နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုယ့်တန်ဖိုး ကိုယ်သိပြီး ထိုက်တန်ကြောင်း သက်သေပြမယ် ဆိုတဲ့ အန်တိုနီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံ ကစားသမား အန်တိုနီက သူ့ရဲ့ တန်ဖိုး သူသိပြီး ထိုက်တန်ကြောင်းလည်း ပြသသွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အန်တိုနီက စနေနေ့က ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ရဲ့ ဒီရာသီ အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိပြီးနောက် အခုလိုပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် ဝေဖန်သူတွေကို နှုတ်ပိတ်သွားအောင် လုပ်မယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီက “ကျွန်တော့်ရဲ့ တန်ဖိုးကို ကျွန်တော် သိပါတယ်။ ထိုက်တန်ကြောင်းလည်း ပြသသွားမှာပါ” လို့ ပြောကြားခဲ့တာပါ။

အန်တိုနီဟာ ပြီးခဲ့တဲ့ ရာသီက နယ်သာလန် ကလပ် အေဂျက်စ် ကနေ အိုးထရက်ဖို့ဒ်ကို ပေါင် ၈၆ သန်း (အမေရိကန် ဒေါ်လာ ၁၀၈ သန်း) နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲစုံမှာ ပွဲ ၈၀ ကစားပြီးချိန် ၁၁ ဂိုးသာ သွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ် မှာတော့ ၅၂ ပွဲ ကစားရာမှာ ၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဘရာဇီးသား အနေနဲ့ ဒီရာသီမှာ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိခဲ့ပြီး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ ဘန်လေကို နောက်ကျ ပင်နယ်တီနဲ့ သရေ တစ်မှတ် ခွဲပေးခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် မပြောနဲ့ ယူရိုပါလိဂ်တောင် ဝင်ခွင့်ရဖို့ မသေချာတော့ပဲ ကွန့်ဖရင့်လိဂ်ပဲ ကစားရဖို့ များနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီ အသင်းကို ဘစ်ကျွတ်အောင် ကန်ခဲ့ရပြီး ပင်နယ်တီနဲ့ ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် အန်တိုနီ ကတော့ ဖလားရသွားတဲ့ အတိုင်း အလွန်အကျူး အောင်ပွဲခံခဲ့တာကြောင့် ကိုဗင်ထရီစီးတီး ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေကို ခံနေရသူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဒီကစားသမားက အင်္ဂလန်ကို ရောက်ရှိချိန် ကတည်းက ခြေစွမ်းပိုင်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာကြောင့် မကြာခဏ ဝေဖန်ခံနေရကာ ခက်ခက်ခဲခဲ ဖြတ်သန်းနေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေမပြနိုင်တာကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေ ကိုယ်တိုင်က သဘောမတွေ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ The Athletic က မေးမြန်းခဲ့ရာမှာတော့ အန်တိုနီက အဲ့ဒီလိုမျိုး မခံစားရကြောင်း တုန့်ပြန်သွားခဲ့တာပါ။

အန်တိုနီက “ကျွန်တော့် တန်ဖိုးကို ကျွန်တော် သိတဲ့ အတွက် အဲဒါတွေက ကျွန်တော့်ကို တကယ် ထိခိုက်စေမှာ မဟုတ်ပါဘူး။ ပိုက်ဆံက ပိုက်ဆံ ဖြစ်ပြီး လူတိုင်းက ဒီအကြောင်းကို ပြောနေကြပေမယ့် ဖျော်ဖြေပွဲ အကောင်းဆုံး ပေးနိုင်ရင် ဘယ်သူမှ ပြောနိုင်မှာလည်း မဟုတ်ပါဘူး။ ဒါက ပိုကောင်းအောင်၊ ပိုကြိုးစားဖြစ်အောင် တွန်းပို့တဲ့ နည်းလမ်း တစ်ခုပဲ၊ ကျွန်တော့်ရဲ့ တန်ဖိုးကို ကျွန်တော် သိပြီး အဲဒါကို သက်သေပြပါမယ်။ ဝေဖန်သူတွေ ရှိမှာပါပဲ၊ သူတို့က ကျွန်တော့်ကို ပိုကြိုးစားဖို့ တွန်းအား ဖြစ်စေပြီး ကိုယ့်ကိုကိုယ် အရင်ဆုံး သက်သေပြချင်ပါတယ်။

“ကျွန်တော် အလုပ် ဆက်လုပ်သွားပါမယ်၊ စိတ်ဓာတ်ကောင်း ရှိဖို့နဲ့ အာရုံစူးစိုက်မှု ကောင်းဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အသင်း အတွက် အရာ အားလုံးကို ပေးဆပ်သွားမှာပါ” လို့ အန်တိုနီက ဆိုပါတယ်။

စနေနေ့က သရေပွဲဟာ ယူနိုက်တက်ရဲ့ ထိပ်သီး ၄ သင်း စာရင်းဝင်ဖို့ မျှော်လင့်ချက် တရားဝင် အဆုံးသတ်သွားစေခဲ့ပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ထင်ကြေးမျိုးစုံ ထွက်ပေါ်လာခဲ့ပါတယ်။ အန်ထော်နီက ဒီရာသီမှာ ယူနိုက်တက်ဟာ လုံလောက်တဲ့ ခြေစွမ်းမျိုး မရှိသေးဘူးလို့ လက်ခံထားပေမယ့် လာမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာတော့ မန်စီးတီးကို မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေပါတယ်။

အန်တိုနီက “ကျွန်တော်နဲ့ အသင်း အတွက် အရမ်းခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်၊ ရလဒ်တွေက ကျွန်တော်တို့ မျှော်လင့်ထားသလို မဟုတ်ပါဘူး။ ကျွန်တော်က ဝေဖန်မှုတွေကို ကောင်းကောင်း ခံယူတတ်သူ တစ်ယောက် ဖြစ်ပြီး ကျွန်တော်တို့ အားလုံး တတ်နိုင်သမျှ အကောင်းဆုံး ရာသီ အဖြစ် အပြီးသတ်နိုင်ဖို့ အာရုံစိုက်ရမယ်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။ နောက်ဆုံး မှာတော့ အန်တိုနီက ကျွန်တော်တို့မှာ ၅ ပွဲ ကစားဖို့ ကျန်နေသေးပြီး တစ်ပွဲပြီး တစ်ပွဲ တွေးသွားဖို့ လိုပါတယ်၊ ပိုကောင်းလာဖို့ လိုအပ်ပြီးတော့ ဖိုင်နယ်ကို အကောင်းဆုံး ပုံစံနဲ့ ကစားပြီး အနိုင်ရဖို့ ကြိုးစားသွားရမှာပါလို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်