နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတဲ့ အဲလ်ဗာရက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးရဲ့ အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့် ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာလိုနေကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ အဲလ်ဗာရက်ဇ် အနေနဲ့ မန်စီးတီးလို ထိပ်တန်း အသင်းကြီး တစ်သင်း ကနေ ထွက်ခွာလိုတဲ့ အကြောင်းရင်း ကတော့ ပွဲထွက် ကစားခွင့် ပိုမိုရရှိချင်တောကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်မှာ အာဂျင်တီးနား ကလပ် ရေးဗားပလိတ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ပွဲတော်တော်များများ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေပြီး အသင်း ပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ 

အဲလ်ဗာရက်ဇ်ကို အက်တလက်တီကိုမက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ကလည်း စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်ဗာရက်ဇ် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်း တစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဒီလို အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အပြင် ပီအက်စ်ဂျီနဲ့ အက်တလက်တီကိုမက်ဒရစ် အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။
မိသားစု ကြောင့်လည်း မန်စီးတီး ကနေ ထွက်ခွာချင်နေတဲ့ အဲလ်ဗာရက်ဇ်

မန်စီးတီး ဘက်ကတော့ သူတိုရဲ့ တိုက်စစ် ကြယ်ပွင့်ကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို အဲလ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်တာမျိုးလည်း အခုချိန်ထိ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကစားသမားရဲ့ စိတ်ဆန္ဒအရ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါ။ အကယ်၍ မဖြစ်မနေ ရောင်းချရဆိုရင်တော့ ပြောင်းရွှေ့ ကြေး ပေါင် သန်း(၆၀) + အပိုဆုကြေး (၁၇)သန်းအထိ တောင်းဆိုလာဖို ရှိနေပါတယ်။

သတင်းတွေအရ ဆိုရင် အဲလ်ဗာရက်ဇ် အပြင် သူ့မိသားစုဝင်တွေ ကလည်း မန်ချက်စတာမြို့ရဲ့ ရာသီဥတု အခြေအနေကို အတော်လေး စိတ်ပျက်နေတာကြောင့် အမြန်ဆုံး ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ ဒီလို အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အပြင် ပီအက်စ်ဂျီနဲ့ အက်တလက်တီကိုမက်ဒရစ် အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ အဲ့ဒီ ၃ သတင်းထဲကမှာ မမ်းဖစ် ဒီပိုင်းနဲ့ အဲလ်ဗားရိုး မိုရာတာ တိုလို တိုက်စစ်မှူးတွေကို လက်လွတ်ထားခဲ့ရတဲ့ အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ အဲလ်ဗာရက်ဇ်ကို စိတ်အဝင်စားဆုံး ဖြစ်နေပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့လည်း ရှိနေပါတယ်။

အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတစ်ဦး ဖြစ်သလို မန်စီးတီးမှာလည်း (၂) ရာသီ အတွင်း ပွဲပေါင်း (၁၀၀) ကျော် ကစားခဲ့ရင်း (၃၆) ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်