ပြင်သစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ ပရီးမီးယားလိဂ် ကလပ် ချလ်ဆီး မှာ ပုံမှန် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က ချဲလ်ဆီး ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေသူ ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့ အေးဂျင့် ဖြစ်တဲ့ ဇဟာဗီက အန်ကွန်ကူကို ချဲလ်ဆီး ကနေ ထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့ ကစားနိုင်ဖို့ ကြိုးပေးနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အန်ကွန်ကူဟာ ချဲလ်ဆီးနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် နီကိုလပ်စ် ဂျက်ဆင်၊ မာဒူကေး တို့ရဲ့ အနောက်မှာသာ ပွဲထွက်ခွင့်ရနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို အန်ကွန်ကူက သဘောမကျတာကြောင့် ချဲလ်ဆီး ကနေ ထွက်ခွာသွားနိုင်ကြောင်း သတင်းတွေမှာ ဆက်တိုက် ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးတဲ့ အချိန်က အန်ကွန်ကူဟာ ချဲလ်ဆီးကို ချက်ချင်း စွန့်ခွာသွားမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ အထောင် တိုက်စစ်၊ ဘယ်ခြမ်း တောင်ပံနဲ့ ကွင်းလယ် တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့ အန်ကွန်ကူကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမား အန်ကွန်ကူ ကတော့ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ကမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အန်ကွန်ကူ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီ နည်းပြ အန်ဇို မာရက်စကာ လက်ထက် မှာတော့ အန်ကွန်ကူက ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၁၂ ဂိုး အထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ မိနစ် အနည်းငယ် ကစားရပြီး ကွန်းဖရင့်လိဂ်နဲ့ ခါရာဘောင်ဖလား ပွဲစဉ်တွေ မှာတော့ ပွဲထွက်ခွင့် ရရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အန်ကွန်ကူရဲ့ အနာဂတ်က အလှုပ်ခတ်ဆုံး အခြေအနေမှာ ရှိနေပြီးတော့ ချဲလ်ဆီး ကလည်း လာမယ့် နွေရာသီမှာ တိုက်စစ် အင်အား ထပ်မံ ဖြည့်တင်းဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက နည်းပြ မာရက်စ်ကာ သဘောမကျတဲ့ အန်ကွန်ကူကို အသင်း ပြောင်းရွှေ့ခွင့်ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘာစီလိုနာက အန်ကွန်ကူကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဥက္ကဌ ယိုအန် လာပေါ်တာ ကလည်း အေးဂျင့် ဇဟာဗီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဇဟာဗီဟာ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ် တိုရဲ့ အေးဂျင့်လည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.