကောင်းခဲ့ပေမယ့် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆလေဗန်ဘီလစ်ရဲ့ အသင်းက လက်ရှိမှာ ခြေတက်လာပေမယ့် နိုင်ပွဲတွေ ရှာဖွေဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး အခုပွဲမှာလည်း မန်ချက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်တာကြောင့် ကျိန်းသေပေါက် ခက်ခဲလာဦးမှာပါ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၀ မှာ မန်ချက်စတာစီးတီးက ၁၇ ကြိမ် အနိုင်ရပြီး ဝက်စ်ဘရွန်းက ၂ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ မန်ချက်စတာစီးတီး အသင်းက ၂ ကျော့စလုံး ခြေစွမ်းပြပြီး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
မန်ချက်စတာစီးတီး vs ဝက်စ်ဘရွန်း | 1X2 မန်ချက်စတာစီးတီး @ 1.091 | |
ဒီဇင်ဘာလ ၁၆ ရက်, ည ၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၀၉၁ ဆ၊ သရေအတွက် ၈.၂၅ဆနဲ့ ဧည့်သည်အသင်း အတွက် ၃၀.၀၀ ဆကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခြေစွမ်းအရရော ပေါက်ကြေးအရပါ မန်ချက်စတာစီးတီး ဘက်မှာပဲ ရပ်တည်ရမယ်ဆိုတာ အရှင်းကြီးပါပဲ။ အခုပွဲ ရလဒ်ကောင်းရင် အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေနဲ့ ရလဒ်ကွာဟချက် ကျဉ်းမြောင်းသွားနိုင်လို့ ဝက်စ်ဘရွန်းကို ကျိန်းသေပေါက် ဂိုးပြတ်သွင်းပြီး အနိုင်ယူမှာပါ။ ပေါက်ကြေးအရ အဆပေါင်းများစွာ ကွာဟနေလို့ မန်ချက်စတာစီးတီးအပြင် သွင်းဂိုး အများကိုပါ ထည့်ပြီး စဉ်းစားသင့်ပါတယ်။ မန်ချက်စတာစီးတီးတို့ အနိမ့်ဆုံး ၃-၀ လောက် အနိုင်ရသွားမယ့်ပွဲပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.