နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နိုင်ပွဲ မရယူနိုင်ရင် နည်းပြ ရာထူး အတွက် အန္တရာယ် ရှိကြောင်း ဖွင့်ဟလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က သူ့အနေနဲ့ လျော်ကြေးပေးပြီး ခေါ်ယူခံထားရပေမယ့် နိုင်ပွဲမယူပေးနိုင်ရင်တော့ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိလာနိုင်ကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ လပိုင်းက နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ပြီးနောက် ပေါ်တူဂီ လူငယ် နည်းပြ ရူဘင် အမော်ရင်ကို ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမော်ရင်ကို ခေါ်ယူဖို့ အတွက် စပို့တင်းလစ္စဘွန်းကို လျော်ကြေး ပေါင် ၁၀.၆ သန်း ပေးချေခဲ့ရပြီးတော့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အမော်ရင် လက်ထက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲ သာ အနိုင်ရထား ပြီးတော့ ၁ ပွဲ သရေ၊ ၅ ပွဲ ရှုံးနိမ့်ထားပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲတွေ့ထားပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာက ဘယ်လိုပဲ ဖြစ်ဖြစ် သက်သောင့်သက်သာ နေနေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲတွေ မရဘူး ဆိုရင်တော့ သူတို့က ကျွန်တော့် အတွက် လျော်ကြေးပေးထားရတာပဲ ဖြစ်ဖြစ်၊ မပေးရတာပဲ ဖြစ်ဖြစ် ဒါက မန်နေဂျာတိုင်း အတွက် အန္တရာယ်ရှိတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါက အလုပ်ဖြစ်တာမို့လို့ ကျွန်တော် သဘောကျပါတယ်။ အဲဒါကြောင့် ဒီမေးခွန်း ကိုလည်း နားလည်ပါတယ်။ ကျွန်တော်က ဒီကို ရောက်တာ တစ်လ ရှိနေပြီ။ လေ့ကျင့်မှု အစီအစဉ် ၄ ကြိမ် လုပ်ပြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်မရဘူး ဆိုပြီး ငြင်းခုန်လို့ ရပါတယ်။ ဒါက အမှန်တရားပါပဲ။ အဲဒီလိုပြောတာနဲ့ ပတ်သက်ပြီး ကျွန်တော် အဆင်ပြေပါတယ်။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီကနေ့ ညမှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
လာမယ့် ပွဲစဉ် ၃ ပွဲကို ပွဲကြပ်တွေ အဖြစ် ကစားရမယ့် ယူနိုက်တက်

အမော်ရင်က ၁၀ ပွဲ ကိုင်တွယ်ရာမှာ ၅ ပွဲ ရှုံးနိမ့်ထားပြီး ၁၉၃၂ ခုနှစ် ဇန်နဝါရီမှာ ၁၀ ပွဲ ကိုင်တွယ်ပြီးနောက် ၆ ပွဲ ရှုံးနိမ့်ခဲ့တဲ့ ဝေါလ်တာ ခရစ်မာ နောက်ပိုင်း ရလဒ် အဆိုးဆုံး ယူနိုက်တက် နည်းပြသစ် အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ အမော်ရင် စတင် တာဝန်ယူချိန်က စပြီး ယူနိုက်တက်ထက် ပြိုင်ပွဲစုံ ရှုံးပွဲ ပိုများတဲ့ ပရီးမီးယားလိဂ် အသင်း အဖြစ် ဆောက်သမ်တန် တစ်သင်းတည်းသာ ရှိတော့ပြီး ၆ ပွဲ ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီကနေ့ ညမှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၅ ရက်နေ့ မှာတော့ ဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ မှာတော့ အာဆင်နယ်နဲ့ အက်ဖ်အေ ဖလား တတိယအဆင့် အဝေးကွင်း ပွဲစဉ် စသဖြင့် ပွဲကြပ် ၃ ပွဲ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ တွေ့ဆုံမှုအရ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ၀-၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပြီး အာဆင်နယ် ကိုလည်း အဝေးကွင်းမှာ ၂-၀နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီအခြေအနေက နည်းပြ အမော်ရင် အတွက် ဖိအားတွေ ပိုမို များပြားလာနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ အဓိက ကစားသမား တချို့ ကလည်း ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ရာကြောင့် လာမယ့် နယူးကာဆယ်နဲ့ ပွဲကို ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်