နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်က ချန်ပီယံပြေးလမ်းပေါ် ပြန်ရောက်လာပြီလို့ ဆိုလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန် မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၁-၅ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ပြေးလမ်းထဲကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၃ မှတ်၊ အဆင့် ၂ နေရာက ချဲလ်ဆီး နဲ့တော့ ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က လစ်ဗာပူးလ်ထက် ၂ ပွဲ ပိုကစားထားပြီး ချဲလ်ဆီး ထက်တော့ တစ်ပွဲ ပိုကစားထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ဒီကနေ့ည မှာတော့ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပြီး လစ်ဗာပူးလ် ကလည်း စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် ပွဲကြပ်တယ်လို့ မဆိုနိုင်ပေမယ့် လစ်ဗာပူးလ် အတွက်တော့ ကျိန်းသေပေါက် ခက်ခဲမယ့် ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၃ မှတ်၊ အဆင့် ၂ နေရာက ချဲလ်ဆီး နဲ့တော့ ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၃ မှတ် ရရှိထားတဲ့ အာဆင်နယ်

ဒီအခြေအနေမှာ အာဆင်နယ်က အမှတ်ပေး ချန်ပီယံဆု အတွက် မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့ပြီး နည်းပြ မီခဲလ် အာတေးတား ကလည်း အာဆင်နယ်ဟာ ချန်ပီယံ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အာတေးတားက “ကျွန်တော်တို့ ချန်ပီယံဆုကို သေချာပေါက် လိုချင်ပါတယ်။ ဒါပေမယ့် လိုချင်စိတ်ကို ၁၀ လကြာ ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ နိုင်လိုစိတ် ပြင်းပြမှုဟာ မယုံနိုင်လောက်အောင်ပါပဲ။ ၁၂ ပတ် ကနေ ၁၃ ပတ် အတွင်း ၃ ရက်ကို တစ်ပွဲနှုန်းလောက် ကစားနေရပါတယ်။ အဲဒီက ရူးချင်စရာပါ။ ကျွန်တော်တို့ အကောင်းဆုံး ဖြစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကံမကောင်းစွာပဲ၊ ဒီနေ့မှာ ကစားသမား တချို့ ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ အသင်းတိုင်း အတွက် ဖြစ်နေတယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ လမ်းတစ်ဝက်တောင် မရောက်သေးပါဘူး။ ကျွန်တော်တို့ သေချာပေါက် ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ညက ပွဲမှာ အာဆင်နယ်က ပွဲအစပိုင်း အထနှေးခဲ့ပေမယ့် ဂါဘရီရယ် ဂျေဇုစ် (၂ ဂိုး)၊ ကိုင် ဟာဗက်ဇ်၊ မာတင်နယ်လီ၊ ဒီကလန် ရိုက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပဲလေ့စ်ကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျေဇုစ်ရဲ့ ဒုတိယမြောက် သွင်းဂိုး ကတော့ အာဆင်နယ်ကို နီကိုးလပ်စ် ယိုဗာ ရောက်ရှိလာပြီးနောက် ဂိုး ၅၀ မြောက် Set-Pieces သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ၂၀၂၄ နှစ် အတွင်း ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ မတူညီတဲ့ အဆင့်မြင့်တန်း ပြိုင်ပွဲတွေရဲ့ အဝေးကွင်း ပွဲစဉ် ၆ ပွဲမှာ ၅ ဂိုးနဲ့ ၅ ဂိုးအထက် သွင်းယူနိုင်တဲ့ ပထမဦးဆုံး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီနိုင်ပွဲဟာ အာဆင်နယ် အတွက် ပြီးပြည့်စုံခဲ့ပေမယ့် အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာ ဒဏ်ရာရရှိသွားခဲ့တာ ကတော့ နည်းပြ အာတေးတား အတွက် ခေါင်းကိုက်စရာ ဖြစ်ပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဆာကာ ထွက်ခွာသွားရချိန်မှာလည်း ဂိုးတွေ ဆက်တိုက် ရရှိခဲ့တာက အာဆင်နယ် အတွက် အပေါင်း လက္ခာဆောင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်