နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာရင်နိုကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး အသင်း ဖြစ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်း ကတော့ ခံစစ်ပိုင်း အတွက် ရီကာဒို ကာလာဖီအိုရီနဲ့ အင်အား ဖြည့်တင်း အပြီးမှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အာဆင်နယ်ဟာ အရည်အသွေးမြင့် ကွင်းလယ် ကစားသမား တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မီခဲလ် မာရင်နိုက အမ်းမရိတ်စ်ကို ရောက်ရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်ပိုင်း အတွက် ရီးရဲလ်ဆိုစီဒက်က မယ်ရီနို၊ ပီအက်စ်ဂျီက ဖေဘီယန် ရုစ်ဇ်၊ ဆိုစီဒက်က ဇူဘီမန်ဒီနဲ့ အီဇီကွီရယ် ဖာနန်ဒက်ဇ်လို လူငယ် ကွင်းလယ် ကြယ်ပွင့်လေး ကိုပါ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေထဲကမှ မာရင်နိုကို ပိုမို ဦးစားပေး ကြိုးပမ်းနေပြီး ဒီကစားသမားက မီခဲလ် အာတေးတား စိတ်ကြိုက် ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းတွေအရ ဆိုရင် မာရင်နိုကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အပြင် ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မီခဲလ် မာရင်နိုကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အာဆင်နယ်

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယူရို ၂၀၂၄ ချန်ပီယံ စပိန် လက်ရွေးစင် ကွင်းလယ်လူဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်ဆိုစီဒက်ကို ရောက်ရှိခဲ့ပြီး ဆိုစီဒက်ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့သူပါ။ ဒါ့အပြင် လာလီဂါ ကလပ်နဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာရင်နိုက ၂ ရာသီ အကြာမှာပဲ စပိန် လက်ရွေးစင် အသင်း အတွက် အရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာတော့ အကောင်းဆုံး တောက်ပပြနိုင်ခဲ့ပါတယ်။ မာရင်နိုဟာ နယူးကာဆယ်မှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမား ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ နည်းပြ မီခဲလ် အာတေးတားက မာရင်နိုကို တော်တော်လေး သဘောကျနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မာရင်နိုဟာ ဆိုစီဒက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေပြီး အခုအချိန်မှာ မရောင်းဘူးဆိုရင် အလွတ်နဲ့ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် မာရင်နိုကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အပြင် ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီ ၃ သင်းထဲမှာမှ ငွေကြေးပိုင်း အဆင်အပြေဆုံး ဖြစ်တဲ့ အာဆင်နယ် ကတော့ မာရင်နိုကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေခဲ့တာပါ။

မာရင်နိုဟာ ဗဟို ကွင်းလယ် အပြင် လိုအပ်ရင် လိုအပ်သလို ကွင်းလယ် ခံစစ် နေရာမှာပါ ကစားနိုင်လို့ အာဆင်နယ် တို့ လိုအပ်နေတဲ့ နေရာ အတွက် ကွက်တိကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိ မာရင်နိုရဲ့ တန်ကြေးဟာ ယူရို သန်း ၅၀ ဝန်းကျင် ရှိနေပေမယ့်လည်း ၁ နှစ်သာ ကျန်ရှိတဲ့ စာချုပ်သက်တမ်းကြောင့် အာဆင်နယ် အနေနဲ့ ယူရို သန်း ၄၀ လောက် အသုံးပြုရင် ခေါ်ယူသွားနိုင်ဖို့တော့ ရှိနေပါတယ်။ နောက်တစ်ချက်က မာရင်နိုကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာက တစ်ဖက်မှာ နီကို ဝီလီယမ်စ်နဲ့ ဒန်နီ အော်လ်မို တို့ကို ကြိုးပမ်းနေတာကြောင့် အာဆင်နယ် အတွက် အခွင့်အရေး ပိုရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်သင်း ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ် ကလည်း အေစီမီလန်ကို ပြောင်းသွားတဲ့ တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာ နေရာ အတွက် အဓိကထား အားဖြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စပိန်သား မာရင်နိုကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ကတော့ အာဆင်နယ်ပဲ ဖြစ်လာဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်