နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘုန်းမောက်ကို ကုန်းကောက်စရာ မရှိအောင် တီးဦးမယ့် ဆင်ပျံကြီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဘုန်းမောက်

ဒီတပတ် တနင်္ဂနွေနေနေ့ ည ၉ နာရီခွဲမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) အဖြစ် အာဆင်နယ်နဲ့ ဘုန်းမောက်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။

မန်ချက်စတာစီးတီးကို အမှတ်ရသလောက် ဖြတ်မယ့် အာဆင်နယ် အတွက်တော့ နောက်ထပ် လွယ်ကူတဲ့ ပရီးမီးယားလိဂ် ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ တန်းမဆင်းရဖို့ ဘုန်းမောက်တို့ ရုန်းကန်နေရပေမယ့် အမ်းမရိတ်စ်မှာ သူတို့ တစ်ခုခု လုပ်ပြနိုင်ဖို့က မလွယ်လှပါဘူး။ ဒီပွဲနဲ့ ပတ်သက်ပြီး ပွဲကြို အချက်အလက်၊ စျေးကွက် အနေအထားတွေကို ခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။

အာဆင်နယ် ကတော့ ဒဏ်ရာ ပြသနာ ကင်းစင်နေပြီ ဖြစ်ပြီး မန်စီးတီး ကိုလည်း ၅ မှတ် ဖြတ်ထားလို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာလည်း အကောင်းဆုံး ဖြစ်နေပါတယ်။ ဒီတော့ ဘုန်းမောက်လို အသင်းနဲ့ အတွေ့မှ အနိုင် ၃ မှတ် ရဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဘုန်းမောက်က ဘယ်လိုပဲ ကစားကစား အာဆင်နယ်ကို အသာရဖို့က မလွယ်လှပါဘူး။ အဓိက ကစားသမားတွေ အားလုံးကို သူတို့ အသုံးပြုလာမှာ ဖြစ်ပေမယ့် ဆင်ပျံကြီး တို့ရဲ့ အမ်းမရိတ်စ်မှာ အားလုံး မင်သက်သွားအောင် လုပ်ပြနိုင်ဖို့ ဆိုတာ ကတော့ မလွယ်ရေးချ မလွယ်ပါပဲ။


ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် ရင်ဆိုင်ထားမှုမှာ အာဆင်နယ်တို့ ၄ ပွဲ အထိ နိုင်ကာ ၁ ပွဲ သရေကျပြီး ဘုန်းမောက် နိုင်ပွဲ မရှိပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက်

အာဆင်နယ် – ရမ်းစ်ဒေးစ်၊ ၀ှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တီယာနေး၊ ချာကာ၊ ပါတေး၊ ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ထရော့ဆက်ဒ်
ဘုန်းမောက်ယူနိုက်တပ် – နက်တို၊ စမစ်၊ မီဖမ်၊ ဆန်နက်စီ၊ စတီဖင်စ်၊ ဇီမူရာ၊ အူတာရာ၊ ဘီလင်း၊ လာမာ၊ ထရာအိုယေး၊ ဆိုလန်ကီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် ရင်ဆိုင်ထားမှုမှာ အာဆင်နယ်တို့ ၄ ပွဲ အထိ နိုင်ကာ ၁ ပွဲ သရေကျပြီး ဘုန်းမောက် နိုင်ပွဲ မရှိပါဘူး။ အဲဒီ ၅ ပွဲမှာ အာဆင်နယ် ပွဲတိုင်း ဂိုးရခဲ့ပြီး ဂိုးပေါ် ၃ ပွဲ ကစားခဲ့ပါတယ်။ အာဆင်နယ်က လိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ပွဲ ရှုံးခဲ့ပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ကာ ဂိုးပေါ် ၃ ပွဲ ကစားခဲ့ပါတယ်။ ဘုန်းမောက် ကတော့ လိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ပြီး ၂ ပွဲ ရှုံး၊ ၂ ပွဲ သရေကျခဲ့ပြီး ဂိုးအောက် ၄ ပွဲ ကစားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၂၅ ဆ၊ ဘုန်းမောက် နိုင်ရင် ၉ ဆ အထိရမှာပါ။ Handicap မှာ အာဆင်နယ်က ၂လုံးကျော အထိ စျေးတက်လာတဲ့ အထိ မြင့်မားနေပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းရင်တောင်မှ ထက်ဝက်လောက် ဆုံးရှုံးဦးမှာပါ။ အဲဗာတန်ကို ၄ ဂိုးပြတ်နဲ့ အာဆင်နယ်တို့ နိုင်ခဲ့တဲ့ အရှိန်ကြောင့် ထင်ပါတယ်။ အာဆင်နယ် အနိုင်ရမှာ သေချာပြီး ဂိုးပြတ်/ မပြတ်ပဲ စောင့်ကြည့်ရမှာပါ။ အာဆင်နယ်ရဲ့ ဖိဖိစီးစီး ကစားပုံ၊ ဂိုးရသလောက် သွင်းနေတဲ့ အနေအထားတွေကြောင့် အာဆင်နယ် ကိုပဲ ယုံကြည်ရမှာပါ။

ခန့်မှန်းရလဒ်

အာဆင်နယ် ၃-၀ ဘုန်းမောက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်