နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခု နွေရာသီ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမား ၄ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ အခုနွေရာသီမှာ ကစားသမား ၆ ဦး အထိ ခေါ်ယူထားခဲ့ပြီး ဖြစ်သလို နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း FFP စည်းမျဉ်းတွေနဲ့ မညိစွန်းစေဖို့ အတွက် ဆိုရင်တော့ အသင်းမှာ ရှိရင်းစွဲ ကစားသမား တချို့ကို ပြန်လည် ရောင်းထုတ်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု တစ်ခါမှာတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာဖွယ်ရှိတဲ့ ကစားသမား ၄ ဦး ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ရိုမယ်လူ လူကာကူ

ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ ချဲလ်ဆီးရဲ့ အနာဂတ် ကတော့ ဒီမှာတင်ပဲ အဆုံးသတ်သင့်ပြီ ထင်ပါတယ်။ ချဲလ်ဆီး ကနေ အစပြုခဲ့တဲ့ ဒီကစားသမားက ချဲလ်ဆီးကို ပြန်လာလိုက် အငှားထွက်လိုက်နဲ့ လုံးချာလည်လိုက်နေတာ တော်တော်ကြာပါပြီ။ ၂၀၁၁ ခုနှစ်မှာ အန်ဒါလက်ချ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ အစောပိုင်းမှာ ဝက်စ်ဘရွန်း၊ အဲဗာတန် တို့မှာ အငှားနဲ့ ထွက်ကစားခဲ့ရပြီး ၂၀၁၃ ခုနှစ် မှာတော့ အဲဗာတန် ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီ ကနေမှ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိခဲ့သလို နှစ်ရာသီ အကြာမှာပဲ အင်တာမီလန်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ အင်တာမီလန်နဲ့ အတူ ခြေစွမ်းပြပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရရှိခဲ့တဲ့ လူကာကူကို ချဲလ်ဆီးက သောမက်စ် တူချယ် လက်ထက်မှာ ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ပြန်လည် ခေါ်ယူခဲ့ပေမယ့် တစ်ရာသီသာ ကစားပြီး အင်တာမီလန်ကို အငှားပြန်ချခံခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ရိုးမားကို အငှားနဲ့ ရောက်ရှိသွားခဲ့ပြီး လက်ရှိ မှာတော့ ဘူတာဟောင်း ချဲလ်ဆီး ဆီကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ချဲလ်ဆီးက ဒီတစ်ကြိမ်မှာတော့ လူကာကူကို အငှားနဲ့ မဟုတ်ပဲ အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

ကီပါ အရစ်ဇာဘလာဂါ

အဲ့ဒီ ကနေမှ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိခဲ့သလို နှစ်ရာသီ အကြာမှာပဲ အင်တာမီလန်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ နောက်တစ်ကြိမ် ထွက်ကစားဖွယ်ရှိနေတဲ့ ကီပါ

ဒီကစားသမား ကလည်း ၂၀၁၈ ခုနှစ်က ဘီလ်ဘာအို ကနေ ချဲလ်ဆီးကို အဲ့ဒီ အချိန်တုန်းက စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ကီပါဟာ ဂိုးသမားကောင်း တစ်ဦး ဖြစ်ပေမယ့် တစ်ခါတစ်ရံ မလုပ်သင့်တဲ့ အမှားတွေနဲ့ အတူ ရင့်ကျက် တည်ငြိမ်မှု မရှိသလို နည်းပြ အပြောင်းအလဲတွေ အောက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ကီပါ အနေနဲ့ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ် အထိ ချဲလ်ဆီးမှာ ၅ ရာသီ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ အစောပိုင်း နှစ်ရာသီမှာ ချဲလ်ဆီး အတွက် တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ ကျော် ကစားပေးခဲ့ပေမယ့် နောက်ဆုံး ၃ ရာသီ မှာတော့ ပွဲထွက်ခွင့်တွေ လျော့ကျလာပြီး ရီးရဲလ်မက်ဒရစ်ဆီ အငှားချခြင်း ခံခဲ့ရပါတယ်။ သတင်းတွေ အရ ဆိုရင် ကီပါ အနေနဲ့ ရာသီသစ်မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အရံ ဂိုးသမား အဖြစ် ဆက်လက် မြင်တွေ့ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကီပါဟာ ချဲလ်ဆီးမှာ လုပ်ခ လစာ အများဆုံး ရနေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး စာချုပ်သက်တမ်း ကလည်း တစ်ရာသီသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

 

မာလန်း ဆား

ပြင်သစ် ဗဟိုခံစစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မာလန်း ဆား ကတော့ ၂၀၂၀ ခုနှစ်မှာ နိစ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ပေါ်တို အသင်းထံ ချက်ချင်းပဲ အငှားချခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၂၁/၂၀၂၂ ဘောလုံးရာသီမှာ ချဲလ်ဆီးကို ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် တစ်ရာသီလုံး ၂၁ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး လီဂူးဝမ်း ကလပ် မိုနာကို ကို အငှားချခံခဲ့ရပြန်ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီက မိုနာကို မှာလည်း ၁၇ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးတော့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သေချာတာ ကတော့ ချဲလ်ဆီး အနေနဲ့ ပွဲထွက်ကစားခွင့် ကောင်းကောင်း မရထားတဲ့ ကစားသမားကို နေရာပေးဖို့ ဆိုတာ မဖြစ်နိုင်သလို လက်ရှိမှာ တိုဆင် အဒါရာဘိုင်အိုယို ထပ်မံ ရောက်ရှိလာပြီး ဘာဒီယာရှီးလ်၊ ကိုးဝဲလ်၊ ဖိုဖာနာ၊ ချာလိုဘာ တို့လို ကစားသမားတွေလည်း ရှိနေတာကြောင့် မာလန်း ဆားကို အပြီးသတ် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ မာလန်း ဆား ကတော့ ချဲလ်ဆီးမှာ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ရရှိနေသူ ဖြစ်ပါတယ်။

 

အာမန်ဒို ဘရိုဟာ

ချဲလ်ဆီး အကယ်ဒမီထွက် ဒီကစားသမား ကတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ မယ်မယ်ရရ မကစားရပဲ ဗစ်တက်ဆီ၊ ဆောက်သမ်တန်၊ ဖူလ်ဟမ် တို့မှာ အကြိမ်ကြိမ် အငှားထွက်ကစားခဲ့ရသူပါ။ ဒါ့ပြင် ဘရိုဟာ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီက ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ပွဲထွက်ကစားခွင့် သိပ်မရခဲ့ပါဘူး။ ဆောက်သမ်တန်နဲ့ အတူ တောက်ပခဲ့တဲ့ ဘရိုဟာ အနေနဲ့ ပြီးခဲ့တဲ့ ရာသီဝက်မှာ ဖူလ်ဟမ်ကို ပြောင်းရွှေ့ခဲ့ပေမယ့် ၈ ပွဲသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ချဲလ်ဆီး ကနေ ထွက်ခွာချင်ကြောင်း ထုတ်ဖော် ပြောကြားထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်