နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆက်စ်ကိုနဲ့ သဘောတူညီမှု ရရှိသွားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၀ အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ ဥရောပ ထိပ်သီး ကလပ် တော်တော်များများရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့ကစားဖို့ သဘောတူလိုက်တာလည်း ဖြစ်ကြောင်း The Mirror က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

အရပ်အမောင်း မြင့်မားပြီး အသက်အရွယ်ငယ် သေးတဲ့ ဆက်စ်ကိုဟာ ရက်ဘူးလ် ဆဲလ်ဘတ်မှာ ကစားနေချိန် ကတည်းက ထိပ်သီး အသင်းတွေရဲ့ မျက်စိကျခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်ကို ရောက်ရှိချိန်မှာလည်း ယူနိုက်တက် အာဆင်နယ် ချယ်လ်ဆီးနဲ့ အေစီမီလန် တို့ရဲ့ အပြိုင် စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။

လိုက်ပ်ဇစ် ကတော့ သူတို့ အသင်းမှာ တစ်ရာသီသာ ဖြတ်သန်းထားရသေးတဲ့ တိုက်စစ်မှူးကို အလွယ်တကူ လက်လွှတ်သွားလိုခြင်း မရှိပဲ တန်ကြေး တစ်ရပ် ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေမှသာ လက်လွှတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရ ဆိုရင် ဆက်စ်ကိုရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် (၄၅) သန်းရှိနေပြီး အာဆင်နယ် အနေနဲ့ အပိုဆုကြေးတွေပါ ထည့်သွင်း ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ The Mirrorရဲ့ ဖော်ပြချက်အရ ဆက်စ်ကိုရဲ့ အေးဂျင့် ဖြစ်သူက သူ့ကစားသမားဟာ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို ရွေးချယ်ထားတယ်ဆိုပြီး ဖော်ပြ လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ဒီလို အရည်အသွေးမြင့် တိုက်စစ် ကစားသမားကို ခေါ်ယူနိုင်ဖို့ အတွက် မကြာခင်မှာပဲ ဦးစားပေး စတင် လုပ်ဆောင်သွားရဖို့ ရှိနေပါတယ်။ 

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဆက်စ်ကိုကို ခေါ်ယူဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။
တိုက်စစ် ကစားသမား တစ်ဦး အပြင် ကွင်းလယ်လူ တစ်ဦးပါ ခေါ်ဦးမယ့် အာဆင်နယ်

ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့် ရာသီမှာတော့ သူတို့ လွဲချော်ခဲ့တဲ့ ပရီးမီးယားလိဂ် ဖလား အပါအဝင် အခြားသော ဆုဖလား အောင်မြင်မှုတွေ ရဖို့ အားခဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီသစ်မှာ ပိုမို တောင့်တင်းတဲ့ အသင်း တစ်သင်း ဖြစ်လာအောင် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အပါအဝင် အသင်း တာဝန် ရှိသူတွေက အာရုံစိုက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အာဆင်နယ်ဟာ အရည်အသွေးမြင့် ကစားသမားတချို့ကို အသင်းဆီ ခေါ်ဆောင်ဖို့ ရှိပြီး ဆက်စ်ကိုကို ရရှိပြီးရင်တော့ ကွင်းလယ်လူ သောမတ်စ် ပါတေး နေရာ အတွက် နောက်ထပ် ကစားသမား တစ်ဦးကို ထပ်မံ ခေါ် ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အထောင်တိုက်စစ် အတွက် ဦးစားပေး ခေါ်ယူမှု ပြုလုပ်မယ့် အာဆင်နယ်က နယူးကာဆယ် တိုက်စစ်မှူး အိဆက်ခ်၊ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို၊ အေဂျက်စ် တိုက်စစ်မှူး ဘရော်ဘီနဲ့ ဘရန့်ဖိုဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး တို့ကို ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဆက်စ်ကိုကို ခေါ်ယူဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အာဆင်နယ်ဟာ ကွင်းလယ်ပိုင်း အတွက် နယူးကာဆယ်က ဘရူနို ဂီမာရေးစ် ကိုလည်း ဆက်လက် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်