နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုနာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်တဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ အသင်း ကတော့ အဲဗာတန်ရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အမာဒူ အိုနာနာကို ပြောင်းရွေ့ကြေး ပေါင် သန်း(၅၀) + sell on clause တို့နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းကို နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြလာခဲ့တာ ဖြစ်ပြီး   ဗီလာက အိုနာနာကို ၂၀၂၉ ခုနှစ် အထိ ၅ နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ မကြာခင် အချိန် အတွင်းမှာတော့ ဗီလာနဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာဟာ ဒီနွေရာသီမှာ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဂျုဗင်တပ်စ် အသင်းထံ ရောင်းချထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူးဝစ်ဇ် နေရာမှာ အစားထိုးဖို့ အတွက် အဲဗာတန် ကွင်းလယ်လူ အမာဒူ အိုနာနာ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ အိုနာနာဟာ ၂၀၂၂ ခုနှစ်ကမှ လိုင်လီ ကနေ အဲဗာတန် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုနာနာက ပရီးမီးယားလိဂ်မှာ စတင် ခြေချခဲ့ချိန်မှာပဲ ကလပ် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံလာရတဲ့အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို ၂၀၂၄ ပြိုင်ပွဲတွေကို ဝင်ရောက် ဆင်နွဲခွင့် ရရှိခဲ့တဲ့ အိုနာနာဟာ အဲဗာတန်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်ခဲ့ပြီး လာလီဂါ ထိပ်သီး ဘာစီလိုနာက အပြင် ယူနိုက်တက် ချဲလ်ဆီးနဲ့ အာဆင်နယ် တို့လို ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ကိုပါ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုနာနာက သူ့ကို စိတ်ဝင်စားနေတဲ့ အသင်း တွေထဲကမှ ဗီလာ အသင်းကို ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အိုနာနာက ဗီလာရဲ့ အနာဂတ် ပရောဂျက်တွေကို သဘောကျနေခဲ့တဲ့ အပြင် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ဆင်နွှဲရဖို့ ရှိတာကြောင့် အူနိုင်း အမ်မရီရဲ့ အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် နှစ်ခု ဖြစ်တဲ့ ဗီလာနဲ့ အဲဗာတန် အသင်း အကြား မှာတော့ အိုနာနာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဗီလာဟာ အိုနာနာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)+Sell on Clause နဲ့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာရေး ပြသာနာတွေ ရှိနေတဲ့ အဲဗာတန် အနေနဲ့ အိုနာနာ အပြင် ဘရန့်ဝိတ်သ်လို ကစားသမားကောင်းတွေကို ဒီနွေရာသီမှာပဲ ရောင်းထုတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်က အိုနာနာ ကို ရောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက် ပစ်မှတ် ဘရန့်ဝိတ်သ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားဖို့ ရှိနေတာကြောင့် အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗီလာက လီဝစ် ဒေါ့ဘင်၊ အီရန် မတ်ဆန်၊ ဆမ်မြူရယ် အီလင်း ဂျူနီယာ၊ အန်ဇို ဘာရန်နက်ရှာ၊ ရော့စ် ဘာကလီ၊ ကင်မရွန်း အာချာ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်