နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို ချန်လှပ်နေမှု အတွက် ဖိအားမရှိဘူး ဆိုတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ နောက်ဆုံး ၄ ပွဲဆက် ချန်လှပ်ခံခဲ့ရပြီးနောက် အသင်း ကနေ ထွက်ခွာရဖို့ ပိုမို သေချာလာခဲ့ပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ဝုဗ်နဲ့ ပွဲ လူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် ရူဘင် အမော်ရင် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ အသင်း ဘုတ်အဖွဲ့တွေရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ ပွဲစဉ်မှာ အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတာကြောင့် မန်ချက်စတာစီးတီး၊ တော့တင်ဟမ်ဟော့စပါး၊ ဘုန်းမောက်တို့ ပွဲအပြီး ၄ ပွဲဆက်လည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ အမော်ရင်ကို ဘယ်လို ဖိအားမျိုးမှ မပေးထားဘဲ စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို အသက် ၇ နှစ် အရွယ် ကတည်းက ရောက်ရှိလာတဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပါတယ်။
အသက် ၇ နှစ် အရွယ် ကတည်းက ယူနိုက်တက်က ရောက်ရှိလာတဲ့ ရက်ရှ်ဖို့ဒ်

ဒါပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်က ရူဘင် အမော်ရင် အနေနဲ့ ရက်ရှ်ဖို့ဒ် ဆက်တိုက် ချန်လှပ်နေပေမယ့်လည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သေချာပေါက် ရောင်းချသွားမှာတော့ မဟုတ်ကြောင်း သိရပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အလောတကြီး ရောင်းချသွားမှာ မဟုတ်ပဲ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ရရှိမှသာ ရောင်းထုတ်မယ်လို့ အသိပေးထားကြောင်း သိရသည်။

ရက်ရှ်ဖို့ဒ်ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူ့အနေနဲ့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ ရက်ရှ်ဖို့ဒ်က “ကျွန်တော့် အတွက် ကတော့ ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ် ခြေလှမ်းတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် ထွက်သွားရမယ် ဆိုတဲ့ အချိန်မျိုးမှာ ခက်ခဲတဲ့ ခံစားချက်တွေတော့ ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်မျိုးတော့ ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို အမြဲတမ်း ချစ်မြတ်နိုးနေမှာပါ။ အကယ်၍ ကျွန်တော် ဒီအသင်း ကနေ ထွက်ခွာရတော့မယ် ဆိုရင် ကျွန်တော် ကိုယ်တိုင် အသိပေး ပြောကြားသွားမှာပါ။ ဒီအကြောင်းအရာတွေက ကျွန်တော့်ဆီ ကနေပဲ ထွက်လာပါလိမ့်မယ်။ ဒါက သေချာပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် မဆန်တော့တာလား ဆိုတာ ကတော့ နားလည်မှု လွဲနေတယ် လို့ပဲ ခံစားရပေမယ့် ကျွန်တော် အဆင်ပြေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို အသက် ၇ နှစ် အရွယ် ကတည်းက ရောက်ရှိလာတဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ၁၀ ရာသီ မြောက်ကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် အတွက် စတင် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်ထိ အသင်း အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၂၆ ပွဲ ကစားကာ ၁၃၈ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်